Tuesday, June 30, 2015

♪ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို အရောင်းမြှင့်တင်ဖို့ book ကို အသုံးပြုနည်း လေးခု ♫


1
သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို book မှာ လူသိများစေချင်သလား ? သင့်ရဲ့ လုပ်ငန်းကို ဈေးကွက် ချဲ့ထွင်ဖို့ book ရဲ့ စွမ်းဆောင်ချက်အားလုံးကိုရော အသုံးပြုရဲ့လား ? ဖေါက်သည်တွေ ရဖို့နဲ့ လူများစွာ သိဖို့အတွက်သင့်ရဲ့ Profile, Groups , Pages များကို လိုက်လျောညီထွေစွာ အသုံးပြုမှသာ book Marketing ဟာ အကောင်းဆုံး ဖြစ်လာမှာပါ။

ဒီ် Tutorial မှာတော့ သင့်ရဲ့ လုပ်ငန်းကို အရောင်းမြှင့်တင်ဖို့အတွက် book ကို အသုံးပြုနည်းများ ကို ရေးပေးလိုက်ပါတယ်။

၁။ သင့် Profile ရဲ့ About ကဏ္ဍကို အသုံးပြုပါ။
သင်ဟာ သင့်ရဲ့ ဖေါက်သည်တွေနဲ့ book Profile ကနေ ဆက်သွယ်နေကျဆိုရင် သင့်ရဲ့ Page ကို သူတို့ လွယ်ကူစွာ ရှာတွေ့နိုင်အောင် ပြုလုပ်ထားရမှာပါ။ ဒီလိုလုပ်ဖို့ သင့် Timeline ရဲ့ About ကဏ္ဍကိုသွားပါ။ Works ကဏ္ဍမှာ သင့်ရဲ့ Page ကို ထည့်သွင်းပါ။

1

Works ကဏ္ဍမှ ခဲတံအိုင်ကွန်ကို နှိပ်ပြီး Company မှာ Page အမည်ကို ရိုက်ပါ။ Menu တစ်ခုပေါ်လာရင် သင့်ရဲ့ Page ကိုရွေးပေးပါ။ Position ကဏ္ဍမှာလည်း သင့်ရဲ့ ရာထူးကို ထည့်နိုင်ပါတယ်။

2
 
၂။ Follow Button ကို Enable လုပ်ပါ။
သင့်ရဲ့ Timeline မှာ Follow Button ကို ထည့်သွင်းထားရင် သင့်ရဲ့ Public Updates အားလုံးကို Follower များက တွေ့နိုင်မှာပါ။ သင့်ကို လူတစ်ယောက်က Follow လုပ်ချင်ရင် သင့်ရဲ့ Profile ကိုသွားပြီး Follow Button ကို နှိပ်ရမှာပါ။ တစ်စုံတစ်ယောက်က သင့်ကို Friend Request လုပ်တဲ့အခါမှာ သင်က သူတို့ရဲ့ Request ကို လက်ခံခြင်းမရှိရင် သူတို့က အလိုအလျှောက် သင့်ရဲ့ Follower ဖြစ်လာပါတယ်။

book မှာ သူငယ်ချင်း ၅၀၀၀ သာထားခွင့်ရှိတဲ့ ကန့်သတ်ချက်ရှိပေမယ့် Follower တွေကိုတော့ အကန့်အသတ်မရှိလက်ခံနိုင်ပါတယ်။ အဲဒီအတွက် Follow Button ကို Enable လုပ်ထားရင် သင်ဟာ ဖေါက်သည်များ ပိုမိုရရှိလာနိုင်ပါတယ်။

3

Follow Button ကို Enable လုပ်ဖို့ Settings ထဲသွားပြီး ဘယ်ဘက်ခြမ်းမှ Followers ကိုနှိပ်ပါ။ “ Who can follow me “ မှာ Everybody ကိုရွေးပေးပါ။ ( Default အားဖြင့် Friends ကို သတ်မှတ်ထားပါတယ်။ )

4

Note: သင့်ရဲ့ Public Status အားလုံးကို Follower အားလုံးက မြင်တွေ့နိုင်တဲ့အတွက် Status တင်ရာမှာ Privacy Settings ကို နှစ်သက်သလိုပြောင်းလဲပါ။ Follower တွေကို မမြင်တွေ့စေချင်တဲ့ Status တင်ရင် Friends တွေသာ မြင်တွေ့အောင် ပြောင်းလဲသင့်တယ်လို့ ပြောတာပါ။

5
 
၃။ သင့်ရဲ့ Profile ဖြင့် Page မှ ပို့စ်များကို Share လုပ်ပါ။
Page များထက် Profile ကနေ Share လုပ်တာဟာ News Feed မှာ လူပိုမြင်ကြပါတယ်။ အဲဒီအတွက် သင့် Page မှ ပို့စ်များကို Profile ကနေ Share လုပ်သင့်ပါတယ်။ ဒီလို မျှဝေရင် Page Name ဟာလည်း ပို့စ်မှာ ပါရှိလာတဲ့အတွက် Page ထံ လူဝင်ရောက်လာကြမှာပါ။ သင့်ရဲ့ သူငယ်ချင်းများနဲ့ Follower များကိုလည်း သင့်ရဲ့ Page ကို မိတ်ဆက်လိုက်တဲ့ သဘောပါပဲ။

