Device တွေကြားမှာချိတ်ဆက်ဖို့အတွက် USB On The Go (OTG) ဟာ အလွန်အသုံးဝင်ပါတယ်။ သင့် Device ရဲ့ စွမ်းရည်ကိုတိုးမြှင့်ဖို့အတွက် OTG ကိုနည်းလမ်းများစွာနဲ့ အသုံးပြုနိုင်ပါတယ်။ OTG ကြိုးဟာဈေးလည်းသက်သာပြီးကျပ် ထောင်ဂဏန်းသာရှိပါတယ်။ ဒီတစ်ပတ် Mobile Tips ကဏ္ဍမှာ OTG ကြိုးကိုအသုံးချနိုင်မယ့် အကောင်းဆုံးနည်းလမ်းများကိုဖော်ပြပေးလိုက်ပါတယ်။
၁။ Game Controller နဲ့ ဖုန်းကိုချိတ်ဆက်ပါ။
2
စမတ်ဖုန်းများဟာသေးငယ်တဲ့အတွက် ဂိမ်းအများစုအတွက်တော့ ကစားရတာအဆင်မပြေပါဘူး။ Game Controller နဲ့ ကစားမှ အဆင်ပြေတဲ့ ဂိမ်းများရှိပါတယ်။ အထူးသဖြင့် ကားပြိုင်ပွဲများ၊ သေနတ်ပစ် ကစားနည်းများ၊ အားကစားဂိမ်းများကိုကစားရင် Game Controller က အကောင်းဆုံးပါ။
Android Games တော်တော်များများက External Controller ကိုထောက်ပံ့ပေးပါတယ်။ External Controller ကိုဖုန်းနဲ့ ချိတ်ဆက်ဖို့အတွက် OTG ကြိုးကိုအသုံးပြုနိုင်ပါတယ်။ အချို့ဖုန်းများဟာ Game Controller ကိုအပြည့်အ၀ထောက်ပံ့ပေမယ့် အချို့ဖုန်းများမှာတော့ Root လုပ်ထားရမှာပါ။
၂။ ဖုန်းတစ်လုံးကိုအခြားဖုန်းဖြင့် အားသွင်းပါ။
3
OTG ကြိုးကိုအသုံးပြုပြီးဖုန်းတစ်လုံးမှ အားကိုအခြားဖုန်းသို့ ပေးပို့နိုင်ပါတယ်။ နည်းလမ်းကလွယ်ကူပါတယ်။ အားပေးမယ့် ဖုန်းမှာ OTG ကြိုးကိုတပ်ဆင်ပါ။ အားယူမယ့် ဖုန်းမှာOTG ကြိုးရဲ့ အခြားတစ်ဖက်ရှိသာမာန် USB ခေါင်းနဲ့ ချိတ်ဆက်ပါ။
အားပေးမယ့် ဖုန်းရဲ့ ဘက်ထရီပမာဏဟာအားယူမယ့် ဖုန်းရဲ့ ဘက်ထရီပမာဏထက် ပိုများဖို့ လိုအပ်ပါတယ်။
၃။ USB Flash Drive or Hard Drive ကိုဖုန်းနဲ့ ချိတ်ဆက်ပါ။
4
USB Flash Drive or Hard Drive များကိုဖုန်းနဲ့ ချိတ်ဆက်ဖို့ OTG ကြိုးကိုအသုံးပြုနိုင်ပါတယ်။ Flash Drive ကို ကြိုးရဲ့ ဒုတိယ Port မှာချိတ်ဆက်လိုက်ရုံပါပဲ။ ဖုန်းမှ ဖိုင်မန်နေဂျာကိုအသုံးပြုပြီး Flash Drive မှ ဖိုင်များကိုရယူနိုင်ပါတယ်။
၎။ USB Mouse or Keyboard များကိုဖုန်းနဲ့ ချိတ်ဆက်ပါ။
5
Android ဖုန်းမှာစာရိုက်ရတာခက်ခဲပါတယ်။ ဖုန်းမှာစာရိုက်ရတာဟာကွန်ပြူတာမှာစာရိုက်ရတာလောက် မမြန်သလိုမတိကျပါဘူး။ ဒါပေမယ့် OTG ကြိုးကိုအသုံးပြုပြီးဖုန်းကို Mouse or Keyboard များနဲ့ ချိတ်ဆက်နိုင်ပါတယ်။

၅။ Modem နဲ့ ချိတ်ဆက်ပါ။

6
သင့်ရဲ့ ဖုန်းမှာအင်တာနက် အသုံးပြုဖို့အတွက် Mobile Data နဲ့ WiFiကိုအသုံးပြုနိုင်ပါတယ်။ လူသိနည်းတဲ့ နောက်ထပ် နည်းလမ်းတစ်ခုက OTG ကြိုးနဲ့ Modem ကိုချိတ်ဆက်ပြီးအင်တာနက် အသုံးပြုနိုင်ပါတယ်။
၆။ External Microphone နဲ့ အသံဖမ်းယူပါ။
7
သင့်ဖုန်းမှာပါတဲ့ မိုက်ကရိုဖုန်းဟာကိစ္စအများစုအတွက်တော့ အဆင်ပြေလုံလောက်ပါတယ်။ ဒါပေမယ့် အရည်အသွေးမြင့်တဲ့ အသံများကိုဖမ်းယူဖို့အတွက်တော့ သီးခြားမိုက်ကရိုဖုန်းကပိုမိုကောင်းမွန်ပါတယ်။ USB Port ပါတဲ့ မိုက်ကရိုဖုန်းမော်ဒယ်များစွာရှိပါတယ်။ အဲဒီမိုက်ကရိုဖုန်းကိုဖုန်းနဲ့ ချိတ်ဆက်ဖို့အတွက်လည်း OTG ကြိုးကိုအသုံးပြုနိုင်ပါတယ်။ USB Audio Recorder Pro လို App များရဲ့ အကူအညီကိုတော့ လိုအပ်ပါတယ်။