Friday, December 25, 2015

♪ " Facebook နှင့် Uber ပူးပေါင်းကာ ၀န်ဆောင်မှုပေးမည်ဟုဆို " ♫

Facebook သည် ပီဇာမှာ စားနိုင်သည့်အဆင့်သို့ မရောက်သေးသော်လည်း အငှားကားကိုမူ ခေါ် ယူပေး နိုင်တော့မည်ဟု သိရသည်။ Facebook သည် Uber နှင့်လက်တွဲခဲ့ပြီး ၎င်း၏ Messenger app အတွင်း၌ အငှားကားခေါ်ယူသည့် ၀န်ဆောင်မှုပါဝင်လာတော့မည်ဖြစ်သည်။

Messenger မှတစ်ဆင့် လိပ်စာပေးပို့ပါက ''Request a Ride" ဟူသော box အားသုံးကာ ခေါ်ယူနိုင်မည် ဖြစ်သလို Car ပုံစံခလုတ်အားနှိပ်ကာ ခေါ်ယူမှုလည်းပြုလုပ်နိုင်မည်ဖြစ်သည်။ သုံးစွဲသူသည် Messenger အား တောက်လျှောက်သုံးကာ ခေါ်ယူမှုပြုနိုင်မည်ဖြစ်ပြီး Messenger အတွင်းမှပင် Uber အား sign up လည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ပထမဆုံး ငှားရမ်းမှုကိုလည်း ဒေါ်လာ ၂၀ ထိ အခမဲ့ပေးမည်ဟု Uber မှဆိုသည်။

Facebook သည် ၎င်း၏ Messenger အား messaging ၀န်ဆောင်မှုအဖြစ်မှ ထပ်မံတိုးချဲ့ရန် ဆက်တိုက် လုပ်ဆောင်နေပြီး WeChat ကဲ့သို့ ပြိုင်ဘက်များသည် တရုတ်နှင့် ဂိမ်းငွေပေးချေမှုစသည်တို့ ပြုလုပ် လျက်ရှိသည်။ Messenger အား လူပေါင်း သန်း ၇၀၀ မှ တစ်လလျှင် အနည်းဆုံးတစ်ကြိမ် သုံးစွဲ လျက်ရှိသော်လည်း Facebook မှ ထို့ထက် ထပ်မံချဲ့ထွင်ရန် စဉ်းစားလျက်ရှိသည်။

Uber မှာလည်း ၀န်ဆောင်မှုများစွာနှင့် ပူးပေါင်းလျက်ရှိပြီး OpenTable, United Airlines နှင့် Apple Watch စသည်တို့ပါဝင်သည်။ Messenger နှင့် Uber မှာ ပူးပေါင်းထားသော်လည်း Facebookု မှာ Uber ၏ ပြိုင်ဘက် ဖြစ်သည့် Lyft နှင့်လည်း ပူးတွဲလုပ်ဆောင်ရန် ရှိနေသေးကြောင်းသိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 

No comments:

Post a Comment