6
 
၎။ Groups များကို ဖန်တီးပါ။
လူတွေက Page တစ်ခုကို Like ပြုလုပ်ထားရင် Page မှာ ပို့စ်တစ်ခုတင်တိုင်း Notification တစ်ခု ရရှိမှာ မဟုတ်ပါဘူး။ Notification ယူထားမှသာ ရရှိကြမှာပါ။ book Groups တွေမှာတော့ ဒါဟာ ပြဿနာမဟုတ်ပါဘူး။ လူတစ်ယောက်က Group တစ်ခုကို Join လုပ်ရင် Default အားဖြင့် Notification တွေကို Highlights အနေနဲ့ ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ စီးပွားရေးလုပ်ငန်း Group မှာ သင် ဒါမှမဟုတ် အဖွဲ့ဝင်တစ်ဦးက ပို့စ်တစ်ခုတင်တိုင်း အဖွဲ့ဝင်များက Notification ရရှိကြမှာဖြစ်ပါတယ်။

book ရဲ့ Algorithm ဟာ Group တွေအတွက် ပိုမိုထင်သာမြင်သာ ရှိစေတဲ့အတွက် စီးပွားရေးလုပ်ငန်းများစွာဟာ Group တွေထောင်ပြီး ဈေးကွက်ချဲ့ထွင်နေကြပါတယ်။

7

Group တစ်ခုထောင်ပြီး သင့်ရဲ့ ၀န်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို ကြော်ညာနိုင်ပါတယ်။ ဒါပေမယ့် Group တွေဟာ Discussion တွေအတွက် အဓိက ရည်ရွယ်ပြုလုပ်ပေးထားတာဖြစ်လို့ အဖွဲ့ဝင်တွေကို သင့်ရဲ့ ၀န်ဆောင်မှု၊ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး အမေး၊ အဖြေတွေပြုလုပ်ဖို့၊ အကြံပြုဆွေးနွေးဖို့ အားပေးသင့်ပါတယ်။ အဖွဲ့ဝင်တွေ ပါဝင်လှုပ်ရှားလာတာနဲ့အမျှ သင့်ရဲ့ Brand နဲ့ ပတ်သက်တဲ့ Fans တွေဟာလည်း ကြီးထွားလာမှာပါ။
Group နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ မှတ်သားစရာတစ်ခုက book Groups တွေကို သင့်ရဲ့ Profile နဲ့သာ Create လုပ်နိုင် Join နိုင်ပါတယ်။ သင့်ရဲ့ Page ကို အသုံးပြုလို့မရပါဘူး။

Group တွေမှာ Secret, Closed , Open သုံးမျိုးရှိပါတယ်။ Secret သတ်မှတ်ထားရင် အဖွဲ့ရဲ့ ပြင်ပမှ လူတွေက အဖွဲ့ဝင်များနဲ့ ပို့စ်များကို တွေ့မြင်ရမှာမဟုတ်ပါဘူး။ Closed သတ်မှတ်ထားရင်တော့ အဖွဲ့ရဲ့ ပြင်ပမှ လူတွေက အဖွဲ့ဝင်တွေကို တွေ့မြင်နိုင်ပေမယ့် ပို့စ်တွေကို မတွေ့နိုင်ပါဘူး။ Open Group တွေကတော့ အဖွဲ့ဝင်တွေရော၊ ပို့စ်အားလုံးကိုရော လူတိုင်းကို ပြသထားပါတယ်။

8

Pro Tip: သင့်ရဲ့ စီးပွားရေး အတွက် Group တစ်ခု ထောင်ထားရင် Group ရဲ့ ရည်ရွယ်ချက်ကို Description Area မှာ ရေးသားထားသင့်ပါတယ်။ ဒါမှမဟုတ် ပို့စ်တစ်ခု ပြုလုပ်ပြီး Group Feed ရဲ့ ထိပ်ဆုံးမှာ Pin လုပ်ထားပါ။ အဲဒီအတွက် Group နဲ့ မသက်ဆိုင်တဲ့ ပို့စ်များနဲ့ Spam များကို လျှော့နည်းစေမှာ ဖြစ်ပါတယ်။

Facebook Page ကို စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုသင့်သလား ?
အထက်ဖော်ပြပါ နည်းလမ်းများအပြင် Page တစ်ခုကို ထူထောင်သင့်သလားဆိုတာ မေးစရာရှိပါတယ်။ အဖြေကတော့ ထူထောင်သင့်ပါတယ်။ Page တစ်ခု ရှိရင် Facebook ရဲ့ ကြော်ညာ ၀န်ဆောင်မှုကို အသုံးပြုပြီး သင့်ရဲ့ Page , Apps များအပြင် သင့်ရဲ့ ထုတ်ကုန်၊ ၀န်ဆောင်မှုနဲ့ ပတ်သက်တဲ့ ပို့စ်များကို ကြော်ညာနိုင်ပါတယ်။ ဒါ့အပြင် ဆုလက်ဆောင်ချီးမြှင့်တဲ့ ပြိုင်ပွဲများ၊ ကံစမ်းမဲဖောက်ပေးတဲ့ အစီအစဉ်များကိုလည်း ပြုလုပ်နိုင်ပါတယ်။

Myanmar Digital Life Journal

No comments:

Post a Comment