Monday, June 22, 2015

နိုင်ငံတကာဖုန်းခေါ်ဆိုခများ MPT ထပ်မံလျှော့ချ



MPT ဖုန်းအသုံးပြုသူများအတွက် နိုင်ငံတကာဖုန်းခေါ်ဆိုခများလျှော့ချလိုက်ပြီး အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံသို့ ဇွန်လ ၂၂ ရက်မှစ၍ တစ်မိနစ်လျှင်နှစ်ရာကျပ်ဖြင့် ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်လိုက်သည်။


မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ တစ်မိနစ်လျှင် နှစ်ရာကျပ် ဖြင့် ခေါ်ဆိုနိုင်ရန် လျှော့ချပေး လိုက်သည့် နိုင်ငံများမှာ အာဆီယံဆယ်နိုင်ငံနှင့် ဂျပန်၊ တရုတ်(တိုင်ပေ)၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ယခင်က နိုင်ငံအများစုသို့ ဖုန်းခေါ်ဆိုခနှုန်းထားများကို တစ်မိနစ်လျှင် ၉၀၀ ကျပ်နှုန်းဖြင့် ကောက်ခံနေရာမှာ လျှော့ချကောက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။


အခြားသော နိုင်ငံများအတွက် ဖုန်းခေါ်ဆိုခများမှာ အမေရိကန်နှင့်ကနေဒါနိုင်ငံများသို့ တစ်မိနစ်လျှင် ၂၅၀ ကျပ်၊ အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများသို့ တစ်မိနစ်လျှင် ၄၀၀ ကျပ်၊ဥရောပ နိုင်ငံများသို့ တစ်မိနစ်လျှင် ၆၀၀ ကျပ်နှင့် အခြားဒေသတွင်း နိုင်ငံများသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၈၀၀ ကျပ်နှုန်းကျသင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


ယခု သတ်မှတ်လိုက်သောနှုန်းထားသစ်အတွက် မြန်မာ့ဆက်သွယ်ရေး၏ GSM, WCDMA နှင့် CDMA ဖုန်းအသုံးပြုသူအားလုံး အသုံးပြုနိုင်မည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းပြုလုပ်ရန် မလိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။


Credit : 7Day Daily 
 

No comments:

Post a Comment