Thursday, June 18, 2015

♪ Facebook အသုံးပြုသူများအတွက် Tips ( ၇ ) ခု ♫

1
Facebook က သူ့ရဲ့ အသုံးပြုသူများကို ပျင်းရိခြင်း မရှိရလေအောင် စွမ်းဆောင်ချက် များစွာကို ထည့် သွင်းပေးထားပါတယ်။ အဲဒီစွမ်းဆောင်ချက်များစွာ ထဲမှာကိုပဲ တစ်ချို့ကို ထင်သာမြင်သာရှိအောင် ပြု လုပ်ပေးထားပြီး တစ်ချို့ကို ကွယ်ဝှက်ပြီး ထည့်သွင်းပေးထားပါတယ်။ အဲဒီအချက်ကပဲ Facebook ကို လူတွေ နေ့စဉ် စွဲစွဲလမ်းလမ်း အသုံးပြုနေစေတဲ့ အချက်တစ်ချက် ဖြစ်စေပါတယ်။ အဲဒီ စွမ်းဆောင်ချက်တွေထဲက လူသိပ်မသိဘဲ အသုံးဝင်တဲ့ စွမ်းဆောင်ချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

စွမ်းဆောင်ချက်တွေထဲကFacebook Inbox
Facebook ကို အသုံးပြုလာတာ ကြာလာတာနဲ့အမျှ “ Other “ messages folder မှာ မဖတ်ရသေးတဲ့ unread messages တွေများပြားလာမှာပါ။ “Other” messages folder ဆိုတာကတော့ သင်ရဲ့ သူငယ်ချင်းတွေမဟုတ်တဲ့ အခြား လူတွေက ပေးပို့ထားတဲ့ messages တွေ ဖြစ်ပါတယ်။ အဲဒီ messages တွေကို ကြည့်ဖို့အတွက် ဘယ်ဘက်ကော်လံမှ messages link ကို နှိပ်ပြီး နောက် စာမျက်နှာပေါ်လာရင် Inbox ရဲ့ ညာဘက်ဘေးမှ Other ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ အဲဒီ “ Other “ messages folder ထဲကို စာဝင်လာရင် Facebook က သင့်ထံ Notification ပေးပို့ခြင်းမရှိတဲ့အတွက် သင်မသိနိုင်တာ ဖြစ်ပါတယ်။

1

သင့်အကောင့်ထဲ ခိုးဝင်သူများကို စစ်ဆေးပါ။
သင်မသိဘဲ သင့်အကောင့်ထဲ ခိုးဝင်သူများကို စစ်ဆေးချင်ရင် settings ထဲသွားပါ။ Security ကဏ္ဍအောက်မှ “ Where You’re Logged In.” ထဲသွားပါ။ အဲဒီမှာ သင့်အကောင့်ထဲ ၀င်ရောက်ထားတဲ့ ဒတ်စတော့နဲ့ မိုဘိုင်း ကိရိယာအားလုံးကို ပြသပေးထားပါတယ်။ ကိရိယာအမျိုးအစား၊ တည်နေရာ၊ ဘရောက်စာ စတဲ့ သတင်းအချက်အလက်တွေကို ပံ့ပိုးပေးထားပါတယ်။ သင်ပိုင်ဆိုင်ခြင်း မရှိတဲ့ ဒါမှမဟုတ် သံသယဖြစ်ဖွယ်ရှိတဲ့ ကိရိယာများကနေ သင့်အကောင့်ကို log out လုပ်ဖို့အတွက် ‘ end activity ‘ ကို နှိပ်ပါ။ ထိပ်ဆုံးမှ ‘ end all activity ‘ ကို နှိပ်ပြီး ကိရိယာအားလုံးကနေ သင့်အကောင့်ကို log out လုပ်နိုင်ပါတယ်။

