Tuesday, December 29, 2015

♪ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြသနာများ " ♫


မေး - ကျွန်တော့်ဖုန်းက iPhone 5 ပါ။ Software အကုန်သုံးလို့ ရတယ်။ ဒါပေမဲ့ ဂိမ်းဆော့ရင် ပါဝါပြန်ပြန်ကျသွားတယ်။USB ကြိုးနဲ့ထိုးထားပြီးတော့သုံးရင်အဆင်ပြေတယ်ဗျ။
 ဖြေ - အစ်ကိုရေ ဒီ Error မျိုးက 3G ဖုန်းတွေ Tablet တွေမှာအဖြစ် များတယ်ဗျ။ ခုနောက်ပိုင်းအဲ့လို Error မျိုးက iPhone တွေမှာ ခဏ ခဏတွေ့နေရပါတယ်။ ဘာဖြစ်တာလဲဆိုရင် ဘက်ထရီရဲ့အားသိုလှောင်မှုက နည်းနေတာဖြစ်နိုင်တယ်ဗျ။ ဒါကြောင့် အဲ့ဒီ Error မျိုး ဖြစ်ခဲ့ရင် Battery အသစ်ကိုလဲတပ်လိုက်ပါဗျ။

မေး - ကျွန်တော့်ဖုန်းက ဖုန်းကတ်ထည့်ထားတယ်။ ဖုန်းခေါ် လို့မရဘူး။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဖုန်းကတ်ထည့်တိုင်း ဖုန်းခေါ်လို့ရမှာမဟုတ်ပါဘူး။ GSM, CDMA သူ့အမျိုးအစားအလိုက်ထည့်ပါ။ အရင်က ဒီကတ်ထည့်ပြီးသုံး တာ အခုမှခေါ်မရတော့တာ။ အဲ့ဒီလိုဆိုရင်တော့ ဖုန်းကြောင့်ဖြစ် တာပါ။ No Sim လို့ပြတာလား။ No Service လို့ပြတာလား။ 1x ပြတာ လား။ ဒါတွေကိုစစ်ရပါမယ်။ No Sim လို့ပြတာဆိုရင်တော့ လိုင်း ကတ်ကိုမသိတာပါ။ ဒါကြောင့် Sim အထိုင်စစ်ရပါမယ်။ Sim အထိုင် နားက Component လေးတွေစစ်ရမယ်။ Sim အထိုင်ဗို့တွေစစ်ရပါမယ်။ No Service ဆိုရင် Firmware တင်တာတို့လုပ်ရမယ်။ မရဘူးဆိုရင်တော့ Network ပိုင်းက PA IC, RF IC နဲ့ Component လေးတွေစစ်ရပါမယ်။

 မေး - ကျွန်တော့်ဖုန်းက Huawei 610 ပါ။ ဖုန်းအားသွင်းရင် ခဏလေးနဲ့အားပြည့်တယ်။ ဒါပေမဲ့ ခဏလေးအားကုန်သွား တယ်။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - အရင်ဆုံးလုပ်ရမှာကတော့ ဘက်ထရီကိုစစ်ပါ။ ရေ၀င်ထား တဲ့ ဘက်ထရီတွေဆိုရင်တော့ ပြန်လည်အသုံးပြုလို့မသင့်တော်ပါ ဘူး။ နောက်တစ်ခုက ဘက်ထရီက Connector နဲ့သိပ်မထိဘူး။ ဘက် ထရီချောင်နေရင်ဆိုရင်လည်း အားကုန်မြန်ပါတယ်။ Phone Board ပြားကိုစစ်တော့မယ်ဆိုရင်တော့ ပါဝါပိုင်းနဲ့ Charger IC ပိုင်းကိုအဓိက ထားစစ်ပါ။ Power IC ကြောင့်ဖြစ်နိုင်သလို Charger IC ကြောင့်လည်း ဖြစ်တတ်ပါတယ်။ နောက်ပြီး Battery Connector နားက Component လေးတွေကြောင့်လည်းဖြစ်တတ်ပါတယ်။

