Wednesday, May 4, 2016

♪ Facebook Page Admin များအတွက် လျှို့ဝှက်ချက်တစ်ခု ? ♫


1

သင့်ရဲ့ Facebook Page မှာနေ့စဉ် Customers များစွာက Messages များပေးပို့ပြီးသင့်ရဲ့ ၀န်ဆောင်မှု၊ ထုတ်ကုန်များအကြောင်းမေးမြန်းစုံစမ်းတယ်ဆိုပါစို့။ ဖောက်သည်တစ်ယောက် မေးမြန်းထားတဲ့ သတင်းအချက်အလက်ကိုသင်ကမဖြေကြားနိုင်သေးရင်တောင်မှတ်စုတိုအဖြစ် အကျဉ်းချုပ် မှတ်သားထားနိုင်ရင် အချိန်ကုန် သက်သာစေပါတယ်။ ဒီလိုလုပ်ထားရင်နောက်ပိုင်းမှာအဲဒီ Conversation တစ်ခုလုံးမှ ဖောက်သည်နဲ့ သင် ပြောထားတဲ့ Messages များစွာကို ပြန်လည်ဖတ်ရှုဖို့ မလိုတော့ပါဘူး။မှတ်စုတိုအကျဉ်းချုပ်ကိုသာဖတ်ရှုပြီးဖောက်သည်ရဲ့ ပြဿနာကို ပြန်လည်ဖြေရှင်းပေးနိုင်ပါတယ်။Conversation တစ်ခုအတွက် မှတ်စုများမှတ်သားနိုင်တဲ့ စွမ်းဆောင်ချက်ကို Facebook က ထည့်သွင်းပေးထားပါတယ်။
ဒီစွမ်းဆောင်ချက်ဟာ Page Admin တစ်ယောက်ထက်ပိုရှိတဲ့ Page များအတွက်လည်း အသုံးဝင်ပါတယ်။ သင် မသိတဲ့ အကြောင်းအရာကိုမှတ်စုမှတ်သားထားပါ။ အခြား Admin တစ်ယောက်ကအဲဒီ Conversation ကိုအစအဆုံးဖတ်စရာမလိုဘဲမှတ်စုကိုသာဖတ်ပြီး ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့အတွက် အချိန်ကုန် သက်သာစေပါတယ်။
သင့်ရဲ့ Facebook Page ကိုသွားပါ။ Messages Tab ကို နှိပ်ပါ။
1
မှတ်စုမှတ်သားချင်တဲ့ ဘယ်ဘက်ခြမ်းမှ Conversation တစ်ခုကိုရွေးပါ။ ညာဘက်ခြမ်းမှ Add Notes ကို နှိပ်ပါ။
2
Add New Note Window ပေါ်လာရင် မှတ်စုကိုရေးသားပါ။ Confirm ကို နှိပ်ပါ။
3
ဒါဆိုရင် အဲဒီ Conversation ရဲ့ ညာဘက်အောက်ခြေမှာအကျဉ်းချုပ် မှတ်စုတိုကို မြင်တွေ့နိုင်ပါပြီ။ မှတ်စုနဲ့ အတူမှတ်သားထားတဲ့ Admin အမည်ကိုလည်း ပြသပေးထားပါတယ်။ မှတ်စုကြောင့် သင်ကိုယ်တိုင်ဖြစ်စေ၊ အခြား Page Admin က ဖြစ်စေ Conversationတစ်ခုလုံးကို ပြန်ဖတ်စရာမလိုတော့ပါဘူး။
4
Conversation တစ်ခုမှာမှတ်စုများစွာမှတ်သားနိုင်ပါတယ်။ ဖောက်သည် မေးမြန်းတာကိုဖြေပြီးရင် Delete ကို နှိပ်ပြီးမှတ်စုကိုဖျက်နိုင်ပါတယ်။

Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment