Thursday, June 12, 2014

♪ လေ့လာထားသင့်တဲ့ - Mobile Question And Answer ♫

Photo: Mobile Question And Answer
=============================

Q.cloud lock ဆိုတာဘာကိုပြောတာလဲ။ပြီးတော့ ခုတလော အရမ်းခေတ်စားနေတဲ့ အဲ့ဒီ i clock lock ဆိုတာကြီးကိုရောဖြည်                  လို့ ရမလားသိချင်ပါတယ်။

 A.apple က OS တခုထွက်တိုင်းမှာ security တခုပါလာတတ်ပါတယ်။ခုလည်း ios 7 ရဲ့  security လို့ ပြောရမှာပဲဗျ။apple id ကို i cloud ထဲမှာ sign in ၀င်ပြီး firmware restore လုပ်မိရင်ပဲ ဖြစ်ဖြစ်၊reset ချမိရင်ပဲဖြစ်ဖြစ် activate mode မှာ language ရယ် region ရယ် ရွေးပြီးရင်တောင်းတဲ့ apple id ကိုမသိလို့ ကတော့ icloud lock ကျသွားပြီသာမှတ်လိုက်တော့။ခုတော့ ကျော်လို့ ရတယ် ဆိုပေမယ့်  ဈေးကြီးလွန်းတဲ့အတွက် တချို့ က            ရတဲ့ဈေးနဲ့ ပြန်ရောင်းနေကြတယ်ဗျ။ icloud နဲ့ ပတသက်ပြီး detail သိချင်တယ်ဆိုရင်တော့ www.guaranteedunlockcodes.com မှာ လေ့လာကြည့်ပါဗျာ။

Q.Galaxy S2 plus တစ်လုံးဗျာ။မီးအားသွင်းလိုက်ရင် ရှိသမျှအားကုန်သွားတဲ့အပြင် ကြိုးဖြုတ်လိုက်ရင် ပါဝါ ပါပိတ်သွားတဲ့အထိဖြစ်သွားတယ်။အဲဒါဘာလို့ လဲသိချင်ပါတယ်။

 A.Charger ငုတ်လဲကြည့်လို့ လဲ အဆင်မပြေလောက်ဘူးဗျ။အောက်ခြမ်းတခြမ်းလုံး လဲလိုက်တာအကောင်းဆုံးပဲဗျ။ဘာလို့ လဲဆိုတော့ Charger ic ဘေးပတ်လည်က resister လေးတွေကြောင့်လဲဖြစ်နိုင်တာမို့ 
လို့ ပါ။Firmware ကြောင့်လို့ သံသယရှိရင် factory data reset အရင်ချကြည့်လိုက်ပါ။ဒါမှမရဘူးဆိုရင်တော့ အောက်ခြမ်းလဲလိုက်တာအသေချာဆုံးပါပဲဗျာ။

Q.Samsung ဖုန်းတွေမှာ အဖြစ်များတဲ့ deadboot ဟာဘာကြောင့်ဖြစ်ရတာလဲ၊ဘယ်အမျိုးအစား တွေကို ဘယ်လိုပြန်လုပ်ရတာလဲဆိုတာလေးသိချင်ပါတယ်။

A. ဖြစ်တာက ပုံစံအမျိုးမျိုးရှိတယ်၊နေရင်းထိုင်ရင်း ပါဝါ dead ဖြစ်တာ samsung ရဲ့  formula လိုဖြစ်နေတော့ပြောရခက်တယ်၊တနည်းအားဖြင့်ပြောရမယ်ဆိုရင် download mod ပျောက်သွားတာ၊ ဒါကို sudden dead,dead boot ဖြစ်တယ်လို့ ခေါ်ပါတယ်။S3,Note 2 ,S4 တွေကိုတော့ သူ့ ရဲ့  original download mode ပါတဲ့ memory card ထည့်ပြီး ပြန်နှိုးလို့ ရပေမယ့်၊ model အနိမ့်ဖုန်းတွေ မှာတော့ riff,J tag အစရှိတဲ့ Tool box တွေနဲ့  download mode ပြန်ထည့်ပေးရတာတွေရှိပါတယ်။ Develop mode ကို Samsung က download mode ဆိုပြီးသုံးတာဖြစ်လို့  download mode ပေါ်လာရင် firmware ပြန်ရေးလို့ ရပါပြီ။တချို့ item တွေမှာတော့ rom တက်လာပေမယ့် imei က null/null ဖြစ်သွားတဲ့ အတွက် emmc လဲမှရမှာပါ။တချို့  S3,Note 2 တွေမှာတော့ imei 0049 နဲ့ တက်လာရင် imei repair လုပ်ပေးလိုက်ရင် network repair လုပ်ပေးလိုက်ရင်ရပါပြီ။

