Saturday, May 14, 2016

♪ Facebook မှာ Organic Reach တိုးတက်စေဖို့ နည်းလမ်း ငါး ခု ♫


1

Ogilvy ရဲ့ စစ်တမ်းအရ Facebook Business Page တွေရဲ့ Organic Reach လို့ ခေါ်တဲ့ အခပေးကြော်ညာခြင်းမရှိတဲ့ ပို့စ်များရဲ့ လူမြင်မှုနှုန်း ဟာ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ၄၉ ရာခိုင်နှုန်းကနေ ယနေ့အချိန်မှာ ၆ ရာခိုင်နှုန်းအထိ ကျဆင်းနေပါတယ်။ ဒီလိုကျဆင်းလာရတဲ့ အကြောင်းအရင်းကတော့ Business Page ၁၈ သန်းကျော်ဟာ Newsfeed မှာ နေရာတစ်ခုအတွက် ပြိုင်ဆိုင်နေကြပါတယ်။ နောက်တစ်ချက်က Reach တိုးတက်ဖို့ အတွက် Facebook က သူ့ကို ငွေပေးစေချင်လို့ ဖြစ်ပါတယ်။ သင့် Business Page ရဲ့ Organic Reach ကို တိုးတက်စေမယ့် နည်းလမ်းများကို ဒီ Tutorial မှာ ဖော်ပြပေးလိုက်ပါတယ်။
သင့်ရဲ့ Organic Traffic ကို စစ်ဆေးနည်း
သင့်ရဲ့ Organic Traffic ကို စစ်ဆေးဖို့အတွက် သင့် Page ရဲ့ Facebook Insights ကို သွားပါ။ Posts Tab ကို သွားပြီး အောက်ခြေမှ See More ကို နှိပ်ပါ။ အနည်းဆုံး သုံးလအကြာလောက်က ပို့စ်များအထိ ကြည့်ရှုလေ့လာပါ။ အပေါ်ထိပ်မှ Reach Drop-Down Menu မှာ Organic/Paid ကို ရွေးချယ်ပေးထားတဲ့အတွက် ပို့စ်တစ်ခုချင်းစီရဲ့ Reach ဖြစ်တဲ့ လူဦးရေ ပမာဏကို တစ်ပေါင်းတည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ Mouse Cursor ကို Reach ကဏ္ဍအောက်မှ လိမ္မော်ရောင်ပေါ်တင်ကြည့်ရင်တော့ Organic နဲ့ Paid Reach ကို ခွဲခြားပြသပေးမှာ ဖြစ်ပါတယ်။ သုံးလအတွင်းမှာ Organic Reach ဟာ တစ်ဖြည်းဖြည်း ကျဆင်းလာရင်တော့ အောက်ဖော်ပြပါ နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။
1
၁။ အမြဲတမ်း လတ်ဆတ်နေမယ့် Content များကို တင်ပါ။

