Wednesday, May 15, 2013

"ခလေး နှင့် ခိုးတက်ခြင်း

 
ခလေးလေးရဲ့ စိတ်ဒဏ်ရာ နဲ့ မျက်ရည်
"ခလေး နှင့် ခိုးတက်ခြင်း"
တကယ်က ခလေးတွေဟာ ဘာကိုမှ နားလည်တာမဟုတ်ပါဘူး အရာရာတိုင်းဟာသင်ပြသူ လမ်းပြသူ နဲ့သာဆိုင်တာပါ။ ဥပမာ ခလေးတစ်ယောက်က ဒီအရုပ်လေးလိုချင်တယ်ဆိုရင် မိဘလုပ်တဲ့လူက ၀ယ်မပေးနိုင်ရင် မပေးနိုင်သေးဘူးဆိုတာ ခလေးကို ရှင်းပြရမယ့် အစား အမေ့မှာ ပိတ်ဆံမပြည့်လို့ နောက်မှ ၀ယ်ပေးမယ်လို့ ပြောတတ်ကျပါတယ်။ တကယ်က အဲဒီက စမှားတာပါ ခလေးကတော့ မိဘက ၀ယ်မပေးချင်လို့ လို့မြင်သွားတာပါ။ အဲတော့ ခလေးစိတ်ထဲမှာ လိုချင်တာပဲသိတော့ လမ်းမှားရောက်သွားနိုင်ပါတယ်။
နောက်ပြီး မိဘတွေအနေနဲ့ ကိုယ့်ခလေးက ကိုယ့်အိတ်ထဲက ပိတ်ဆံခိုးတာမြင်ရင် ခိုးတဲ့ အကျင့်ပျောက်အောင်ဆိုပြီး ရိုက်နှက်တတ်ပါတယ် အဲဒါက မှားနေပါတယ် ခလေးက ဒီပိတ်ဆံကို ဘာကြောင့် ခိုးလဲဆိုတာကို အရင်သိအောင်လုပ်သင့်...ပါတယ်။ ခလေးဆိုတာ လိုအပ်ချက်ရှိနေလို့သာပြီးတော့ ၀ယ်ပေးပါလို့ ပြောရင် မ၀ယ်ပေးနိုင်ဘူးထင်လို့ သူလိုချင်တာရနိုင်ဖို့သူညဏ်မှီသလောက်ကြိုးစားကြည့်တာပါ။ ကိုယ့်ခလေးကို ကိုယ်အဆင်မပြေရင်တတ်နိုင်သလောက် အမှန်အတိုင်း အရှိအတိုင်းပြောပြပါ။ ခလေးအားငယ်မှာကြောက်လို့ သိမ်ငယ်မှာကြောက်လို့ဆိုပြီး အဆင်ပြေချင်ယောင်မဆောင်ပါနဲ့ အဲခါကျရင် ခလေးက မိဘတွေ အဆင်ပြေနေတယ် ထင်ပြီး လိုချင်တာမရတဲ့အခါကျရင် လမ်းမှားလျှောက်တတ်လို့ပါ။
ပြီးတော့ ခိုးမှန်းသိရဲ့ သားနဲ့ မသိချင်ယောင်မဆောင်ပါနဲ့ ခလေးက တစ်ခါလုပ်လို့ အဆင်ပြေသွားရင် နောက်တစ်ကြိမ်အဆင်ပြေနိုင်တယ်လို့ မှတ်ယူပြီး နောက်တစ်ခါ တစ်ခါကနေ ကိုယ့်အိမ်က အရာတွေအပြင် အပြင်ဘက်က အရာတွေပါ ခိုးယူတတ်လာပါလိမ့်မယ်။ ခလေးကို နားလည်အောင်ပြောပြရပါတယ် ခလေးကို ခိုးတာမကောင်းဘူး ခိုးတဲ့အတွက် ဘာတွေဖြစ်နိုင်တယ်ဆိုတာကိုပေါ့ ပြီးတော့ ကိုယ့်ခလေးခိုးတတ်တယ်ဆိုတာ သူများတွေကို မပြောသင့်ပါဘူး မဟုတ်ရင် ခလေးက လူတွေကြားထဲမှာမျက်နှာငယ်ရပြီး ပိုပြီးခိုးချင်လာတတ်လို့ပါ အဲအခါမှာ ကိုယ့်ခလေးရဲ့စိတ်ဓာတ်ဟာပိုပြီးပျက်စီးသွားနိုင်ပါတယ် မိဘတွေအနေနဲ့ ကိုယ်လုပ်မပေးနိုင်တာကို လုပ်မပေးနိုင်ဘူး ဘာကြောင့် လုပ်မပေးနိုင်ဘူးဆိုတာရှင်းပြဖို့လိုပါတယ် ခလေးတွေရဲ့ ညဏ်ရည်ဟာများသောအားဖြင့် မိဘတွေရဲ့ အခက်အခဲ အဆိုးအကောင်းကို နားလည်နိုင်တာမို့ မိဘတွေနဲ့ မရှိအတူ ရှိအတူ ဖြတ်သန်းခိုင်းတာက ခလေးတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ကောင်းတဲ့ဘက်ကိုဦးတည်စေပြီး လိမ္မာတဲ့ သားသမီးတွေကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ
Rose White
15.5.2013
6:17 PM
မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မပါပါဘူး လိုအပ်နေတာလေးရှိရင်တော့ ဖြည့်ပြီးဖတ်ပေးပါနော် ခလေးတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာပါ ...
 
 internetcopy များ ( ချိုးငှက်ဟူသည်မှ ) ကူးယူဖော်ပြပါသည်။

No comments:

Post a Comment