Tuesday, June 16, 2015

♪ Facebook Messenger တွင် သင်၏ တည်နေရာကို မျှဝေနိုင်ပြီ ♫

၂
Facebook Messenger တွင် Location ကို Enable ပြုလုပ်ထားလျှင် တစ်ဖက်လူက သင်၏ Message ကို တစ်ချက်နှိပ်ရုံဖြင့် သင်၏ တည်နေရာနှင့် စာပေးပို့သည့် အချိန်တို့ကို တွေ့မြင်နိုင်ပါသည်။

ယခုအခါ Facebook က သင်၏ တည်နေရာကို မြေပုံနှင့် တကွ မျှဝေနိုင်သော စွမ်းဆောင်ချက်အသစ်ကို ထည့်သွင်းပေးလိုက်ပါသည်။ သင်၏ လက်ရှိတည်နေရာသာမက အစည်းအဝေးပြုလုပ်မည့် နေရာများ၊ စားသောက်ဆိုင်များ ကဲ့သို့ တွေ့ဆုံချင်သည့် တည်နေရာများကိုလည်း ပေးပို့နိုင်ပါသည်။

“ More “ အိုင်ကွန်ကို နှိပ်လျှင် Messenger နှင့် ချိတ်ဆက်ထားသော Apps များနှင့်အတူ “ “ ကို တွေ့မြင်နိုင်ပါသည်။ “ Location “ ကိုတစ်ချက်နှိပ်လျှင်သင်၏ တည်နေရာကို ပြသထားသော မြေပုံပေါ် လာမည် ဖြစ်ပြီး ပေးပို့နိုင်ပါသည်။ Hangouts တွင် အဆိုပါ စွမ်းဆောင်ချက် ပါရှိပြီး ဖြစ်ပါသည်။

Myanmar Digital Life Journal

No comments:

Post a Comment