Facebook Post တစ်ခုရဲ့ သက်တမ်းဟာ အကြောင်းအရာများစွာ အပေါ် မူတည်ပါတယ်။ တစ်ခုက သူ့ရဲ့ အသုံးဝင်မှုပါ။ သင့် သူငယ်ချင်းများက Like, Comment , Share ပြုလုပ်ရင် ပို့စ်အဟောင်းတစ်ခုတောင် သင့်ရဲ့ News Feed မှာ ပေါ်လာနိုင်ပါတယ်။
ဥပမာအားဖြင့် အောက်ပါပုံမှ ပို့စ်ဟာ ၁၈ နာရီကြာမြင့်ပြီ ဖြစ်ပေမယ့် သင့်ရဲ့ သူငယ်ချင်းတစ်ယောက်က Like ပြုလုပ်လိုက်ရင် သင့်ရဲ့ News Feed မှာ ပြသပေးမှာ ဖြစ်ပါတယ်။
အဲဒီအတွက် Facebook မှာ ပို့စ်တစ်ခုတင်ရင် ကာလရှည်ကြာ လတ်ဆတ်ပြီး အသုံးဝင်မယ့် ပို့စ်မျိုးကို တင်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ ပို့စ်ကို Engage ပြုလုပ်မှုများလေလေ အဲဒီပို့စ်ရဲ့ သက်တမ်းဟာ ရှည်ကြာလေလေဖြစ်ပါတယ်။
2
၂။ အရည်အသွေးမြင့်တဲ့ ပို့စ်များကို အကြိမ်ရေ နည်းနည်း တင်ပါ။
Facebook မှာ ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီများက အပြိုင်အဆိုင် နေရာလုနေကြပါတယ်။ Facebook ရဲ့ အဆိုအရ လူတစ်ယောက် Facebook ကို Log In ၀င်ရင် ပြသစရာ ပို့စ်ပေါင်း ၁၅၀၀ ကျော်ရှိပေမယ့် ၃၀၀ လောက်ကိုသာ ပြသပေးနိုင်ပါတယ်။ Facebook Marketer တစ်ယောက်အနေနဲ့ အဲဒီတန်ဖိုးရှိတဲ့ နေရာများထဲမှ တစ်နေရာကို အပြိုင်အဆိုင် ရယူရမှာပါ။
သင့်ရဲ့ Page ကို အာရုံစိုက်မှုရရှိဖို့အတွက် တစ်နေ့တည်းမှာ ပို့စ်များစွာ တင်စရာမလိုပါဘူး။ အဲဒီအစား အရည်အသွေးမြင့်တဲ့ ပို့စ်တွေကို ဖန်တီးပါ။
Fanpage Karma မှ Coca-Cola India နဲ့ Pepsi India တို့ရဲ့ Facebook Pages များကို ခွဲခြမ်းစိတ်ဖြာထားတဲ့ ရုပ်ပုံကားချပ်ကို အောက်မှာ ပြသပေးထားပါတယ်။ Coca-Cola ဟာ Pepsi ထက် အကြိမ်အရေအတွက် အနည်းငယ်သာ ပို့စ်တင်ထားပေမယ့် Engagement အပိုင်းမှာတော့ Coca-Cola ဟာ အနိုင်ရနေတာကို ထင်ရှားစွာ တွေ့ရပါတယ်။
3
တစ်နေ့မှာ ပို့စ်ဘယ်နှစ်ခု တင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေ မရှိပါဘူး။ Buffer Blog က စီးပွားရေးလုပ်ငန်းတွေအတွက် Facebook မှာ တစ်နေ့ ပို့စ်နှစ်ခုတင်ဖို့ အကြံပေးထားပါတယ်။ Post Planner Blog က တစ်နေ့မှာ မတူညီတဲ့ ပို့စ်အမျိုးအစားသုံးခု တင်ဖို့ အကြံပေးထားပါတယ်။ သင့်ရဲ့ စီးပွားရေး လုပ်ငန်းအတွက် တစ်နေ့မှာ တင်သင့်တဲ့ ပို့စ်အရေအတွက်ကို သင်ကိုယ်တိုင် တွက်ချက်ဖို့ လိုသလို ပို့စ်မှာ Links, Images, Videos, Text စတာတွေကို ပေါင်းစည်းပြီး ရောစပ်ဖို့ လိုပါတယ်။
၃။ Content များကို သင့်တော်တဲ့ လူဆီရောက်ဖို့ Organic Post Targeting ကို အသုံးပြုပါ။
