Saturday, June 7, 2014

♪ စားဖွယ် မုန့်နာမည်များနဲ့ Android OS ဗားရှင်များ ♫

Photo: စားဖွယ် မုန့်နာမည်များနဲ့ Android OS ဗားရှင်များ

Google ရဲ့ Android Market ဟာ ၂၀၀၈၊စက်တင်ဘာလကုန်ပိုင်းလောက်မှာ Android 1.0 ကို စတင်ထွက်ရှိလာခြင်းရဲ့ နောက်မှာ OS ရဲ့
နည်းပညာတိုးမြင့်မူတွေဖြစ်ပေါ်လာပြီး အဆင့်ဆင့် ပြောင်းလဲ တိုးတက်ခဲ့တာဖြင့် အခုဆိုရင် Android OS KitKat 4.4 ထိကို ရောက်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ Android OS တစ်ခုချင်းစီရဲ့ ပြောင်းလဲ တိုးတက်မူတွေဟာဖြင့် UI မျက်နှာပြင် ဒီဇိုင်းတိုးမြင့်မူ၊ ရုပ်ထွက်နဲ့ကီးဘုတ် ရိုက်နှုန်းတွေ ပိုမြန်လာမူ၊ အသံပိုင်းဆိုင်ရာ ရှာဖွေမူတွေရဲ့ တိုးမြင့်မူ၊ အသုံးပြုသူတွေကို ဒေါင်းလုပ်ဖိုင်၊ အီးမေးလ်နဲ့ အခြား App တွေကို ပိုမိုလွယ်ကူစွာ လက်ခံ ရရှိအောင် ဆောင်ရွက်ပေးနိင်လာတဲ့ ဒေါင်းလုပ်ခ် မန်နေဂျာ နဲ့အခြား ထောက်ပံမူများသည့်လည်း ဆန်းသစ်တိုးပွားလာတာ
ခြင်းဟာ ယနေ့တွေမှာ ကျတော်တို့ တွေ မြင်နေရတဲ့ အတိုင်းပင် ဖြစ်ပါတော့တယ်။

ခေါ်ချင်စရာကောင်းတဲ့ စိတ်ဝင်စားစရာ မုန့်နာမည်လေးတွေနဲ့ Android OS တွေကို တစ်ခုချင်းဖော်ပြလိုက်ပါတယ်။

Android 1.5 Cupcake

Cupcake ဆိုတဲ့ ပထမဆုံး မုန့်အချို နာမည်ကို သတ်မှတ်ခဲ့တာကတော့ Android 1.5 မှာ ဖြစ်ပါတယ်။Cupcake ဆိုတာ ကိတ်မုန့်တုံးလေးတွေကို ခွက်ပုံစံ စက္ကူနဲ့ ဘေးအောက်ပတ်ထားတဲ့
မုန့်တစ်ခုဖြစ်တယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်နိင်ပါမယ်။ ၂၀၀၉ခုနှစ်၊ ဧပရယ် ၂၇မှာ စတင်ဖြန်ချိခဲ့ပြီး အချို့သာ အစိတ်အပိုင်းအသစ်တွေနဲ့
UI တိုးမြင့်မူတွေ ပါဝင်ခဲ့ပါတယ်။

Android 1.6 Donut

Donet ကတော့ အားလုံးပဲ သိကြမှာပါ။ ဂျေးဒိုးနပ်က မှန့်ဝိုင်းကွင်း
( ဗမာနည်းအရခေါ် မုန့်လက်ကောက် အသေးစား) ဆိုတော့ ။
သူလည်း ၂၀၀၉၊ စက်တင်ဘာ လလယ်မှာ ဖြန်ချိခဲ့ပြီး အသံနဲ့ စာရိုက် ရှာဖွေခြင်းတွေအပြင် အစိတ်အပိုင်း အသစ်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။

Android 2.0 Eclair

Eclair က
ဂျုံမုန့်ညက်နဲ့ထောပတ်ကိုရောဖုန်ထားတဲ့ ထောင့်မှန်ရှည်ရှည်မျောမျော မုန့်ပွတစ်မျိုးဖြစ်ပါတယ်။ အပေါ်က ခရင်လ်နဲ့ အချိုစတဲ့ အရာတွေကို တင်ထားတဲ့ မုန့်တစ်မျိုးပေါ့။ ၂၀၀၉၊ အောက်တိုဘာ ၂၆မှာပဲ
Android 2.0 မျိုးဆက်မှာ ထို Eclair မုန့်ကို တွဲဖက်ခေါ်တွင်စေခဲ့ပါတယ်။ သူမှာက ပို့ပြီးသား မတ်ဆေ့တွေကို မှတ်ထားပေးပြီး အလွယ်တကူပြန်ရှာနိင်တဲ့ အစိတ်အပိုင်းအပြင် Google Map 3.1.2 တို့ဖြစ် တိုးတက်လာခဲ့ပါတယ်။

