Friday, May 6, 2016

အပိုင်း ၁ ) ♫

1
စမတ်ဖုန်းများမှာ ဘက်ထရီသက်တမ်းတိုတောင်းတဲ့ ပြဿနာရှိကြပါတယ်။ AMOLED နဲ့ LCD Screen များဟာ ရုပ်ထွက် အလွန်ကောင်းမွန်ပေမယ့် ဘက်ထရီ အသုံးမခံကြပါဘူး။ ဒါပေမယ့် သင့် Android Device ရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးနိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ Android 6.0 Marshmallow မှာ ဘက်ထရီသက်တမ်းကို ပိုမို တိုးတက်အောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းများပါရှိလာပါတယ်။ ဒီ Tutorial မှာ Android Marshmallow အပြင် သူ့အရင် Android Device များအတွက် ဘက်ထရီ သက်တမ်း တိုးတက်ကောင်းမွန်စေမယ့် အကောင်းဆုံး နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ နည်းလမ်းများ များပြားတဲ့အတွက် အပိုင်းနှစ်ပိုင်းခွဲပြီး ရေးသားပေးလိုက်ပါတယ်။
၁။ အနက်ရောင် Wallpaper က ဘက်ထရီကို ချွေတာပေးနိုင်ပါတယ်။
သင့်ရဲ့ ဖုန်းမှာ AMOLED Display ( Samsung Devices အများစုမှာ တပ်ဆင်ထားကြပါတယ်။ ) တပ်ဆင်ထားရင် အနက်ရောင် Wallpaper ကို အသုံးပြုပါ။ AMOLED Display များဟာ အရောင်ပါတဲ့ Pixels များကိုသာ တောက်ပစေတဲ့အတွက် အနက်ရောင် Wallpaper က ဘက်ထရီကို သက်သာစေပါတယ်။ အနက်ရောင် Pixel များအတွက် အလင်းရောင် ထုတ်လွှင့်ပေးစရာမလိုတဲ့အတွက် အနက်ရောင် Pixel များလေလေ၊ ဘက်ထရီ သက်တမ်း တိုးတက်လေလေ ဖြစ်ပါတယ်။
၂။ Doze
Marshmallow မှာ ဘက်ထရီသက်တမ်း တိုးတက်စေတဲ့ Doze စွမ်းဆောင်ချက် အသစ်ပါရှိလာပါတယ်။ Doze ကို Default အားဖြင့် Enable ပြုလုပ်ထားပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်း ဖုန်းကို အသုံးမပြုရင် Hibernation Mode ကို ပြောင်းပေးပါတယ်။ ဖုန်းကို အသုံးမပြုတဲ့အချိန်မှာ Doze ဟာ အရေးမကြီးတဲ့ အရာများကို ပိတ်ထားစေပြီး ဖုန်းကို အနားယူစေပါတယ်။ ညအိပ်ချိန်မှာ Doze ကြောင့် ဘက်ထရီဟာ ၃ ကနေ ၅ ရာခိုင်နှုန်း အထိသာ ကုန်ဆုံးပါတယ်။
၃။ Dark Themes နဲ့ Settings များကို အသုံးပြုပါ။
အနက်ရောင် App Backgrounds / Themes နဲ့ အနက်ရောင် Launcher Themes များကို အသုံးပြုခြင်းဖြင့် သင့်ရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်နိုင်ပါတယ်။ ( AMOLED Screen များမှာသာ ဖြစ်ပါတယ်။ ) Android M Developer Preview ရဲ့ ပထမဆုံးဗားရှင်းမှာ အနက်ရောင် Stock Theme ကိုထည့်သွင်းပေးထားပြီး နောက်ပိုင်းမှာလည်း အနက်ရောင် Stock Theme များကို ဖြန့်ချီပေးဖို့ ရှိနေပါတယ်။
၎။ Auto Brightness ကို အသုံးမပြုပါနဲ့။
Auto Brightness ကို အသုံးမပြုပါနဲ့။ အလိုအလျှောက် အလင်းရောင်ချိန်ညှိပေးတာဟာ ကောင်းမွန်ပေမယ့် လိုတာထက်ပိုပြီး တောက်ပနေတတ်ပါတယ်။ ကြည့်ရှုလို့ အဆင်ပြေတဲ့ Brightness Level ကို ကိုယ်တိုင် ချိန်ညှိသင့်ပါတယ်။ လိုအပ်မှသာ တိုးမြှင့်ပေးပါ။ Display ဟာ အဓိက ဘက်ထရီ စားသုံးသူဖြစ်တဲ့အတွက် ဘက်ထရီ သက်တမ်းကို သိသိသာသာ တိုးတက်စေဖို့ ဒီနည်းလမ်းကို ပြုလုပ်သင့်ပါတယ်။
၅။ တိုတောင်းတဲ့ Screen Timeout Settings ကို သတ်မှတ်ပါ။
သင့်ဖုန်း ရဲ့ Screen Timeout Settings ကို တိုတောင်းအောင် သတ်မှတ်ထားသင့်ပါတယ်။ သင်နဲ့ အဆင်ပြေစေမယ့် အနည်းဆုံး အချိန်ကို သတ်မှတ်ပေးပါ။ စစ်တမ်းများအရ စမတ်ဖုန်းအသုံးပြုသူများဟာ ပျမ်းမျှအားဖြင့် တစ်ရက်မှာ အကြိမ်ပေါင်း ၁၅၀ လောက် ဖုန်းကိုဖွင့်ကြပါတယ်။ ဖုန်းကို ဖွင့်ပြီးတိုင်း ကိုယ်တိုင် ပြန်မပိတ်တတ်သူများအတွက် Screen Timeout ကြာလေလေ ၊ ဘက်ထရီ ကုန်လေလေ ဖြစ်ပါတယ်။
၆။ စမတ် စွမ်းဆောင်ချက်များကို ပိတ်ပါ။
Samsung ဖုန်းများမှာ ပါရှိတဲ့ Air Gestures, Smart Scrolling တို့လို စမတ်စွမ်းဆောင်ချက်များကို ပိတ်ထားသင့်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်များ မပါတဲ့ ဖုန်းများအတွက်လည်း Third-Party Developer များက Apps များအဖြစ် ပြုလုပ်ပေးထားကြပါတယ်။ အဲဒီစွမ်းဆောင်ချက်များနဲ့ Apps များကို သင်နေ့စဉ် အသုံးပြုလေ့မရှိဘူးဆိုရင် ပိတ်ထားခြင်းဖြင့် ဘက်ထရီကို သက်သာစေပါတယ်။
၇။ Vibrate နဲ့ Haptic Feedback များကို ပိတ်ပါ။
Vibrate ကို ပိတ်ပါ။ ဖုန်းဝင်လာရင် တုန်ခါ အသိပေးမှုများကို မလိုအပ်ရင် ပိတ်ထားပါ။ အသံမြည်တာထက်စာရင် တုန်ခါမှုက သင့်ဖုန်းရဲ့ ဘက်ထရီကို ပိုမိုစားသုံးပါတယ်။ ကီးဘုတ်မှာ စာရိုက်တဲ့အခါမှာ ထွက်ပေါ်တဲ့ Haptic Feedback လို့ ခေါ်တဲ့ တုန်ခါမှုကိုလည်း ပိတ်ထားသင့်ပါတယ်။
၈။ Lock Screen Notifications များကို အသုံးပြုပါ။
သင့်ဖုန်းမှာ AMOLED Screen တပ်ဆင်ထားရင် Lock Screen Notifications များကို အသုံးပြုသင့်ပါတယ်။ ဖုန်းရဲ့ Screen ကို On စရာမလိုဘဲ Notifications များကို Lock Screen မှာ ကြည့်ရှုနိုင်တဲ့အတွက် ဘက်ထရီ သက်သာစေပါတယ်။ Lock Screen Notifications များဟာ Android Lollipop မှာ စတင်ပါရှိလာပါတယ်။ KitKat အသုံးပြုနေသူများအတွက် Lock Screen Widgets များကို အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် Dynamic Notifications လို App မျိုးကို အသုံးပြုပါ။
၉။ Original Battery များကိုသာ အသုံးပြုပါ။
Original Battery များနဲ့ အဆင့်အတန်းရှိတဲ့ Third-Party ဘက်ထရီ ထုတ်လုပ်သူများရဲ့ ဘက်ထရီများကိုသာ အသုံးပြုပါ။ အဲဒီ ဘက်ထရီများကသာ သင့်ဖုန်းရဲ့ ဘက်ထရီသက်တမ်းကို အမြင့်ဆုံး ထိန်းထားပေးနိုင်ပါတယ်။
၁၀။ Do Not Disturb or Sleep Schedule ကို အသုံးပြုပါ။
ညအိပ်ချိန်များမှာ WiFi, Mobile Data များကို ပိတ်ထားနိုင်ဖို့အတွက် Do Not Disturb or Sleep Schedule ကို အသုံးပြုပါ။ အလုပ်မှာ ဖုန်းကို အသုံးမပြုရင် Ring, Vibrate, Internet များကို ပိတ်ထားပါ။ ဖုန်းအများစုမှာ Do Not Disturb ကို အဲဒီရည်ရွယ်ချက်အတွက် ထည့်သွင်းပေးထားတာပါ။ အဲဒီလိုပဲ အချိန် အပိုင်းအခြားတစ်ခုအတွင်းမှာ ဖုန်း အသုံးပြုဖို့ မလိုအပ်ရင် Airplane Mode , Sleep or Blocking Modes များကို အသုံးပြုနိုင်ပါတယ်။ IFTTT လို Apps များကလည်း သင့်ဖုန်းရဲ့ ဘက်ထရီကို သက်သာစေဖို့ အလုပ်များကို အလိုအလျှောက် ပြုလုပ်ပေးနိုင်ပါတယ်။ Greenify က အသုံးမပြုတဲ့ Apps များ နောက်ကွယ်မှာ Run နေရင် Hibernate လုပ်ပေးတဲ့အတွက် ဘက်ထရီကို သက်သာစေပါတယ်။

Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment