English ဘာသာနဲ့ရေးထားတဲ့ Application ကို Myanmar သာသာ ပြောင်းလဲနည်း လေးမျှဝေလိုက်ပါတယ်။
APK MULTI-TOOL အား Download ရယူပါ။ (Official APK MULTI-TOOL နဲ့ Frameworks ကို download ပြုလုပ်ရပါမယ်)
Notepad++ အား Download ရယူပါ။ (စာသားတွေကို ၀င်ပြင်တဲ့အခါမှာ Notepad++ ကိုအသုံးပြုရမှာပါ)
JAVA အား Download ရယူပါ။ (စာဖတ်သူစက်ထဲမှာ Java မရှိသေးဘူးဆိုရင်တော့ Java ကိုပါ download ပြုလုပ်ရမှာပါ)
၁။ လိုအပ်တာတွေကို Download ပြုလုပ်ပြီးပြီဆိုရင်တော့ APK MULTI-TOOL နဲ့ Frameworks ဖိုင်နှစ်ဖိုင်ပေါ်မှာ right click နှိပ်ပြီး Extract here ပေါ်မှာ Click ပါ ။ APK-Multi-Tool Folder နဲ့ framework files အများကြီးကိုတွေ့ရပါလိမ့်မယ်။
၂။ framework files တွေထဲကမှ framework-res_api16.apk ဖိုင်ကိုရှာပါ။ framework-res_api16.apk ကို copy ကူးပြီး APK-Multi-Tool Folder ထဲမှ other Folder ကိုထပ်သွားပါ။ other Folder ထဲမှာ Paste လုပ်ပါ။ framework-res.apk ဆိုပြီး rename ပြောင်းပေးပါ။
၃။ APK-Multi-Tool Folder ကိုပြန်သွားပါ။ APK-Multi-Tool Folder ထဲမှ Setup.bat ကို run ပါ။ cmd ထဲမှာ 2 ဆိုတာကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ framework-res.apk ကို install ပြုလုပ်ဖို့အတွက် Type 1 ကိုရွေးပေးရပါမယ်။ 1 ကိုရိုက်ပြီး enter ခေါက်ပါ။ box တစ်ခုထပ်ပေါ်လာပြီး framework ကို intall ပြုလုပ်နေပါလိမ့်မယ်။ ပြီးသွားရင် auto ပိတ်သွားပါလိမ့်မယ်။ Setup.bat ကို ခဏပိတ်လိုက်ပါ။
၅။ ပြီးရင် Setup.bat ဖိုင်ကို ပြန် run ပါ။ 3 ကိုရိုက်ပြီး enter ခေါက်ပါ။ ပြီးပြီဆိုရင်တော့ APK-Multi-Tool Folder ထဲမှာ Folder အသစ်တွေ ထပ်တွေ့ရမှာပါ ။
တစ်ဝက်နီးပါတော့ ပြီးသွားပါပြီ။ မြန်မာမှုပြုချင်တဲ့ apk ကို place-apk-here-for-modding Folder ထဲကို copy ကူးထည့်ပါ။ Script.bat ကို run ပါ။ ( ဒီနေရာမှာ စာဖတ်သူစက်ထဲကို Java မသွင်းထားဘူးဆိုရင်တော့ အလုပ်ဆက်လုပ်မှာမဟုတ်ပါဘူး )Script.bat ဖိုင်ပေါ်လာပြီး options တွေမြင်တွေ့ ရပါလိမ့်မယ်။ မြန်မာမှုပြုလုပ်မယ့် apk ဖိုင်ရဲ့ လမ်းကြောင်းကိုသွားဖို့အတွက် 24 ကိုရိုက်လိုက်ပါ။ ခုနက place-apk-here-for-modding Folder ထဲမှာထည့်ထားတဲ့ apk ကိုမြင်တွေ့ရမှာပါ။ ကျွန်တော်က place-apk-here-for-modding Folder ထဲမှာ apk တစ်ခုပဲထည့်ထားတဲ့အတွက်ကြောင့် apk list မှာ 1 ပဲရှိပါတယ်။ (apk တွေသုံး၊လေးခုထည့်ထားမယ်ဆိုရင် 1,2,3,4 ဆိုပြီးရှိနေမှာပါ) 1 ကိုရိုက်ပြီး enter ခေါက်ပါ။ Apk ကို Decompile လုပ်ဖို့အတွက် 9 ကိုရိုက်ပြီး enter ခေါက်ပါ။ apk ရဲ့ဖိုင်ဆိုဒ်ကြီးရင်ကြီးသလို နည်းနည်းကြာပါမယ်။ Decompile လုပ်လို့ ပြီးသွားပြီဆိုရင် APK-Multi-Tool Folder ထဲမှ projects Folder ထဲကိုဝင်ပါ။ projects Folder ထဲမှာ မြန်မာမှုပြုလုပ်မယ့် Folder ရှိနေပါပြီ။
၆။ ဥပမာ – Apk-Multi-Tool\project\com.facebook.katana\ com.facebook.katana ထဲကိုသွားပြီး \res\values\ ထဲကိုထပ်သွားပါ။ string.xml ကိုရှာပါ။ right click နှိပ်ပြီး Edit with Notepad++ ပေါ်မှာ click ပါ။ Notepad++ ထဲမှာ text တွေကို အနက်ရောင်ကာလာနဲ့ highlighted လုပ်ထားတာတွေကို မြန်မာမှုပြုလုပ်ရမှာပါ။ ( စိတ်ရှည်လက်ရှည် မြန်မာမှုပြုလုပ်ဖို့တော့ လိုပါမယ် ) အားလုံးကို မြန်မာမှုပြုပြီးသွားပြီဆိုရင်တော့ Script.bat ကိုပြန် run ပါ။ စာဖတ်သူ မြန်မာမှုပြုထားတဲ့ apk ဟာ System apk ဆိုရင် 11 ကိုရိုက်ပြီး enter ခေါက်ပါ။ System apk မဟုတ်ရင်တော့ 12 ကိုရိုက်ပြီး enter ခေါက်ပါ။ Type 1-4 ရွေးခိုင်းသေးတယ်ဆိုရင် 2 ကိုရိုက်ပြီး enter ခေါက်ပါ ။ မြန်မာမှုပြုထားတာကို သေချာအောင် sign လုပ်ဖို့အတွက် 13 ကိုရိုက်ပြီး enter ထပ်ခေါက်ပါ။ (Non-System apk အတွက်သာ) ဒါဆိုရင်တော့ မြန်မာမှုပြုလုပ်တဲ့ လုပ်ငန်းစဉ်အားလုံးပြီးဆုံးသွားပါပြီ။ စာဖတ်သူမြန်မာမှုပြုလုပ်ထားတဲ့ apk ကို put-apk-here-for-modding Folder မှာ singedexample.apk ဆိုပြီးမြင်တွေ့ရပါလိမ့်မယ်။
Sharing – Thaw Tar
No comments:
Post a Comment