Thursday, June 19, 2014

♪ Samsung က Galaxy S5 ဗားရှင်း အသစ်တစ်မျိုးကို ကိုရီးယားတွင် ရောင်းချ ♫

Photo: Samsung က Galaxy S5 ဗားရှင်း အသစ်တစ်မျိုးကို ကိုရီးယားတွင် ရောင်းချ
==========================================

Samsung က Galaxy S5 ဗားရှင်း အသစ်တစ်မျိုးကို ကိုရီးယားတွင် ရောင်းချပေးလိုက်ပါသည်။ အဆိုပါ ဗားရှင်းအသစ်ကို Samsung Galaxy S5 LTE-A ဟု အမည်ပေးထားပြီး ယခင်ရောင်းချခဲ့သည့် Galaxy S5 ထက်ပိုမိုကောင်းမွန်သည့် Specification များပါရှိပါသည်။ 

Samsung Galaxy S5 LTE-A တွင် ၅.၁ လက်မအရွယ် QHD 2560x1440 Pixel Resolution Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ အခြားစမတ်ဖုန်းအားလုံးထက်သာလွန်သည့် 557ppi ဖြစ်ပါသည်။ 

Samsung Galaxy S5 LTE-A ကို LG က မကြာခင်က ရောင်းချခဲ့သည့် LG G3 နှင့် နှိုင်းယှဉ်လျှင် Resolution တူညီသော်လည်း G3 ၏ မျက်နှာပြင်အရွယ်အစားသည် ၅.၅ လက်မဖြစ်သည့်အတွက် Pixel သိပ်သည်းဆမှာ 538ppi သာရှိသည်ကိုတွေ့ရပါသည်။ 

Samsung Galaxy S5 LTE-A သည် Qualcomm Snapdragon 805 Chipset ကို အသုံးပြုသည့် ပထမဆုံး စမတ်ဖုန်းဖြစ်ပါသည်။ 3GB RAM ပါရှိပြီး ဂိမ်းများနှင့် 4K Video များကို ကောင်းစွာ ကြည့်ရှုနိုင်ပါသည်။ 

Samsung Galaxy S5 အသစ်တွင် အလွန်လျှင်မြန်သည့် LTE-Advanced နည်းပညာကို အသုံးပြုထားသည့်အတွက် Download Speed မှာ 225Mbps အထိရရှိနိုင်ပါသည်။ 

Samsung Galaxy S5 LTE-A ၏ အခြား Specification များမှာ မူလ Galaxy S5 နှင့် တူညီပြီး 16 Megapixel အနောက်ကင်မရာ၊ 2 Megapixel အရှေ့ကင်မရာ တပ်ဆင်ထားပါသည်။ နှလုံးခုန်နှုန်းတိုင်းတာပေးသည့် Sensor နှင့် ဖုန်၊ ရေစိုခံနိုင်သည့် စွမ်းဆောင်ရည်ပါရှိပါသည်။ 2800mAh Battery နှင့် Android 4.4 ကို အသုံးပြုထားပါသည်။ 

ယခုအချိန်တွင် Samsung Galaxy S5 LTE-A ကို ကိုရီးယားနိုင်ငံတွင်သာ 940,500 ကိုရီးယားဝမ်(ဒေါ်လာ ၉၁၉) ဖြင့် ရောင်းချပေးနေပါသည်။ အခြားနိုင်ငံများတွင် ရောင်းချမည့်သတင်းကို မသိရသေးပါ။ Galaxy S5 LTE-A ကို Charcoal Black, Shimmering White, Electric Blue, Copper Gold, Sweet Pink စသည့်အရောင်များထုတ်လုပ်ပေးထားပါသည်။ 

သူရ

Myanmar Digital Life Journal

No comments:

Post a Comment