Friday, June 6, 2014

♪ နောက်ဆုံးဗားရှင်းAndroid OS KitKat ဟာ ဌင်း OS ပေါ်မှာ အသုံးပြုသူ ၁၄ % နီးပါးသာ ရှိသေး ♫

Photo: နောက်ဆုံးဗားရှင်းAndroid OS KitKat ဟာ ဌင်း OS ပေါ်မှာ အသုံးပြုသူ ၁၄ % နီးပါးသာ ရှိသေး

ပြီးခဲ့တဲ့ နှစ် ၂၀၁၃၊စက်တင်ဘာမှာ စတင် ဖြန့်ချိခဲ့ပြီး ပထမဦးဆုံး Goolge ရဲ့ Nexus 5 ပေါ်မှာ စတင်အသုံးပြုခဲ့တဲ့ Android OS Kitkat ဟာဆိုရင် Android 
Device တွေရဲ့ ၁၄ ရာခိုင်နှုန်းနီးပါးပေါ်တွင်သာ  ယခု လက်ရှိ ရှိနေသေးကြောင်း သိရပါတယ်။ ဒါဟာ အဓိက
စီးကြောင်းတွေဆီက ဝေးကွာလျက်ရှိပြီး KitKat ဗားရှင်းဟာ သူရဲ့ လမ်းကြောင်းပေါ်မှာ အရင် အဟောင်းဖြစ်တဲ့ Gingerbread 2.3.3 ( Android OS ) လိုမျိုး OS တွေကို တိုးမြင့်ဖို့ လုပ်ဆောင်နေဆဲဆိုတာ ကို
တွေ့နိင်ပါတယ်။ 

4.1 ကနေ 4.3 Jelly Bean ကတော့ ၅၈ ရာခိုင်နှုန်းကျော်ဖြင့် အသုံးပြုမူရဲ့ တစ်ဝက်နီးပါးခန့်မှာ ရှိနေပါတယ်။ Ice Cream Sandwich ကတော့ ၁၂ ရာခိုင်းနှုန်းကျော်၊ Gingerbread က ၁၅ ရခိုင်နှုန်းနီးပါးဖြင့် အသီးသီး ရှိနေကြတာကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်း Google ရဲ့ အသုံးပြုမူ Data နှိုင်းယှဉ်မူများအရ သိရပါတယ်။

Aung Heine ...

Smart Pro Journal

No comments:

Post a Comment