Friday, May 24, 2013

ကျား၊ မ ၀ိရောဓိများ (မေနဒီ)

 
Aye Chan Mon
ကျား၊ မ ၀ိရောဓိများ (မေနဒီ)
============

ယောက်ျားတွေဟာ မိန်းမတွေ ထက် ပိုပြီးသာတယ်၊ မိန်းမတွေဟာ ယောက်ျားတွေထက် ပိုပြီးသာတယ် ဆိုတဲ့ အယူအဆတွေဟာ အမှန် တော့ နှိုင်းယှဉ်မာန်ထောင်နေစရာ ကို မလိုပါဘူး။ တစ်ယောက်မရှိရင် တစ်ယောက်မဖြစ်တဲ့ ဒီဒွိစုံ ကမ္ဘာ ကြီးမှာ နှစ်ယောက်အတူတူ ပူး ပေါင်းပြီး ကမ္ဘာကြီး သာယာစိုပြည်ဖို့ လုပ်ဆောင်ကြဖို့သာ လိုအပ်ပါ တယ်။ ကျားနဲ့မကြား အဆင်ပြေ စေနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ ကွာခြား ချက် ကလေးတွေကို တစ်ဦးနဲ့တစ်ဦး နားလည်ပေးကြဖို့ . . .။

ရင့်ကျက်မှု

မိန်းမတွေဟာ ယောက်ျားတွေ ထက် ပိုပြီးတော့ ရင့်ကျက်မှု ပိုမြန် ပါတယ်။ အသက်(၁၇) နှစ်အရွယ် မိန်းကလေးအများစုဟာ လူကြီး တစ်ယောက်အတိုင်း ရင့်ကျက်မှု ရှိပါတယ်။

ရေချိုးခန်း

ယောက်ျားတစ်ယောက်ရဲ့ ရေ ချိုးခန်းထဲမှာ ရေချိုးခန်းသုံး ပစ္စည်း တွေဟာ အများဆုံး ခြောက်မျိုး လောက်ပဲရှိပါလိမ့်မယ်။ မိန်းမ တစ် ယောက်ရဲ့ ရေချိုးခန်းထဲမှာတော့ အနည်းဆုံး တစ်ဆယ်ကျော်ရှိပါ တယ်။

မဂ္ဂဇင်း

ယောက်ျားလေးတွေရဲ့ မဂ္ဂဇင်း တွေထဲမှာ ဓာတ်ပုံတွေဟာ မလုံ တလုံကောင်မလေးပုံတွေ ဖြစ် နေလေ့ရှိတယ်။ မိန်းမတွေ ဖတ်တဲ့ မဂ္ဂဇင်းတွေထဲမှာလည်း မိန်းမပုံတွေ ပါလေ့ရှိတယ်။ အဲဒါ ဘာဖြစ်လို့ လဲ ဆိုတော့ မိန်းမတွေရဲ့ ခန္ဓာကိုယ် အချိုးအစားဟာ အနုပညာမြောက် တာလည်း အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။

လက်ဝတ်ရတနာ

မိန်းကလေးတွေဟာ လက်ဝတ် ရတနာဝတ်ရင် ကြည့်ကောင်း သ လောက် ယောက်ျားလေးတွေကျ တော့ သိပ်များသွားရင် ကြည့် မ ကောင်းတော့ဘူး။ ယောက်ျားလေး တွေကျတော့ လက်စွပ်တစ်ခုတည်း နဲ့တင် လုံလောက်ပါတယ်။

တယ်လီဖုန်း

ယောက်ျားတစ်ယောက်ဟာ တယ်လီဖုန်းကို ဆက်သွယ်ရေး ပစ္စည်း တစ်ခုအနေနဲ့ပဲ အသုံးပြုပါ တယ်။ မိန်းမတစ်ယောက်ကျတော့ သူငယ်ချင်းဆီ နှစ်ပတ်လောက် အလည်သွားပြီး အပြန်ခရီးမှာ တောင် အဲဒီ့သူငယ်ချင်းကိုပဲ နှစ် နာရီကြာအောင် ဖုန်းနဲ့စကား ပြော နိုင်ပါသေးတယ်။

အ၀တ်အစား

မိန်းမတွေဟာ ရှော့ပင်းထွက် ရင်လည်း အ၀တ်အစားကို ကျော့ နေအောင် ၀တ်ပြီးမှ ထွက်တယ်။အပြင်တစ်နေရာရာသွားရင်လည်း ကျော့နေအောင် ၀တ်ပြီးမှ ထွက် တယ်။ ယောက်ျားလေးကျတော့ အလှူပွဲ၊ မင်္ဂလာဆောင် ပွဲတစ်ခုခု ရှိမှ ကောင်းကောင်းဝတ်တယ်။
ယောက်ျားတစ်ယောက်ဟာ သူလိုချင်တဲ့ တစ်ဒေါ်လာတန် ပစ္စည်းကို နှစ်ဒေါ်လာပေးပြီး ၀ယ် ပေမယ့် မိန်းမတစ်ယောက်ကတော့ သူ မလိုချင်တဲ့ နှစ်ဒေါ်လာတန် ပစ္စည်းကို တစ်ဒေါ်လာပေးပြီး ၀ယ်လေ့ရှိတယ်။

ပညာရေး

တစ်ခါတစ်ရံ တချို့သော နေ ရာတွေမှာ လိင်ကွဲပြားမှုအလိုက် ပညာရေးမှာ ထူးချွန်အောင်မြင်မှု တွေဟာ ကွဲပြားခြားနားလေ့ရှိကြ ပါတယ်။ ဒီလိုကွဲပြားခြားနားရခြင်း အကြောင်းရင်းတွေဟာ လိင် အ လိုက်ကန့်သတ်ထားတဲ့ ဥပဒေတွေ ကြောင့်လည်း ဖြစ်တတ်သလို၊ ယဉ် ကျေးမှုနဲ့ တခြားသော သဘာဝကွာ ခြားချက်တွေကြောင့်လည်းဖြစ် တတ်ပါတယ်။

ခေါင်းဆောင်မှု

ခေါင်းဆောင်မှုအပိုင်းမှာအရင် ကာလတုန်းက ယောက်ျားတွေသာ ဦးဆောင်ခဲ့ကြပေမယ့် အခုအချိန်မှာ တော့ အမျိုးသမီးတွေဟာလည်း ခေါင်းဆောင်နိုင်မှုနေရာတွေကို လျှောက်လှမ်းလာနိုင်နေကြပါပြီ။ လတ်တလော လေ့လာဆန်းစစ် ချက်တွေအရ လွန်ခဲ့တဲ့ဆယ်စုနှစ် ကာလအတွင်းမှာ အမျိုးသမီးတွေ ဟာ စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင် နေ ရာတွေကို ကိုင်တွယ်နိုင်လာကြတာ တွေ့ရတယ်။

ကိုယ့်ကိုယ်ကိုယ် သတ်သေမှု

ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ နေရာမှာ အမျိုးသမီးနဲ့အမျိုးသား တွေကြား ကွာခြားမှုတွေ သိသိသာ သာရှိပါတယ်။သတ်သေတဲ့လုပ်ငန်း စဉ် အထမြောက်အောင် စွမ်း ဆောင်နိုင်သွားခဲ့ သူများကတော့ ယောက်ျားလေးက မိန်းကလေးတွေ ထက် ပိုသာပါတယ်။ သတ်သေဖို့ ကြိုး စားတဲ့နေရာမှာတော့ အမျိုး သမီးတွေက အမျိုးသားတွေထက် သုံးဆ ပိုသာပါတယ်။

လူမှုရေး

မိန်းမတွေဟာ ယောက်ျားတွေ ထက် ပိုပြီးတော့ လူမှုဆက်ဆံရေး မှာ ပိုကောင်းပါတယ်။ ယောက်ျား တွေကျတော့ တာဝန်နဲ့ဆက်စပ်တဲ့ စကားတွေကို ပိုနှစ်သက်ကြပြီး စကားနည်းလေ့ရှိတယ်။ သီးသန့် ပိုနေလေ့ရှိတယ်။ ဒီကွာခြားချက် ဟာ ယောက်ျားနဲ့မိန်းမဆက်ဆံရေး မှာ အခက်အခဲဖြစ်စေပြီး ပဋိပက္ခ ဖြစ်စေတတ်ပါတယ်။

ဦးနှောက်

သုတေသီ ပညာရှင်တွေက ယောက်ျားနဲ့ မိန်းမတို့ရဲ့ ဦးနှောက် ဘယ်ဘက်ခြမ်းအလုပ်လုပ်ပုံ ကွာ ခြားမှု အကြောင်း တွေ့ရှိခဲ့ပါတယ်။ ဦးနှောက်ရဲ့ဘယ်ဘက်ခြမ်းဟာ ယောက်ျားတွေမှာ ပိုအလုပ်လုပ်ပြီး မိန်းမတွေမှာတော့ သာတူညီမျှ အလုပ်လုပ်လေ့ရှိတာ တွေ့ရတယ်။ ဒါကြောင့် ယောက်ျားတွေဟာ ဦး နှောက် ဘယ်ဘက်ခြမ်းက ကိုယ်စား ပြုတဲ့ အလုပ်တွေမှာ ပိုမိုထူးချွန်စွာ လုပ်ဆောင်နိုင်လေ့ရှိကြတာ ဖြစ် တယ်။
သချာင်္Óဏ်နဲ့ပတ်သက်ပြီး ဦးနှောက်ထဲမှာ ပါဝင်တဲ့ Inferior parietal Lo blue (IPL) ဆိုတဲ့အခန်း ဟာ ယောက်ျားတွေမှာ ပိုပြီး သိသိ သာသာ ကြီးပါတယ်။ အထူးသဖြင့် ဘယ်ဘက်အခြမ်းမှာ အဲဒီ့အခန်းက ပိုပြီး ကြီးပါတယ်။ ဒီအခန်းရဲ့ တာဝန်က သချာင်္Óဏ်နဲ့ ပတ်သက် ပြီး စွမ်းဆောင်ပေးတယ်။

အေးချမ်းမွန် Credit & Copy From >8 DAYS A WEEK ENTERTAINMENT < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

No comments:

Post a Comment