Android 2.2–2.2.3 Froyo

Froyo ကတော့ frozen yoghurt ကို အတိုခေါ်ထားတာဖြစ်ပြီး ဒိန်ချဉ်နဲ့လုပ်ထားတဲ့ ရေခဲမုန့် အချိုပွဲတစ်ခုပါ။ သူကိုတော့
Android 2.2–2.2.3 Froyo ဆိုတဲ့ နာမည်ဖြင့် ၂၀၁၀ခုနှစ်၊ မေလ ၂၀ ရက်တေန့မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အစိတ်အပိုင်းတွေအနေနဲ့ကတော့ USB ချိတ်ဆက်သွယ်တန်းခြင်း၊ ၀ိုင်ဖိုင် ဟော့စပေါ့ အစိတ်အပိုင်းတွေ
ပါဝင်ပြီး Adobe Flash လို App စတဲ့ အစိတ်အပိုင်းတွေ ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။

Android 2.3–2.3.2 Gingerbread

Gingerbread ကတော့ ပျားရည်၊ သကာတို့ကိုသုံးပြီး ချင်းနဲ့ပြုလုပ်ထားတဲ့ မုန့်အချို တစ်မျိုးဖြစ်ပါတယ်။

Android 3.0 Honeycomb

၂၀၁၁၊ ဖေဖော်ဝါရီ၊ ၂၂ တွင် ပျားအသိုက်အမြုံ ၊ ပျားလဘို့စတဲ့ အဓိပ္ပာယ် ရှိတဲ့ နာမည်နဲ့ ထွက်ရှိလာခဲ့တာကတော့ Android 3.0 Honeycomb ပါ။
ထို OS တွင် ကင်မရာ ဖလတ်ရှ်၊ အနီးအဝေး၊ Focus နဲ့ အချိန်တွေကို ထိန်းညှိနိင်တဲ့ အစိတ်အပိုင်းတွေပါဝင်လာခဲ့ပါပြီ။ Multi-core Processor တွေလည်း ထောက်ပံမူတွပါဝင်လာခဲ့ပါတယ်။

Android 4.0–4.0.2 Ice Cream Sandwich

Ice Cream Sandwich ဆိုတာက ကိတ်မုန့်၊ ဒါမှမဟုတ် ဘီစကွတ် (၂) ချပ်ရဲ့ အလယ်မှာ ရေခဲအချို အစပ်အဟပ်တွေနဲ့ ညပ်ကာစားရတဲ့ မုန့်တစ်မျိုးဖြစ်ပါတယ်။ သူမှာတော့ Photo Editing တွေ ပါဝင်လာပြီး
Lock Screen ဆီမှ App တွေကို တိုက်ရိုက် ရရှိအသုံးပြုနိင်မှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင် မြင်ကွင်းကျယ် Panorama Mood တွေပါ ရရှိလာပြီး ၀ိုင်ဖိုင်တွေကို တိုက်ရိုက် ချိတ်ဆက်နိင်ခြင်းကဲ့သို့သော စတဲ့
အစိတ်အပိုင်းတွေ ပါဝင်ခဲ့ပါတယ်။ ၂၀၁၁၊ အောက်တိုဘာ ၁၉ မှာ ဖြန့်ချိခဲ့တဲ့ OS ပါ။

Android 4.1~ 4.3 Jelly Bean

Jelly Bean က သကြားနဲ့ အဓိကထားလုပ်ထားတဲ့ အခွံမာ အထဲက ဂျဲလ်လို့ ပျော့တဲ့ သကြားလုံးအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပုံစံက အသေးစားပဲတောင့် ပုံစံမျိုးဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်၊ ဂျွန်လ ၂၇
မှာ ကြောငြာခဲ့ပြီး UI ရဲ့ စွမ်းဆောင်မူတွေ၊ အစိတ်အပိုင်းတွေကို တိုးတက်စေဖို့ အဓိက ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး စသွင်းအသုံးပြုခဲ့တာကတော့ Nexus 7 မှာ ဖြစ်ပါတယ်။

Android 4.4 KitKat

KitKat ဟာ Nestlé ကတစ်ကမ္ဘာ့လုံးကို ဖြန့်ချိ ပေးနေတဲ့ ဝေဖာ ဘီစကစ်ဖုံးထားတဲ့ ချောကလက်မုန့် ဖြစ်ပါတယ်။ ၂၀၁၃၊ စက်တင်ဘာမှာ စတင် ကြေငြာခဲ့ပြီး Nexus 5 ပေါ်မှာ စ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး နောက်ထပ်အနေနဲ့ Google က Android OS ဗား ရှင်း 5 အတွက် ထပ်မံ ထုတ်လုပ်မဲ့ OS က Key lime pie ဆိုတဲ့ နာမည်နဲ့ ဖြစ်တယ်လို့ သိရပါတယ်။ 

Aung Heine ...

Aung Heine ..

Smart Pro Journal

No comments:

Post a Comment