2

သင်နဲ့ သင့်ချစ်သူရဲ့ အသေးစိတ်အချက်အလက်များကို ကြည့်ပါ။
သင်နဲ့ သင့်ချစ်သူရဲ့ Facebook History အသေးစိတ်ကို ကြည့်ချင်ရင် www.facebook.com/us ကိုသွား ပါ။ အဲဒီ စာမျက်နှာမှာ သင်နဲ့ သင့်ချစ်သူ အတူတကွ မျှဝေထားတဲ့ ပို့စ်အားလုံးကို တွေ့ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ relationship မှာ သင့်ချစ်သူကို ထည့်ထားခြင်းမရှိရင်တော့ Facebook က သင်နဲ့ ပတ်သက်တဲ့ စာမျက်နှာကိုသာ ပြသပေးမှာပါ။

3

ဖိုင်များကို စွမ်းဆောင်ချက်တွေထဲကFB Chat မှ ပေးပို့ ရယူပါ။
FB Chat ၀င်းဒိုးကိုဖွင့်လိုက်ပါ။ ၀င်းဒိုးရဲ့ ညာဘက်အပေါ်ထောင့်မှ gear icon ကိုနှိပ်ပြီး “ Add Files…” ကို နှိပ်ပါ။ ဒါဆိုရင် သင့်သူငယ်ချင်းထံ ဖိုင်များ ပေးပို့နိုင်ပါပြီ။ လက်ခံရရှိသူက လင့်ကို နှိပ်ပြီး ဒေါင်းလုပ် ရယူနိုင်ပါတယ်။

4
 
Public စွမ်းဆောင်ချက်တွေထဲက များကို Embed လုပ်ပါ။
Public အနေနဲ့ မျှဝေထားတဲ့ ပို့စ်တွေကို သင့်ရဲ့ ၀က်ဆိုက် ၊ ဘလော့မှာ ထည့်သွင်းနိုင်ပါတယ်။ ပို့စ်ရဲ့ ညာဘက်ထိပ်မှ မျှားကို နှိပ်ပြီး Embed Post ကို ရွေးပေးပါ။ ရရှိလာတဲ့ ကုဒ်တွေကို သင့် ၀က်ဆိုက်ရဲ့ post editor မှာ ထည့်သွင်းနိုင်ပါတယ်။

5

စွမ်းဆောင်ချက်တွေထဲကSecret Emoji များကို အသုံးပြုပါ။
Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာ Emoji များစွာကို အသုံးပြုခွင့်ပေးထားပါတယ်။ Emoji များကို ပို့စ်၊ ချက်နဲ့ ကွန်းမန့်များမှာ ထည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ Emoji များကိုတော့ မိုဘိုင်းဖုန်းကနေ ကြည့်ရှုလို့ မရတတ်ပါဘူး။ FB Emoji များစွာကို အောက်ပါ လင့်မှာ ရှာဖွေနိုင်ပါတယ်။
 
http://goo.gl/U7LfR2

6

သင့်ရဲ့ News Feed ကို ရှင်းလင်းပါ။
သင့်ရဲ့ News Feed မှာ ခင်မင်ရင်းနှီးခြင်း မရှိတဲ့ သူငယ်ချင်းတွေနဲ့ နှစ်သက်ခြင်းမရှိတဲ့ Pages များမှ ပို့စ်များကို မကြာခဏမြင်တွေ့ရရင်တော့ News Feed ကို ရှင်းလင်းသင့်ပါတယ်။ ဘယ်ဘက်ကော်လံမှ News Feed ပေါ်မှာ mouse cursor တင်ပါ။ Gear icon ပေါ်လာရင်နှိပ်ပါ။ “ Edit Preferences” ကို နှိပ်ပါ။ ၀င်းဒိုးတစ်ခုပေါ်လာပြီး Summary ကဏ္ဍမှာ သင် အများဆုံးတွေ့မြင်လေ့ရှိတဲ့ ပို့စ်တွေကို တင်တဲ့ သူငယ်ချင်းနဲ့ Pages များကို ပြသပေးမှာပါ။ မမြင်ချင်တဲ့ လူတွေ ၊ Pages တွေကို Unfollow လုပ်ဖို့ စွမ်းဆောင်ချက်တွေထဲက ခလုတ်ကို တစ်ချက်နှိပ်ပါ။ အဲဒီနည်းအတိုင်းပဲ People, Pages, Groups သီးခြား ကဏ္ဍတွေမှာလည်း ပြုလုပ်နိုင်ပါတယ်။

No comments:

Post a Comment