Wednesday, May 4, 2016

♪ လျှစ်စစ်မီးမရှိရင်တောင် မီးကိုအသုံးပြုပြီး ဖုန်းအားသွင်းပေးမယ့် USB Fire Charger ♫




သင့်အနေနဲ့ လျှပ်စစ်မီးမရတဲ့ နယ်ဘက်တွေကို သွားတဲ့အခါမှာ ဖုန်းအားသွင်းဖို့အတွက် Power Bank ကို အားကိုးရမှာပါ။ Power Bank ကလည်း အားများများသွင်းလို့မရနိုင်ဘူးဆိုရင်တော့ သင့်အနေနဲ့ ဖုန်းအားသွင်းဖို့ အခက်အခဲကြုံနိုင်ပါတယ်။ အခုနောက်ဆုံးထွက်ရှိလာတဲ့ charger လေးကတော့ လျှပ်စစ်မီးမရှိရင် မီးဖိုပြီး ဖုန်းအားသွင်းနိုင်အောင် စွမ်းဆောင်ပေးနိုင်မှာပါ။

Flame Stower USB Fire Charger လို့ အမည်ရတဲ့ ဒီ charger မှာတော့ မီးဒဏ်ခံနိုင်တဲ့ သတ္တုအပြားရှည်တစ်ခုပါဝင်ပြီး အသုံးပြုတော့မယ့်အချိန်မှာ ဒီသတ္တုပြားကို မီးထဲမှာထည့်ထားရမှာဖြစ်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် အပူစွမ်းအင်တွေကို စုပ်ယူပေးမှာဖြစ်ပြီး ဂျင်နရေတာတွင်းကို စွမ်းအင်တွေ ကူးပြောင်းပေးမှာပါ။ ဂျင်နရေတာကို အပူဒဏ်မခံရစေဖို့အတွက်တော့ charger ထိပ်မှာပါဝင်တဲ့ ရေခွက်က လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

ဂျင်နရေတာကနေ ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်စွမ်းအင်တွေကိုတော့ USB charger ကို ပို့ဆောင်ပေးမှာဖြစ်ပြီး သင့်ဖုန်းက USB အားသွင်းကြိုးကို တပ်ဆင်လိုက်တာနဲ့ အမှန်တကယ်ပဲ အားသွင်းပေးနိုင်တာကို တွေ့မြင်ရပါတယ်။

Flame Stower USB Fire Charger ဟာဆိုရင်တော့ ၂.၅ ဝပ်ရှိတဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး ဖုန်းတစ်လုံးကို အားအပြည့်သွင်းမယ်ဆိုရင် ၂ နာရီခွဲလောက်တော့ အချိန်ယူရမယ်လို့ သိရပါတယ်။ ဒီ Flame Stower USB Fire Charger ကို Amazon ဝက်ဘ်ဆိုက်မှာ စတင်ရောင်းချနေပြီဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ ရှိတယ်လို့ သိရပါတယ်။ အသုံးပြုနိုင်ပုံ အသေးစိတ်ကိုတော့ အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။



Credit to ==> Digital Times

No comments:

Post a Comment