Q.Huawei handset တစ်လုံးဗာ။Touch မရလို့ ဆိုင်မှာသွားပြလိုက်တာ touch တော့ရသွားတယ်။Wifi,Bluetooth ကမရတော့ဘူး။အဲဒါဆိုင်ကိုသွားပြောတော့ touch ရချင်ရင်တော့ အဲဒါတွေမရမှ ဖြစ်မယ်လို့ ပြောလိုက်တယ်ဗျ။အဲဒါဘယ်လိုကြောင့်လဲလို့ ပြောပြပေးပါ။

 A.ဖုန်းတစ်လုံးရေ၀င်တာကြောင့်ဖြစ်စေ၊သုံးစွဲချိန်ကြာမြင့်တာကြောင့်ဖြစ်စေ touch မရတဲ့ error ဖြစ်တတ်ပါတယ်။Touch တစ်ချပ်ကတော့ အရင်ဆုံးလဲကြည့်ရပါမယ်။မရခဲ့ရင်တော့ touch အနီးမှာရှိတယ့် wifi ic နဲ့  bluetooth ic ကရှိနေတော့ သူတို့ နဲ့ ညိနေတဲ့ ic circuit socket တခုခုမှာ shock ကျနေတတ်တာမို့  အလွယ်ဆုံးနည်းနဲ့  အဲဒါတွေကို ချွတ်လိုက်ကြတာပါ။အဲဒီအခါ touch တော့ရသွားပေမယ့် wifi နဲ့ bluetooth မရတော့တာတွေဖြစ်တတ်ပါတယ်။ကျွမ်းကျင်သူတွေအနေနဲ့  အဲဒီ ic တွေနားက component အသေးအမွှားလေးတွေကို စိတ်ရှည်စွာလိုက်နိုင်မယ် ဆိုရင်တော့ ဘာ error မှမဖြစ်ဘဲပြန်ကောင်းလာနိုင်ပါတယ်။

Q.handset တစ်လုံးဗျ။အားသွင်းလိုက်ရင်အားအပြည့်ထိဝင်တယ်။ပြီးတော့သုံးလိုက်ရင် ခဏလေးနဲ့ ကုန်သွားတယ်။ဘယ်လိုဖြေရှင်းရမှာလဲဗျ။

A. အရင်ဆုံးတော့ လိုချင်တဲ့  data လေးတွေ back up လုပ်ပြီး factory data reset ချကြည့်လိုက်ပါ။ဖုန်းထဲမှာထည့်ထားတဲ့ app တခုခုကပေးတဲ့အနှောင့်အယှက်ကြောင့် ဖြစ်နိုင်တာ မို့ လို့ ပါ။                 အဲဒါနဲ့ လည်းအဆင်မပြေသေးဘူးဆိုရင်တော့ software error ကြောင့်ဖြစ်နိုင်သလို၊hardware ချို့ ယွင်းချက်တခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။Normal အခြေအနေမှာ ဖုန်းကအသုံးပြုလို့ ရနေပြိး အားအကုန်မြန်
တဲ့ ပြစ်ချက်တစ်ခုထဲမို့  system file တခုခု ချို့ ယွင်းချက်ကြောင့် ဖြစ်နိုင်တာမို့  firmware ပြန်ရေးကြည့်သင့်ပါတယ်။Hardware ပိုင်းအနေနဲ့ က battery ငုတ်တွေနဲ့  BSI လမ်းကြောင်းတွေကို စစ်ဆေးကြည့်ပါမယ်။
+++++++++++++++++++++++++++++++++++++++++++++++++++
This Post is brought you by Phone Paradise (Mobile Phone Training Center) Ph: 0943090691

Myanmar Digital Life Journal

No comments:

Post a Comment