Thursday, May 30, 2013

အရမ်းကောင်းတဲ့ သင်ခန်းစာလေးမို့လို့ သူငယ်ချင်းတွေ ဖတ်ဖြစ်စေချင်လို့ တင်လိုက်ပါတယ်နော်.......

Photo: အရမ်းကောင်းတဲ့ သင်ခန်းစာလေးမို့လို့ သူငယ်ချင်းတွေ ဖတ်ဖြစ်စေချင်လို့ ရှဲ လိုက်ပါတယ်နော်.......
Post-G

တစ်ခါတုန်းက အတွေးအခေါ်ပညာရှင်တစ်ဦးဟာ စာသင်ခန်းထဲမှာ အတွေးအခေါ်ပညာရပ်တွေ ဟောပြောဖို့ရောက်ရှိနေတယ် ။ သူ့ရှေ့ကစားပွဲပေါ်မှာ ပစ္စည်းအချို့တင်ထားပြီး သူ မတ်တပ်ရပ်လိုက်တယ် ။ စကားတစ်ခွန်းမှမပြောပဲ ပထမဆုံးသူ အလွန်ကြီးတဲ့ ဖန်ခွက်တစ်ခွက်ကို ယူလိုက်ပြီး အထဲကို ကျောက်တုံးခပ်ကြီးကြီးတွေဖြည့်လိုက်တယ် ။

ပြီးတော့ သူ့တပည့်တွေကို ဖန်ခွက်ပြည့်ပြီလားလို့မေးလိုက်တယ် ။ အကုန်လုံးက ပြည့်ပါပြီ လို့ပြန်ဖြေတယ် ။

ပြီးတော့ အတွေးအခေါ်ပညာရှင်ဟာ ကျောက်စရပ်ခဲထည့်ထားတဲ့ခွက်ကလေးကိုယူပြီး ဖန်ခွက်ထဲ လောင်းထည့်လိုက်ပြန်တယ် ။ ပြီးတော့ သူဟာ ဖန်ခွက်ကို ဖြေးဖြေးချင်းလှုပ်လိုက်တယ် ။ ကျောက်စရစ်ခဲလေးတွေဟာ နေရာတစ်ခုနဲ့တစ်ခုကြားက နေရာလွတ်လေးတွေဆီ လိမ့်ဝင်သွားခဲ့တယ် ။

သူ့တပည့်တွေကို နောက်ထပ်ဖန်ခွက်ပြည့်ပြီလားလို့ မေးပြန်တယ် ။ အကုန်လုံးက ပြည့်ပါပြီလို့ပြန်ဖြေတယ် ။

အတွေးအခေါ်ပညာရှင်က သဲတွေထည့်ထားတဲ့ခွက်ကလေးကိုယူပြီးဖန်ခွက်ထဲလောင်းထည့်လိုက်ပြန်တယ် ။ သဲတွေဟာ ကျောက်စရစ်ခဲ ကြားလေးတွေကနေ တိုးဝင်သွားပြီးဖန်ခွက်တစ်ခုလုံးပြည့်သွားခဲ့တယ် ။

ပြီးတော့ သူ့တပည့်တွေကို ဖန်ခွက်ပြည့်ပြီလားလို့ မေးပြန်တယ် ။ ကျောင်းသားတွေကလည်း ထုံးစံအတိုင်းပြည့်ပါပြီလို့ ပြန်ဖြေခဲ့တယ် ။

အတွေးအခေါ်ပညာရှင်ကပြောတယ် ။ ` အခု ကျွန်တော် ခင်ဗျားတို့ကို ပြောချင်တာကတော့---

ဒီဖန်ခွက်ကလေးကို ခင်ဗျားတို့ ဘ၀ နဲ့ ကိုယ်စားပြုချင်တာပါပဲ
ကျောက်တုံးအကြီးကြီးတွေက ဘ၀ရဲ့ အရေးကြီးအစိတ်အပိုင်းတွေဖြစ်တယ် -- ခင်ဗျားတို့ မိသားစု ခင်ပွန်း ဇနီး ကျန်းမာရေး ခင်ဗျားတို့ကလေးတွေ အစရှိသဖြင့်ပေါ့ အကယ်၍ အဲဒီထဲက တချို့အရာတွေ ဆုံးရှုံးသွားတာတောင်မှ ခင်ဗျားရဲ့ ဘ၀ဟာ ပြည့် နေတုန်းပဲ

ကျောက်စရစ်ခဲလေးတွေကတော့ ခင်ဗျားရဲ့ အလုပ် ၊ အိမ် ၊ ကား အဲဒါတွေကို ကိုယ်စားပြုတယ်---သဲတွေကတော့ အရာအားလုံးပါပဲ သေးငယ်တဲ့အရာအားလုံးကိုရည်ညွှန်းပါတယ် ´

ပြီးတော့ အတွေးအခေါ်ပညာရှင်ကဆက်ပြောတယ် ။

` အကယ်၍ ဖန်ခွက်ထဲကို သဲတွေသာ အရင်ထည့်လိုက်မယ်ဆိုရင် ကျောက်စရစ်ခဲတွေ ကျောက်တုံးတွေအတွက် နေရာရှိမှာမဟုတ်ပါဘူး -- ဒါဟာ ဘ၀ နဲ့ အတူတူပါပဲ -- အကယ်၍ ခင်ဗျားတို့ဟာ သေးငယ်တဲ့ အကြောင်းအရာတွေ ကိစ္စတွေအတွက်နဲ့ ခင်ဗျားအချိန်တွေကို ကုန်ဆုံးစေမယ်ဆိုရင် ခင်ဗျား ဘ၀အတွက် အရေးကြီးတဲ့ အရာတွေထည့်ဖို့ ခင်ဗျား ဘ၀မှာ အခန်းလွတ်တွေမရှိတော့ပါဘူး -- ခင်ဗျားရဲ့ ပျော်ရွှင်မှုအစစ်အမှန်ကို ပေးစေတဲ့အရာတွေကို အာရုံစိုက်ပါ ခင်ဗျားရဲ့ ကလေးတွေနဲ့ဆော့ကစားပါ ခင်ပွန်း ၊ ဇနီးကို လက်တွဲပြီးလျှောက်လည်ပါ အလုပ်ကိုကြိုးစားပါ အိမ်ကို သန့်ရှင်းအောင်ထားပါ ညစာစားပွဲလေးကျင်းပပါ ´

` ကျောက်တုံးကျောက်ခဲနဲ့တူတဲ့ အရာတွေကို အရင်ဆုံးခင်ဗျားဘ၀ထဲကို လောင်းထည့်ပါ ဒုတိယအနေနဲ့ ကျောက်စရစ်ခဲနဲ့တူတဲ့အရာတွေကို လောင်းထည့်လိုက်ပါ ဘာကို ဦးစားပေးရမလဲဆိုတဲ့ Priorities ကို စဉ်းစားပါ ကျန်တာတွေကတော့ သဲပွင့်တွေချည်းပါပဲ ။

#########################

အရမ်းကောင်းတဲ့ ဥပမာပေးလေးပါပဲ ။ ကျောက်တုံးတွေနဲ့တူတဲ့ မိဘ ၊ ခင်ပွန်း ၊ ကျန်းမာရေး ၊ မိသားစု စတဲ့အရေးကြီးတဲ့အရာတွေကို ကျွန်တော်တို့ အနေနဲ့ ပထမဦးစားပေးသတ်မှတ်ရပါလိမ့်မယ် ။ ကျောက်စရစ်ခဲနဲ့တူတဲ့ အလုပ်၊ အိမ် ၊ ကား စတာတွေကိုတော့ ဒုတိယအဆင့်မှာပဲထားရပါလိမ့်မယ် ။ ကျန်တာတွေကတော့ သေးငယ်တဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ သဲပွင့်လေးတွေပါပဲ ။ ကျွန်တော်တို့အများစုဟာ ဘာအရေးကြီးဆုံးလဲဆိုတာ မစဉ်းစားကြပဲ သဲပွင့်တွေ ကျောက်စရစ်ခဲတွေကို ဘ၀ဆိုတဲ့ ဖန်ခွက်ကြီးထဲ လောင်းထည့်နေမိကြတယ် ။ အဲဒီအခါ ဖန်ခွက်ကပြည့်သွားပြီဖြစ်တဲ့အတွက် တကယ်အရေးကြီးတဲ့ ကျောက်တုံးနဲ့တူတဲ့အရာတွေ ထပ်မထည့်နိုင်တော့ပါဘူး ။ အားလုံးပဲ ဘ၀ကို ဖြတ်သန်းတဲ့အခါ အထက်ပါ ဥပမာလေးကို သင်ခန်းစာယူကြပါစို့ ။

Credit- သက်တန့်ချို

No comments:

Post a Comment