Friday, May 6, 2016

♪ Kaymu ၏ “I love Kaymu” စာသားအား ဖေ့ဘွတ်တွင် Like & Share လုပ်သူများအတွက် Samsung Galaxy J5 မဲဖောက်ပေးမည် ♫


Kaymu
Kaymu ၏  “l Love Kaymu”  စာသားပါ အား ဖေ့ဘွတ်တွင် Like & Share လုပ်သူများအတွက် Sansung Galaxy J5 မဲဖောက်ပေးမည့်အစီအစဉ်ကို စတင်လိုက်ပြီဖြစ်သည်။
ယခုတစ်ပတ် ကြာသပတေးမှ နောက်တစ်ပတ်ကြာသပတေးနေ့အထိ တစ်ပတ်ကြာ ကျင်းပမည်ဖြစ်ပြီး အဆိုပါ Campaign တွင် မေ ၁၂ရက် တွင် ကံစမ်းမဲပေါက်သူအား ကြေငြာပေးမည်ဖြစ်သည်။Kaymu ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Olivier Leval “အရမ်းရိုးရှင်းတဲ့ ပြိုင်ပွဲလေးပါပဲ။ ကျွန်တော်တို့ ဖေ့စ်ဘွတ်မှာဝင်ပြီးတော့ Post ကို Like & Share လုပ်လိုက် ရုံပါပဲ။ ကျွန်တော်တို့ ဒီလို Like & Share လုပ်တဲ့သူတွေကို ပြန်ပြီးတော့ random.org အသုံးပြုပြီး အနိုင်ရ သူကို ကြေငြာပေးမှာဖြစ်ပါတယ်”ဟု ပြော သည်။ အဆိုပါပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် 1  Post ကို Like and Share ၊2 Share တဲ့အခါ #ilovekaymu လို့ရေးပြီး  Public Share ပြုလုပ်ရမည်ဖြစ်သည်။အနိုင်ရရှိသူအား random.org အားအသုံးပြုပြီး ကြေငြာပေးမည် ဟုဆိုသည်။
“ဒီနေ့ကြာသပတေးကနေ နောက်ကြာသပတေးအထိ တစ်ပတ်ကြာကျင်းပမှာပါ။ အရင် ပြိုင်ပွဲတွေတုန်းကလို့ပဲ ဓာတ်ပုံတစ်ခုကို Like & Share လုပ်ရုံပါပဲ။ Like & Share များများလုပ်ကြဖို့လည်း တိုက်တွန်းပါတယ်’’ဟု Kaymu ၏ content team ခေါင်းဆောင် မရေချယ်က ပြောသည်။
       Kaymu သည်  နိုင်ငံပေါင်း ၃၀ ကျော်တွင် Online Marketplace လုပ်ငန်းများ လည်ပတ်လုပ် ကိုင်လျက်ရှိသော ဂျာမနီနိုင်ငံအခြေစိုက် Rocket Internet က  မြန်မာနိုင်ငံတွင် kaymu.com.mm အမည်ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် တရားဝင်အွန်လိုင်း ဈေးရောင်းဈေးဝယ် ၀က်ဆိုဒ် ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး လက်ဝတ်ရတနာနှင့် နာရီများ၊ စာအုပ်များ၊ အနုပညာဖျော်ဖြေရေးပစ္စည်များ၊ ကွန်ပျူတာနှင့် လပ်တော့ပ်နှင့် ဂိမ်များ၊တီဗီနှင့် ဆက်စပ်ပစ္စည်းများ၊ ကင်မရာများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပ ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အမျိုးသား၊အမျိုးသမီ ဖက်ရှင်များ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ် ပစ္စည်းများ၊အား စားပစ္စည်းများနှင့် လက်ကားရောင်းဝယ်ရေးပစ္စည်းပေါင်းများစွာကို အွန်လိုင်းမှ တစ်ဆင့် ၀ယ်ယူရရှိနိုင်ပြီဖြစ် သည်။လက်ရှိအချိန်မှာ kaymu.com.mm နှင့်ဆိုင်ပေါင်း ၂၀၀၀ ကျော်ဖြင့်ချိတ်ဆက် ဆောင်ရွက်နေပါသည်
                                                                                                     #Kaung_Myat_Yar

Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment