Monday, June 9, 2014

sony ဖုန်းများ Unlock Bootloader ဖွင့်ဖို့ Unlock Code တောင်းနည်း။


sony  ဖုန်းတွေမှာ root လုပ်ချင်တာပဲဖြစ်ဖြစ် recovery သွင်းချင်တာပဲဖြစ်ဖြစ် Unlock Bootloader ဖွင့်ထားဖို့လိုပါတယ်။ Unlock Bootloader  ဖွင့်မဲ့ဖုန်းဟာ Unlock Bootloader ရနိုင် မရနိုင် သိချင်ရင် ဖုန်း keypad မှာ *#*#7378423#*#*  လို့ရိုက်ပါ ပြီးရင် Service info > Configuration >Bootloader unlock allowed   မှာ Yes လို့ရေထားရင်  Unlock Code တောင်းလို့ရပါတယ်။ No ဆိုရင်တော့ Unlock Code တောင်းလို့မရပါ။ ကျွန်တော်သိသလောက် sony xperia C မှာ No ဆိုတာတော့တွေ့ဖူးပါတယ်။ 
ကဲ Yes လို့ရေထား တဲ့ဖုန်းတွေကတော့ အောက်ကနည်းလမ်းအတိုင်းပါ။
 ဖုန်းရဲ့ keypad မှာ *#06# ဆိုပြီးရိုက်လိုက်ရင် ပေါ်လာတဲ့ ဂဏန်း 15 လုံးဟာ ဖုန်းရဲ့ IMEI နံပတ်ပါ။ အဲဒီ နံပတ် 15 လုံးကိုမှတ်ထားပါ။ ပြီးရင် အောက်က လင့်ကိုသွားပါ။
၁။အပေါ်က လင့်ကိုရောက်ပြီဆိုရင် အောက်ကိုတစ်ချက်စွဲချလိုက်ပါ။
 
၂။အပေါ်ကလိုပဲ  အောက်ကိုတစ်ချက်စွဲချလိုက်ပါ။
 
၃။အောက်ကပုံအတိုင်း ဆက်သွားပါ။
 
၎။အဝိုင်း လေးတွေနေရာမှာ အမှန်ခြစ်ပေးပြီး I accept ကိုနှိပ်ပါ။
 
၅။IMEI အကွက်ထဲမှာ အပေါ်က keypad မှာ  *#06# ဆိုပြီးရလာတဲ့ နံပတ် 15 ကို 14 လုံးပဲထည့်ပါ။
 
၆။ပြီးသွားရင် အပေါ်မှာ ပေးထာခဲ့တဲ့ Email ထဲကိုသွားကြည့်လိုက်ပါ Unlock Code ရောက်နေပါပြီ
 
အားလုံးအစင်ပြေပါစေ။ 
 

No comments:

Post a Comment