 မေး - ကျွန်တော့် Samsung က Korea Model ပါ။ အင်တာနက် မဖွင့်ဘဲ အလိုလိုပွင့်နေတယ်။ ဘယ်လိုဖြေရှင်းရမလဲခင်ဗျာ။
ဖြေ - အင်တာနက်အလိုလိုပွင့်တာက Virus ကြောင့်ဖြစ်နိုင်သလို Samsung Korea Model တွေမှာလည်း Virus မကိုက်ဘဲ Error တက်တတ် ပါတယ်။ တကယ်လို့ Virus ကြောင့်ဆိုရင်တော့ Firmware တင်မှ အ ဆင်ပြေမှာပါ။ Virus ကြောင့်မဟုတ်ရင်တော့ အောက်ပါ နည်းအတိုင်း ဖြေရှင်းနိုင်ပါတယ်။ Dialer ကနေ 319712358 ဟုရိုက်ပါ။ Password တောင်းရင် 774632 (or)996412 ဟုရိုက်ပါ။ ထိုနှစ်ခုမရလျှင် 110821 ကိုရိုက်ထည့်ပေးပါ။ Menu တစ်ခုတက်လာပါမယ်။ Menu ထဲက Netwrok Setting ကိုဝင်ပါ။ Network Setting ModeGSM 900 ကိုရွေးပြီး Home Key နှိပ်ပြီးထွက်လိုက်ရင် အဆင်ပြေသွားမှာပါ။

 မေး - ကင်မရာဖွင့်တိုင်း Low Storage Space ပြတာ ဘာကြောင့် ပါလဲ။ ကူညီပေးပါ။
ဖြေ - Internal Memory ပြည့်နေရင် ကင်မရာမှာ Low Storage ဆို ပြီးပြတတ်ပါတယ်။ Application တွေ Install လုပ်တာများရင်လည်း RAM ထဲမှာပြည့်ပြီး ကင်မရာဖွင့်မရတာ မျိုးတွေဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်နေရင် အကောင်းဆုံးက Setting ထဲကနေ Factory Reset ချလိုက် ပါ။ Wiping လုပ်ပြီး Reboot ပြန်တက်လာရင် အစ်ကို့ဖုန်းရဲ့ကင်မရာ Error ဖြေရှင်းလို့ရသွားပါပြီ။

 မေး - အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ကျွန်တော် iCloud Lock အကြောင်းနည်းနည်းလောက်မေးချင်လို့ပါ။ Passcode Lock သော၊ Firmware ပြုတ်နေသော၊ Logo တွင်ရပ်နေသော iPhone အား iCloud Lock ရှိ၊မရှိ ဘယ်လိုစစ်ရပါသလဲခင်ဗျာ။
ဖြေ - iPhone တွေကို Firmware ရေးမည်ဆိုရင်တော့ iCloud Lock ရှိ၊ မရှိစစ်ဖို့က အရေးကြီးပါတယ်။ စစ်မည်ဆိုရင်တော့ ကိုယ်စစ်မည့် iPhone ရဲ့ imeir or s/n နံပါတ်တွေသိဖို့လိုပါတယ်။ ပါဝါဖွင့်လို့ရတဲ့ဖုန်း တွေမှာတော့ ဖုန်းခေါ်တဲ့နေရာမှာ *#06# ကိုနှိပ်လိုက်ရင် imei နံပါတ် ကြည့်လို့ရပါတယ်။ ပါဝါဖွင့်လို့မရရင်တော့ iPhone 4, 4S, 6S, 6S, Plus တွေမှာ Sim Slot မှာကြည့်လို့ရပြီး iPhone 5, 5S, 6, 6 Plus တွေမှာတော့ ဖုန်း၏ကျောဖက်မှာ ကြည့်ရှုလို့ရပါတယ်။ imei or s/n တွေရပြီဆိုရင် တော့ www.icloud.com/activationlock ဆိုတဲ့ Website မှာ စစ်လိုက်လို့ Activation Lock On ဆိုရင် iCloud Lock ရှိပါတယ်။ Off ဆိုရင်တော့ iCloud Lock မရှိပါဘူး။

ဤကဏ္ဍအတွက် Today Mobile (ဖုန်း - 09-730 33 966 ၊ 09-4217 44 111 မှကူညီပံ့ပိုးပေးပါသည်။)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment