Saturday, May 14, 2016

♪ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ ♫


မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung ဖုန်းပါ။ ဖုန်းက အားသွင်းကြိုးထိုးထားရင် အရမ်းပူတယ်။ ပြီးတော့ အားလည်း မ၀င်ဘူး။ ဘာဖြစ်တာလဲမသိဘူးဗျ။
ဖြေ - အစ်ကိုရေ အဲ့တာက Charger လမ်းကြောင်းမှာ Short ဖြစ် နေလို့ပါ။ ကြာကြာဆက်သုံးလို့တော့ သိပ်အဆင်မပြေဘူးဗျ။ ပါဝါပါ သေသွားနိုင်တယ်။ အဲ့တာကြောင့် အစ်ကိုနီးစပ်ရာဆိုင်မှာ အမြန် သွားပြကြည့်လိုက်ပါခင်ဗျာ။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းကHuawei ဖုန်းပါ။ ဂိမ်းကစား ရင်း ပါဝါသေသွားတယ်ခင်ဗျာ။ နည်းနည်းကြာတော့ ပါဝါပြန်ဖွင့် တော့ Huawei Logoပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေတယ်။ အား သွင်းကြိုးထိုးရင် သုံးလို့ရတယ်။ ဘာဖြစ်တာလဲမသိဘူးဗျ။
ဖြေ - အစ်ကိုဂိမ်းကစားရင်းဖြစ်တာဆိုတော့ စဉ်းစားစရာ ၂ ချက် ရှိတယ်ဗျ။ အစ်ကိုဖြစ်နေတဲ့ပုံက အားသွင်းကြိုးထိုးထားရင် ဖုန်းကို အသုံးပြုလို့ရတယ်ဆိုတော့ ဘက်ထရီကို အရင်လဲကြည့်ပါ။ မရရင် တော့ Phone PCB Board ဘုတ်ပြားကိုပြုပြင်ရမှာပါ။ အစ်ကို့အနေနဲ့ ဘက် ထရီလဲပြီး စမ်းကြည့်ပါ။ မရရင်တော့ Service ဆိုင်ကို ပြကြည့်ပါ ခင်ဗျာ။
မေး - အစ်ကိုရေ ကျွန်တော့်ရဲ့ iPhone 6 လေး Network Searching ဖြစ်နေလို့ပါ။ အရင်တုန်းက အားမခံလို့ဆိုပြီး Battery လဲပြီးက တည်းကဖြစ်သွားတော့ ဖုန်းတော့ပြောလို့ရတယ်။ Network တိုင်း မှာတော့ Searching ပြနေတယ်။ ဘယ်လိုဖြေရှင်းရမလဲမသိဘူးဗျ။ ကူညီပေးပါဦးအစ်ကို။
ဖြေ - အစ်ကိုရေ ဒီလို Error မျိုးက Date And Time မှားလို့ဖြစ်တာ ပါ။ Date And Time ကိုသာပြန်ချိန်ပေးလိုက်ပါ။ အဆင်ပြေသွားမှာပါ။ အကယ်၍ မရခဲ့ဘူးဆိုရင်တော့ နီးစပ်ရာ Service ဆိုင်ကိုသာပြကြည့် ပါခင်ဗျာ။
မေး - အစ်ကိုတို့ရေ G610 ဖုန်းလေး ကျွန်တော့်ကိုလာအပ်တယ် ဗျ။ Logo မှာတင်လည်နေတယ်။ အစ်ကိုတို့ဆိုရင် Firmware ပြန် တင်မယ်။ Error ပြနေတယ်။
ဖြေ - G610 U00 ဖုန်းတွေကို Firmware ပြန်တင်ရင် Dload Firmware တင်တယ်။ မရဘူး။ ဒါပေမဲ့ SP Flash Tool နဲ့ Firmware ပြန်တင်ပါက ရသွားလိမ့်မည်။ Power ပြန်ပွင့်လာပါက Touch ဆွဲမရသော Error နဲ့ ကြုံနေပါလိမ့်မည်။ ထို Error လေးကိုပြန်ရှင်းမယ်ဆိုလျှင် G610 U00 Build Number 954 Firmware File Dload နဲ့ရှင်းလိုက်ပါ။ အဆင်ပြေသွား ပါလိမ့်မယ်။
မေး - Huawei ဖုန်းတွေမှာ ဖုန်း Sim Card Lock ကျသလိုလို၊ Phone Password Lock ကျသလိုလိုနဲ့ အဖြစ်များနေပါတယ်။ အစ်ကို တို့ဆို ဘယ်လိုရှင်းမလဲ။
ဖြေ - အဲ့ဒီလို Error မျိုးဖြစ်နေပါက Firmware ပြန်တင်ရုံနဲ့မရပါ။ အဲ့လို Error မျိုးတွေက Version 4, 5 တွေမှာပါလာတတ်ပါတယ်။ Anti Lock လို့ခေါ်ပါတယ်။ ထို Lock ကိုဖြေချင်ပါက Box Crack နဲ့ဖြေလို့ရ ပါတယ်။
မေး - အစ်ကိုရေ မင်္ဂလာပါ။ ကျွန်တော်က Xiaomi ဖုန်း User တစ်ယောက်ပါ။ ကျွန်တော်အခု Xiaomi Redmi Note 2 ကိုကိုင်ထား ပါတယ်။ Xiaomi ရဲ့ Mini က အရမ်းသုံးလို့ကောင်းပါတယ်။ ကျွန် တော်သိချင်တာက Mini Version ကို ဖုန်းထဲကမြှင့်လို့ရသလားခင် ဗျာ။ မြှင့်ရင် ဘာ Error ဖြစ်နိုင်ပါသလဲ။
ဖြေ - Xiaomi ဖုန်းတွေကို Update လုပ်နည်းတွေကတော့ အများကြီး ရှိပါတယ်။ ကွန်ပျူတာမရှိသူများလည်း အဆင်ပြေအောင် အလွယ် ဆုံးနည်းလေးတစ်ခုကိုပြောပေးပါမယ်။ အခုနည်းကိုသုံးမယ်ဆိုရင် တော့ Wi-Fi Internet (or) Mobile Data တစ်ခုခုရှိမှ ရမှာပါ။ Internet လိုင်း ဖွင့်ပြီှး Screen ပေါ်မှ Updater ထဲဝင်ပါ။ Check Updates ကိုနှိပ်ပြီး Updates လုပ်နိုင်ပါတယ်။ Updates ရှိခဲ့ရင် Download ကိုနှိပ်ပေးလိုက် ပါ။ ပြီးတာနဲ့ Reboot Now ကိုနှိပ်ပေးလိုက်ရင် Update File တွေကို သူ့ဖာသာသူ Install လုပ်ပေးသွားပြီး Power ပြန်တက်လာရင် ရပါပြီ။ Xiaomi ဖုန်းတွေအားလုံးကိုလည်း ဒီနည်းအတိုင်း Update ပြုလုပ်နိုင် ပါတယ်။
ဤကဏ္ဍကို Today Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)

No comments:

Post a Comment