Friday, May 31, 2013

မနာလိုစိတ်

Photo: ””” မနာလိုစိတ်

သိပ် ကြောက်ဖို့ကောင်းတယ် ။ ဟိုကောင့် ဟင်းက ဆီပြန်ပဲ ။ အရသာရှိတဲ့ ဟင်းတခွက်ပဲ ။ သူ့ ဟင်းကို သူများ တောင်းစား မှာ မနာလိုတော့ မျက်နှာ စူပုပ်ပြီး စား ၊ ဖွက်ပြီးစားနဲ့ သူ့ အရသာရှိတဲ့ ဟင်းက အရသာရှိပါ လျှက်နဲ့ အရသာပျောက် သွားတယ် ။ တဖက်သူက ဘာမှ မဖြစ်လိုက်ဘူး ။

ဟိုတယောက်ကို ဒီနေ့ အကဲခတ်ရ တာ သူ့ပညာတွေ နောက်လူ မြင်သွားမှာ မနာလိုတော့ လူလာရင် Mozilla ကို Minimize လုပ်လိုက် ၊ လူသွားမှ ပြန်ကြည့်လိုက် ။ ဒီလိုနဲ့ သုံးနှစ် ကြာလည်း ဒီကောင် တိုးတက်မယ့် ကောင် မဟုတ်ဘူး ။

ကိုယ်မတတ်တဲ့ ပညာ သူတတ်သွားမှာ ၊ ကိုယ့်ထက်သာ သွားမှာ မနာလိုတာတွေ ပဲဖြစ်နေရင် ကိုယ်ပဲ ပူလောင်မယ် ။ ကိုယ်ပဲ အသုံးမကျတဲ့ ပညာမဲ့ ဖြစ်ပြီး သူများ အခိုင်းအစေ ဘ၀နဲ့ တသက်လုံး နေရမယ် ။

စီးပွါးရေး ဘာသာရေး ပညာရေး နိုင်ငံရေး ဒီအရေးအားလုံးမှာ အမှန်တကယ် တိုးတက်ချင်ရင် မနာလိုစိတ် ကို ရှက်ပါ ။

လူတိုင်း ကိုယ့်ထက် သာပါစေ ဆိုတဲ့ စိတ်ကို မွေးမှ ကိုယ်က သူတို့ထက် သာလာမှာ ။ လူတိုင်း ကိုယ့်ထက် သာသွားမှာ မနာလိုဖြစ်နေရင်တော့ အမြဲတမ်း သူတို့ အောက်မှာပဲ ကျွန်ဖြစ်လိမ့်မယ် ။ ””

No comments:

Post a Comment