Monday, June 9, 2014

♪ လတ်တလော Mobile ဈေးကွက်တွင် Customer တွေရဲ့ အဖြစ်အများဆုံး Error ဖြေရှင်းနည်း ♫

Photo: လတ်တလော Mobile ဈေးကွက်တွင် Customer တွေရဲ့ အဖြစ်အများဆုံး Error ဖြေရှင်းနည်း
================================================
လက်တလော Mobile ဈေးကွက်တွင် Customer တွေ အမေးအများဆုံး Error, အဖြစ်အများဆုံး
Error များကို ကျွန်တော်သိသလောက် မှတ်သလောက် ဖြန့်ဝေပေးသွားပါမည်။

" အကို သမီးရဲ့ ဖုန်းလေး အင်တာနက် သုံးရင် အရမ်းပူလို့ ဘယ်လို့လုပ်ရမလဲဟင် "
ဟုတ်ကဲ့ အမရဲ့ဖုန်း အင်တာနက် သုံးရင် အရမ်းပူနေတာကတော့ တစ်ချို့ ဟန်းဆက်တွေမှာကျတော့
သူ့နဂိုမူလ ပူတာတွေရှိပါတယ်။ ဥပမာ Huawei P1 လို ဟာမျိုးပေါ့။ ဒါကြောင့် အရမ်းပူတာကို လျော့ကျ
ဖို့အတွက် အမရဲ့ ဟန်းဆက်ထဲမှာ ရှိတဲ့ တစ်ချို့ မလိုအပ်တဲ့ ဆော့ဝဲတွေ ဂိမ်းတွေကို ဖျက်ပေးပါ။
အများစုကတော့ ဟန်းဆက်တိုင်းမှာ အင်တာနက်သုံးရင် စက်အရမ်းပူတတ်ပါတယ်။ စက်အရမ်းပူတာကို
လျော့ချဖို့အတွက် အင်တာနက်သုံးတာကို လျော့သုံးပေးပါ။ ပြီးတော့ ဖုန်းအားသွင်းနေရင်းနဲ့လည်း  အင်
တာနက်ကို မသုံးမိပါစေနဲ့။ လျော့ဖြစ်တတ်ပါတယ်။ ပြီးတော့ အင်တာနက် ဖွင့်သုံးနေရင်နဲ့လည်း ဖုန်းမပြော
ပါစေနဲ့။ အဲဒါတွေကြောင့် စက်အရမ်းပူတတ်ပါတယ်။..... အခုလိုဖြေပေးတဲ့ အကို့ကို ကျေးဇူးတင်ပါတယ်ရှင့်။

" အကို သမီးရဲ့ ဖုန်းလေး Noti bar ပေါ်မှာ Low in memory space ဖြစ်နေတယ်။ အဲဒါဘယ်လိုလုပ်ရမလဲ
ဟင်။ပြီးတော့ အဲဒါကြီးပေါ်နေတော့ မက်ဆေ့တွေကလည်း အ၀င်တွေရော အထွက်တွေရော မရတော့ဘူး။
ပြီးတော့ Gallery ထဲက ပုံတွေလည်း ပျောက်သွားတယ်။ ဓါတ်ပုံကလည်း ရိုက်လို့ မရတော့ဘူး။ 
ဒါပေမဲ့ သမီးရဲ့ဖုန်း Memory SD Card 8GB တောင် စိုက်ထားတာ ဘာမှလဲ မသုံးရသေးဘူး ပြည့်နေတယ်။
အဲဒါဘယ်လို လုပ်ရမလဲဟင် "
ဟုတ်ကဲ့ အမ အမရဲ့ဖုန်းလေး Low in memory space ဖြစ်နေတာကတော့ အမရဲ့ Phone Memory ပြည့်နေ
လို့ ဖြစ်တာပါ။ Phone Memory ပြည့်နေတယ်ဆိုတာက Phone မှာ နဂိုမူလပါတဲ့ Memory ပြည့်နေလို့ ဖြစ်တာ
ပါ။ SD Card စိုက်ထားတယ် ။ SD Card ထဲ မရောက်တာကတော့ မိမိ လမ်းကြောင်းကို Internal Memory ပြည့်
နေလို့ ဖြစ်ပါတယ်။ အဲဒီတော့ SD Card လမ်းကြောင်းကို ပြောင်းဖို့အတွက် Settings>>Storage>>Default storage>>
SD Card ကို ပြောင်းပေးပါ။ ပြီးတော့ game တွေ Software တွေကိုလည်း SD Card ထဲ ရွှေ့ပေးပါ။ Game တွေ
Software တွေကို SD Card ထဲ ဘယ်လိုရွှေ့ရမလဲ ဆိုရင်တော့ Settings>>Manage Applications ထဲမှာ သွားရွှေ့
ပေးရမှာ ဖြစ်ပါတယ်။ ပြီးတော့ File Manager ထဲက Internal Storage ထဲက သီချင်းတွေ ဗီဒီယိုဖိုင်တွေ ဓါတ်ပုံတွေကိုလည်း
SD Card ထဲကို ရွှေ့ပေးပါ။ အားလုံးပြီးပြီ ဆိုရင် ပါဝါပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ အားလုံး အိုကေပါပြီခင်ဗျာ။
ဟုတ်ကဲ့ အခုလို ဖြေပေးတဲ့ အကို့ကို ကျေးဇူးတင်ပါတယ်ရှင့်။

" အကို သမီးရဲ့ ဖုန်းလေး ဟိုနေ့က ဟန်းဆက်အသစ် လဲလိုက်တာ Viber က ဖုန်းအသစ်မှာ သုံးလို့ မရဘူးဖြစ်နေတယ်။
အဲဒါ ဘယ်လိုလုပ်ရမလဲဟင် "
ဟုတ်ကဲ့ အမရဲ့ ဖုန်းလေး ဟန်းဆက်အသစ်မှာ Viber သုံးလို့မရတာကတော့ ဟန်းဆက်အဟောင်းထဲမှာ Viber က ရှိနေတုန်း
ဘဲမို့လို့ ဟန်းဆက်အသစ်မှာ Viber Activate Code က ပြန်မလာတာ ဖြစ်ပါတယ်။ အဲဒီတော့ ဟန်းဆက်အဟောင်းထဲက
Viber ကို ဖျက်ပေးပါ။ အဲဒါမှ ဟန်းဆက်အသစ်မှာ Viber ကို သုံးလို့ ရမှာ ဖြစ်ပါတယ်။ အခုလို ဖြေပေးတဲ့ အကို့ကို
ကျေးဇူးတင်ပါတယ်နော်။

" အကို သမီးရဲ့ ဖုန်းလေး အင်တာနက် အကြာကြီးသုံးနေရင်းနဲ့ စက်က ဟန်းပြီးတော့ ပါဝါပိတ်လို့ မရတော့ဘူး အကို။ အဲဒါ
ဘယ်လိုလုပ်ရမလဲဟင် "
ဟုတ်ကဲ့ အမရဲ့ ဖုန်းလေး အင်တာနက် သုံးနေရင်းနဲ့ စက်ဟန်းပြီး ပါဝါပိတ်လို့မရပါက ပထမတစ်ချက် ပါဝါကို အကြာကြီး
၃မိနစ်လောက် ဖိထားလိုက်ပါ ပိတ်သွားပါလိမ့်မည်။ နောက် နာရီခွက်နေလောက်မှ စက်ကို ပြန်ဖွင့်ပါ။ ဖွင့်ဖွင့်ချင်း ဘာမှ
မသုံးပါနဲ့အုန်း မလိုအပ်တဲ့ ဖိုင်တွေကို ဖျက်ပေးပါ။ နောက်တစ်ချက် ပါဝါကို အကြာကြီး ဖိထားပြီး ပါဝါမပိတ်ပါက ဘက်ထရီ
ကုန်အောင်အထိစောင့်ပေးပါ။ ဘက်ထရီကုန်ပြီး ပါဝါပိတ်သွားပြီဆိုရင် စက်ကို ဘာမှမလုပ်ပါနဲ့အုန်း။ နာရီခွက်လောက်
ထားလိုက်ပါအုန်း။ နာရီခွက် နေမှ အားသွင်းပြီး ပြန်သုံးပါ။ အခုလိုဖြေပေးတဲ့ အကို့ကို ကျေးဇူးပါနော်။

ပထမပိုင်း အစီအစဉ် အောင်မင်းဟန်
Aung Min Han

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

No comments:

Post a Comment