Facebook က Content များကို သင့်တော်တဲ့ လူတွေဆီ ရောက်ရှိဖို့အတွက် Organic Post Targeting ကို ပြုလုပ်ပေးထားပါတယ်။ Page ရဲ့ Status Update Box အောက်ခြေမှာ ပစ်မှတ် အိုင်ကွန်ကို နှိပ်ပြီး Fans များထဲမှ Target ထားမယ့် လူများကို ရွေးချယ်ရမှာပါ။ Target များကို Gender, Relationship Status, Education Level, Age, Location, Language, Interests, Post End Date ဆိုပြီး အုပ်စု ၈ ခု ခွဲခြားပေးထားပါတယ်။ သင့်ရဲ့ ပို့စ်နဲ့ သင့်တော်မယ့် Target များကို ရွေးချယ် သတ်မှတ်နိုင်ပါတယ်။
သင့်ရဲ့ Fans များထဲမှ ပို့စ်ကို ကြိုက်နှစ်သက်နိုင်တဲ့ လူများကို ပစ်မှတ်ထားခြင်းဖြင့် Engagement တက်လာစေမှာ ဖြစ်ပါတယ်။ သင့် Page ရဲ့ Fans အရေအတွက်ဟာ ၁၂ ၀၀၀ ရှိတယ်ဆိုရင် ပစ်မှတ်ကို ၁၂ ၀၀၀ အတွက် ရည်ရွယ်ရင် အဲဒီပို့စ်ကို မနှစ်သက်သူများထံသို့ ရောက်သွားနိုင်တဲ့အတွက် Engagement ကျဆင်းသွားတာ ဖြစ်ပါတယ်။
4
၎။ သင့်ရဲ့ Fans များ အွန်လိုင်းပေါ်မှာ ရှိတဲ့ အချိန်ကို ရွေးချယ်ပါ။
သင့်ရဲ့ Fans များ အွန်လိုင်းပေါ်မှာ ရှိတဲ့ အချိန်ကို ရွေးချယ်ပြီး ပို့စ်တင်ခြင်းဟာ Organic Reach ကို တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒီလို Fans များ အွန်လိုင်းပေါ်မှာ ရှိတဲ့ အချိန်ကို သိနိုင်ဖို့ Facebook က ပံ့ပိုးပေးထားပါတယ်။ Facebook Insights > Posts ကို သွားရင် Default အားဖြင့် When Your Fans Are Online ဆိုတာကို ရွေးချယ်ပေးထားပါတယ်။ အဲဒီအောက်မှာ တစ်ပတ်အတွင်း အွန်လိုင်းပေါ်တက်တဲ့ သင့်ရဲ့ Fans လူဦးရေ ပမာဏကို နေ့ရက်များနဲ့ ခွဲခြားပြသပေးထားပါတယ်။
သူရဲ့အောက်မှာတော့ အချိန်နာရီအလိုက် အွန်လိုင်းပေါ် ရောက်ရှိနေတဲ့ ပရိသတ် ပမာဏကို ပြသပေးထားပါတယ်။ ပရိသတ်အများဆုံး အွန်လိုင်းပေါ် ရောက်ရှိတဲ့ နေ့ရက်နဲ့ အချိန်တွေကို ရွေးချယ်ပြီး ပို့စ်တင်ရင် Organic Reach ကို တိုးတက်စေမှာ ဖြစ်ပါတယ်။
5
၅။ ပရိသတ် နှစ်သက်မယ့် ပို့စ်အမျိုးအစားများကို တင်ပါ။
Socialbakers ရဲ့ ယခုနှစ် ဖေဖော်ဝါရီလ စစ်တမ်းအရ Facebook ပရိသတ်တွေဟာ ဓါတ်ပုံတွေထက် လင့်တွေ၊ ဗီဒီယိုတွေကို ပိုမိုနှစ်သက်ကြပါတယ်။ စစ်တမ်းကို သေချာလေ့လာကြည့်မယ်ဆိုရင် ဓါတ်ပုံတွေဟာ Organic Reach အနည်းဆုံး ဖြစ်ပြီး လင့်နဲ့ စာသားတွေက ပိုမို ကောင်းမွန်ပါတယ်။ ဗီဒီယိုပို့စ်တွေကတော့ Organic Reach အမြင့်ဆုံး ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလို တစ်ထစ်ချယူဆလို့ မရသေးပါဘူး။ Facebook Insights ကို အသုံးပြုပြီး သင့်ရဲ့ ပရိသတ်တွေဟာ ဘယ်လို ပို့စ်အမျိုးအစားကို နှစ်သက်လဲဆိုတာ လေ့လာပါ။ သင့်ရဲ့ ပရိသတ်တွေဟာ ဓါတ်ပုံတွေကို ပိုမိုနှစ်သက်ရင် သင့်ရဲ့ နည်းဗျူဟာကို မပြောင်းလဲသင့်ပါဘူး။ အခြား ပို့စ်အမျိုးအစားများကို အနည်းငယ်စီ မိတ်ဆက်ပြီး ပြန်လည် ခွဲခြမ်းစိတ်ဖြာပါ။

Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment