အပြောင်းအလဲအစီအစဉ် သစ်တစ်ခုလုပ်သွားဖို့အတွက်
ဆွေးနွေးနေပါတယ်’’ဟု
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီးပွားရေးဆိုင်ရာ
အကြီးတန်းအရာရှိဦးသိန်းဟုတ်ကပြောသည်။ MPTအနေဖြင့် ဖုန်းဘီလ် မဖြည့်တော့ဘဲ
အသုံးပြုသူအများ အပြားရှိလာသည်ဟုဆိုသော်လည်း အရေအတွက်ကိုမူ အတိအကျ
ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
အစိုးရအော်ပရေတာဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ
ဝန်ဆောင်မှုပေးနေသည့် ဖုန်းခေါ်ဆိုခနှင့် အင်တာနက်အ သုံးပြုခတို့သည်
ပြည်ပအော်ပရေ တာများဖြစ်သည့် အူရီးဒူး၊ တယ်လီနောတို့ထက် ပိုများနေသည့်အတွက်
သုံးစွဲသူများက MPTဖုန်း များကို ဖုန်းဘီလ်မဖြည့်ဘဲ အ၀င်ခေါ်ဆိုမှုအတွက်သာ
ထားလာ ခြင်းဖြစ်သည်ဟု သုံးစွဲသူများထံမှ သိရသည်။
‘‘ပြည်ပအော်ပရေတာတွေက အပြိုင်ဈေးလျှော့တာတွေ လုပ်နေတဲ့အတွက်
သုံးစွဲသူတွေက အဲဒီဖုန်းတွေကို ပိုသုံးလာကြ တာကိုတွေ့ရပါတယ်။ အဲဒီအတွက်
သုံးစွဲသူတွေကို ပြန်ဆွဲ ဆောင်နိုင်ဖို့
အစီအစဉ်တွေ လုပ်သွားမှာဖြစ်ပါတယ်’’ဟု ဦးသိန်း ဟုတ်ကပြောသည်။
MPTအနေဖြင့် ၎င်းတို့၏၀န်ဆောင်မှုအသုံးပြုခများကို ပုံမှန်
အသုံးပြုသူများအတွက် တစ်မိနစ်လျှင်၅၀ကျပ် ၊ SMSတစ်စောင်လျှင် ၂၅ကျပ်၊
အင်တာနက် အသုံးပြုခGSMဖုန်းများတစ်မိနစ် နှစ်ကျပ်နှင့် WCDMA ဖုန်းများ တစ်
မိနစ် လေးကျပ်နှုန်းဖြင့်ကောက်ခံနေပြီး ဆွေသဟာသုံးသူများအတွက်
တစ်မိနစ်လျှင်၃၅ကျပ် ၊ SMS တစ်စောင်လျှင် ၁၅ ကျပ်နှင့် အင်တာနက်အသုံးပြုခ
1MBလျှင် ၁၅ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။
No comments:
Post a Comment