Sunday, May 15, 2016

♪ ကီးဘုတ်ထဲမှာတင် Search အကုန်လုပ်နိုင်တဲ့ အမိုက်စား keyboard app ‘Gboard’ ကို iOS အတွက် Google ထုတ်ပေး ♫


iPhone နဲ့ iPad ကိုင်သူတွေအတွက်တော့ ၀မ်းသာစရာသတင်းပါပဲ။ Google ဟာ ကီးဘုတ်ထဲမှာတင် အင်တာနက်ရှာတာ၊ GIF နဲ့ emoji ပို့တာတွေလုပ်နိုင်တဲ့ အမိုက်စား keyboard app တစ်ခုကို ကြာသပတေးနေ့က ထုတ်ပေးလိုက်ပါတယ်။

တခြား keyboard တွေနဲ့ဆိုရင် သူငယ်ချင်းတစ်ယောက်က ကိုယ့်ကို စားသောက်ဆိုင်တစ်ဆိုင် လိပ်စာလှမ်းမေးတဲ့အခါ၊ SMS (ဒါမှမဟုတ် ကိုယ်သုံးတဲ့ စာပို့ app ) ကနေထွက်၊ Google Search ကို ဖွင့်၊ စားသောက်ဆိုင်ကိုရှာ၊ တွေ့ရင် လိပ်စာကိုကူး၊ SMS ထဲ ပြန်ဝင်၊ လိပ်စာကို paste လုပ်ပေး၊ ပြီးမှ ပို့၊ တော်တော်ကို အဆင့်များပြီး၊ အလုပ်ရှုပ်ပါတယ်။

ဒါပေမယ့် Gboard နဲ့ ဆိုရင်တော့ ဘယ်ကိုမှထပ်သွားနေစရာမလိုဘဲ၊ ကီးဘုတ်ထဲမှာတင် ကိစ္စပြီးပါတယ်။
Gboard app ထဲမှာ Google Search ပါ တပါတည်းပါဝင်လာပြီး၊ ကိုယ်ရှာဖွေလိုက်တဲ့အရာရဲ့ အဓိကအကြောင်းအရာ (ဖုန်းနံပါတ်၊ အဆင့်သတ်မှတ်ချက်၊ အချိန်နာရီ စသည်) ကို ဦးစားပေးဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဆိုပါအကြောင်းအရာကို tap တစ်ချက်နှိပ်လိုက်ရုံနဲ့ စာပြန်ပို့နိုင်မှာဖြစ်ပြီး၊ သူငယ်ချင်းနဲ့ ဆက်တိုက် chat လုပ်သွားနိုင်မှာဖြစ်ပါတယ်။

Gboard ဟာ Search တစ်ခုတည်းတင်လုပ်နိုင်တာမဟုတ်ဘဲ၊ emoji တွေကိုလည်း စာရိုက်ရှာကာ၊ ပို့နိုင်တဲ့အပြင်၊ GIF တွေကိုပါ ကီးဘုတ်ထဲမှာတင် search လုပ်ပြီး ပို့နိုင်ပါတယ်။ ဒီ့အပြင်၊ Glide typing လည်းပါတာကြောင့်၊ ကိုယ်ရိုက်ချင်တဲ့စာကို တစ်လုံးချင်းရိုက်စရာမလိုဘဲ၊ ကီးဘုတ်ပေါ်မှာ လက်နဲ့ဆွဲပြီး ရိုက်နိုင်ပါတယ်။ ရိုက်လေ့ရှိရင် စာရိုက်ရတာပိုမြန်သွားမှာပါ။

Gboard ဟာ Messenger ၊ Youtube ၊ Email စတဲ့ app တိုင်းမှာအသုံးပြုနိုင်ပြီး၊ လက်ရှိမှာတော့ အင်္ဂလိပ်ဘာသာစကားနဲ့ပဲ App Store မှာ ရရှိပါသေးတယ်။





Credit to ==> Digital Times

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

No comments:

Post a Comment