Android Device အသုံးပြုသူတိုင်း “ Unfortunately app has stopped “ Error ကို ကြုံတွေ့ကြရဖူးမှာပါ။ App တစ်ခုကို အသုံးပြုနေစဉ်မှာပဲ App ဟာ အလုပ်လုပ်တာ ရပ်ဆိုင်းသွားပြီး အဲဒီ Message ကို ရရှိတာ ဖြစ်ပါတယ်။ ဒါဟာ အလွန်စိတ်ညစ်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများ ရှိနေတဲ့အတွက် ကံကောင်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။
App’s Storage ကို ရှင်းလင်းပါ။
ဒီပြဿနာဟာ Contacts, Gallery , Launcher Apps များမှာ မကြာခဏဖြစ်တတ်ပါတယ်။ ဘယ်လို Apps မှာ ဖြစ်သည်ဖြစ်စေ ဒီလိုပြဿနာမျိုးကို ဖြေရှင်းရတဲ့ နည်းလမ်းကတော့ အတူတူပါပဲ။
• သင့်ဖုန်းရဲ့ Settings ထဲသွားပါ။
• Applications> Application Manager ထဲသွားပါ။
• ဘယ်ဘက်သို့ ပွတ်ဆွဲပြီး All Tab ထဲသွားပါ။
• ပြဿနာဖြစ်နေတဲ့ App ကို ရှာပြီး တစ်ချက်နှိပ်ပါ။
• အဲဒီမှာ Clear Data နဲ့ Clear Cache တို့ကို တွေ့ရမှာပါ။
Clear Cache ကို အရင်ဆုံး ပြုလုပ်သင့်ပါတယ်။ သူက App ကိုဖွင့်ချိန်မှာ ပိုမိုမြန်ဆန်အောင် သိမ်းထားတဲ့ ဒေတာများကို ဖျက်ဆီးပေးမှာပါ။ အဲဒီလို ရှင်းရင် App ဖွင့်ချိန်မှာ အနည်းငယ် နှေးကွေးပေမယ့် ပြဿနာ ပြေလည်သွားနိုင်ပါတယ်။
မပြေလည်ဘူးဆိုမှသာ Clear Data ကို ပြုလုပ်သင့်ပါတယ်။ ဒီလိုလုပ်ရင် ဖိုင်များ၊ Settings များ၊ အကောင့်များ အပါအ၀င် App Data များကို ဖျက်ဆီးပစ်မှာပါ။ အဲဒီအတွက် မလိုအပ်ရင် မပြုလုပ်သင့်ပါ။
1
App ကို Uninstall , Reinstall ပြုလုပ်ပါ။
ဖုန်းမှာ နဂိုပါတဲ့ Apps များ မဟုတ်ရင် Uninstall လုပ်ပြီး Google Play Store ကနေ Reinstall လုပ်ပါ။ Play Store App ကိုဖွင့်ပြီး ဘယ်ဘက်ခြမ်းမှ Menu Bar ကို နှိပ်ပါ။ My Apps ထဲသွားပါ။ ပြဿနာဖြစ်နေတဲ့ App ကို တစ်ချက်နှိပ်ပြီး Uninstall လုပ်ပါ။ အဲဒီနောက်မှာ Install ပြန်လုပ်ပါ။
Restart or Soft Reset လုပ်ပါ။
သင့်ရဲ့ ဖုန်းကို Reset or Soft Reset ပြုလုပ်ပါ။ သင့်ရဲ့ဖုန်းကို Restart မလုပ်တာကြာနေရင် ဒါဟာ ထိရောက်ပြီး ရိုးရှင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ Soft Reset လုပ်ရင် သင့်ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်။
ရက်အနည်းငယ်ကြာတိုင်း သင့်ဖုန်းကို ပိတ်ပြီး မိနစ်အနည်းငယ် ထားရှိသင့်ပါတယ်။ ဒီလိုလုပ်ရင် Apps, Network, Audio, Email စတာတွေနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ ပြေလည်သွားတတ်ပါတယ်။
Factory Reset လုပ်ပါ။
အပေါ်ကနည်းများနဲ့ အဆင်မပြေရင်တော့ သင့်ဖုန်းကို Factory Reset ပြုလုပ်ပါ။ ဒီလိုလုပ်ရင် သင့်ရဲ့ ဒေတာအားလုံးကို ဖျက်ဆီးမှာ ဖြစ်တဲ့အတွက် မပြုလုပ်ခင်မှာ Backup လုပ်ထားဖို့ အရေးကြီးပါတယ်။ Factory Reset က သင့်ဖုန်းမှ ဒေတာအားလုံးကို ဖျက်ဆီးပြီး စက်ရုံထုတ်အနေအထားအတိုင်း ပြန်လည်ရောက်ရှိအောင် ပြုလုပ်မှာပါ။ အဲဒီအတွက် Bugs များနဲ့ အတူ အရာအားလုံးကို ပျောက်သွားစေပါတယ်။ Factory Reset ပြုလုပ်ပြီးရင် သင့်ရဲ့ Apps နဲ့ ဒေတာများကို ပြန်လည် Restore လုပ်နိုင်ပါတယ်။