Thursday, December 24, 2015

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြသနာများ " ♫


မေး - Xiaomi Mi4i က အဖြူတစ်ရောင်ပဲလာပါသလား။
ဖြေ - အခုတော့ အဖြူပဲထွက်ပါသေးတယ်။ ဒါပေမဲ့ India နဲ့ Hong Kong မှာတော့ Dark Grey (မီးခိုးရောင်)နဲ့လာတဲ့ဖုန်းတွေထွက်ရှိပြီးပါပြီ။

မေး - Xiaomi Mi4i က Corning's Gorilla Glass နဲ့လာပါသလား။
ဖြေ - မဟုတ်ပါဘူး။ Corning's OGS ကိုအသုံးပြုထားတာပါ။ သူက Gorilla Glass 3 ခိုင်ခံ့ပါတယ်။

 မေး - Xiaomi Mi4i Sim တွေက 3G, 4G Support ပေးပါသလား။
ဖြေ - ဟုတ်ကဲ့။ 3G, 4G Support ပေးထားပါတယ်။

 မေး - Xiaomi Mi4i က IP57 Certified ဖြစ်ပြီးသားလား။
ဖြေ - မဟုတ်ပါဘူး။ Mi4i က Water Resistant မရှိတဲ့အတွက် IP57 Certified မဖြစ်ပါဘူး။

 မေး - Xiaomi Mi4i အတွက် Accessories တွေ ဘယ်ကရနိုင်မလဲ။
ဖြေ - Xiaomi ရဲ့ Official Site ဖြစ်တဲ့ Mi.com မှာ ၀ယ်ယူလို့ရပါတယ်။

 မေး - Xiaomi Mi4i မှာ MIUI6 ရဲ့ Animations တွေရပါသလား။
ဖြေ - မရသေးပါဘူး။ ROM ကို Stable မဖြစ်ခင်ထိ Animations တွေ ကို Disable ရပ်ထားပါတယ်။

 မေး - Xiaomoi Mi4i အတွက် Fastboot ROM ကိုရနိုင်မလား။
ဖြေ - မှာရနိုင်ပါတယ်။ ဒါပေမဲ့ Goble လား၊ China ROM လား သေချာစွာစုံစမ်းပြီးမှDownload ရယူပါ။

 မေး - အစ်ကို ကျွန်တော်က Viber သုံးပါတယ်။ အခုကျွန်တော့် Viber က User Pictuer (or) Profile တင်တဲ့အခါ Low Storage Space (or) Not Enough Storage Space ဖြစ်နေပါတယ်။ အဲ့တာဖြေရှင်းနည်း လေးသိချင်လို့ပါ။
ဖြေ - ဟုတ်ကဲ့။ အဲ့တာက အစ်ကိုတို့ဖုန်းရဲ့ Internal Storage Space ပြည့်နေလို့ပါ။ အဲ့တာက ဂိမ်းတွေ၊ Application တွေအများအပြား Install လုပ်ထားတဲ့အခါတွေမှာ ဖြစ်တတ်သလို Install ထဲမှာ တစ် ခြားဖိုင်တွေနဲ့ပြည့်နေတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အဲ့တာကိုနည်း ၂ နည်းနဲ့ဖြေရှင်းလို့ရပါတယ်။ ပထမတစ်ချက်က Internal Storage ထဲက ဖိုင်တွေကိုရှင်းလျှင်ရသလို နောက်တစ်နည်းက SD Card ထည့် ထားလျှင် ဖုန်းရဲ့ Setting ထဲက Storage ထဲက Default Write Disk ဆို သောနေရာတွင် Internal Storage ကို Select ပေးထားပါလိမ့်မယ်။ ဒါဆို ရင် SD Card ကိုပြောင်းပြီး Select ပေးပါ။ ပြီးလျှင် Restart ချပေးလိုက် ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

 မေး - ကျွန်တော့်ဖုန်းထဲမှာ ဘယ်နေရာဝင်ဝင် အရောင်တွေ ပြောင်းကုန်ပြီး Black & White တွေဖြစ်ကုန်လို့ အဲ့ဒါဘာကြောင့် ဖြစ်တာလဲ။ ဘယ်လိုပြန်လုပ်ရင်အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အဲ့လိုဖြစ်တာက Setting ထဲက Negative Colors ကို ဖွင့်မိသွားလို့ပါ။ Setting ထဲက Accessibility ထဲကိုဝင်ပြီး Negative Colors ကိုပိတ်လိုက်ပါ။ Accessibility ထဲမှာမရှိဘူးဆိုရင် Negative Colors ကို ရှာပြီးပိတ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

 မေး - ကျွန်တော့်ဖုန်းက Samsung S3 ပါ။ ပါဝါခလုတ်ကိုနှိပ် လိုက်ရင် ပါဝါတတ်တယ်။ Logo လောက်မှာပြန်ပြုတ်ပြုတ်ကျ နေတယ်။ ဘယ်လိုလုပ်ရင်အဆင်ပြေမလဲဗျ။
ဖြေ - ဒါဆိုရင် ဖုန်းဘက်ထရီ Connector နားက Component များကို စစ်ရပါမယ်။ Charging IC နဲ့ သူ့ဘေးက Component လေးတွေကိုစစ် ကြည့်ပါ။ ရေ၀င်တယ်ဆိုရင်တော့ Wi-Fi IC အဖြစ်များပါတယ်။ Wi-Fi IC ကြောင့်ဆိုရင် Amper လက်တံက ပုံမှန်မတတ်ဘဲ ပိုတတ်နေတတ် ပါတယ်။ ဒါပေမဲ့ Crystal X, Power Crystal လေးမကောင်းရင်လည်း အဲ လို Error မျိုးတတ်ပါတယ်။ ဒါက HardWare ပါ။ အရင်လုပ်ကြည့်ရမှာ ကတော့ Farmware အရင်တင်ကြည့်ပါ။

 မေး - ကျွန်တော့်ဖုန်းက Huawei 8815 ပါ။ ပါဝါဖွင့်ရင်ရတယ်။ Software ထဲဝင်ရင် ပါဝါပြန်ကျတယ်။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - Farmware အရင်တင်ကြည့်ပါ။ အဆင်မပြေဘူးဆိုရင် Wi-Fi IC လဲပါ။ မရဘူးဆိုရင် Power IC လဲကြည့်ပါ။ Power IC ဘေးနားက Component လေးကြောင့်လဲဖြစ်တတ်ပါတယ်။ အဆင်မပြေဘူးဆိုရင် Bluetooth IC ကိုလဲပါ။ ကျွန်တော်က Bluetooth IC ကိုဖြုတ်လိုက်တယ်။ အဆင်ပြေပါစေ။ ကျွန်တော်ကတော့ အဆင်ပြေသွားတယ်ဗျ။

ဤကဏ္ဍအတွက် Today Mobile (ဖုန်း - 09-730 33 966 ၊ 09-4217 44 111 မှကူညီပံ့ပိုးပေးပါသည်။)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment