Tuesday, December 22, 2015

မောင်ပေါက် မိတ်ဆွေများသို့



ကျွန်တော် သင်တန်း ၁ လ သွားနေခဲ့ပါတယ်.. သင်တန်းမသွားခင် သင်တန်းအတွက် ပြင်ဆင်နေတဲ့အတွက်လည်း ဘလော့ကို လှည့်မကြည့်ဖြစ်ခဲ့ပါဘူး.. ဒါကြောင့် သင်တန်းမတက်ခင် ၁လ၊ သင်တန်းကာလ ၁ လ၊ စုစုပေါင်း ၂ လလောက် ဘလော့ကို လှည့်မကြည့်ဖြစ်ခဲ့သလို အီးမေးလည်း ပြန်ဖြေခြင်း မပြုနိုင်ခဲ့ပါဘူး..
ဒါကြောင့် မိတ်ဆွေများအားလုံးကို အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါတယ်.. ကျွန်တော်ဆီကို ပို့ထားတဲ့ အီးမေးတွေကိုလည်း ဖတ်ဖြစ်မှာမဟုတ်တော့တဲ့အတွက် အရေးကြီးအကြောင်းအရာများကို ပြန်လည် ပေးပို့ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်..
နောက်ပြီး ကျွန်တော်ရဲ့ All Update Reader 3.0 မှာ အားကစားသတင်းအပါအဝင် သတင်းတွေ မတက်တဲ့ပြဿနာကိုလည်း ပြန်လည် ဖြေရှင်းပြီးဖြစ်ပါတယ်.. All Update Reader ကို အသစ် Install လုပ်စရာမလိုဘဲ သတင်းသစ်ရယူရန် ဆိုတာကိုနှိပ်ပေးရုံနဲ့ အဆင်ပြေသွားပြီဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုပါတယ်..

All Update Reader 3.0 မရှိသေးသူများကတော့ http://www.maungpauk.org/2015/07/all-update-reader-30.html မှာ ရယူနိုင်ပါတယ်ခင်ဗျာ..

ဒီရက်နောက်ပိုင်း တန်ဖိုးရှိတဲ့ အကြောင်းအရာများနဲ့ Computer Software, Phone နဲ့ပတ်သက်တဲ့ Software တွေကို Update ဖြစ်အောင် တင်ပေးသွားပါတယ်..

အားလုံးကို လေးစားလျက်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
 
 

No comments:

Post a Comment