Tuesday, June 23, 2015

♪ MPT နိုင်ငံခြားခေါ်ဆိုမှုကို နိုင်ငံအလိုက် ၂၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ကောက်ခံမည် ♫

နိုင်ငံအလိုက် မိုဘိုင်းဖုန်းခေါ်ဆိုမှုကို တစ်မိနစ်လျှင် ၂၀၀ ကျပ်မှ တစ်မိနစ်လျှင် ၈၀၀ ကျပ်အထိ ဈေးနှုန်း ၅ မျိုး သတ်မှတ်၍ ကောက်ခံသွားမည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း MPT က ကြေညာလိုက်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဈေးနှုန်းသစ်ကို ဇွန်လ ၂၂ ရက်မှစတင်၍ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် အခြားသော နိုင်ငံ ၈ နိုင်ငံကို တစ်မိနစ် ၂၀၀ ကျပ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ် သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မကာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ယိုးဒယားနှင့် ဗီယက်နမ် စသည့် နိုင်ငံများကို ဈေးနှုန်း ၂၀၀ ကျပ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး အခြားသောနိုင်ငံများကို ဈေးနှုန်း ၅ မျိုးဖြင့် ၈၀၀ ကျပ်အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။

ပြည်ပနိုင်ငံများရှိ ဆက်သွယ်ရေး အော်ပရေတာများအပေါ် အခြေခံ၍ ဈေးနှုန်းသတ်မှတ်ထားခြင်းမဟုတ် ဘဲ နိုင်ငံအပေါ် မူတည်၍သာ ဈေးနှုန်း သတ်မှတ် ထားခြင်းဖြစ်ကြောင်း GSM,WCDMA နှင့် CDMA မိုဘိုင်း ဖုန်းအသုံးပြုသူများအနေဖြင့် ယနေ့မှစတင်၍ ဈေးနှုန်းအသစ်ဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ မိုဘိုင်းဖုန်း ခေါ် ဆိုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာသည်။

Internet Journal

No comments:

Post a Comment