Monday, May 16, 2016

♪ Samsung ၏ နောက်ဆုံးပေါ်ဟန်းဆက်များကို ကမ္ဘောဇဘဏ်၌ အတိုးမဲ့နှုန်းဖြင့် အရစ်ကျဝယ်ယူနိုင် ♫


Samsung သည် ၄င်း၏ ဟန်းဆက်နှင့် တက်ဘလက် အမျိုးအစား ၇ ခုကို ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်၍ အတိုးမဲ့ ဝယ်ယူနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်၌ ဘဏ်စာရင်းဖွင့်လှစ်ထားသူများအနေဖြင့် အတိုးမဲ့ ဟန်းဆက်ဝယ်ယူခြင်း ကို ပြုလုပ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဝယ်ယူသည့် တန်ဖိုးအလိုက် ၆ လ အတွင်း ပြန်လည်ပေးဆပ်ရမည်ဟု Samsung က ကြေညာထားသည်။

ဝယ်ယူခွင့်ပြုထားသည့် ဟန်းဆက်များမှာ Galaxy S7 edge, Galaxy S7, Galaxy Note5, Galaxy A5 (2016) နှင့် Galaxy A7 (2016) တို့ဖြစ်ကြပြီး တက်ဘလက်မှာ အရွယ်အစား မတူညီသော Galaxy Tab S2 နှစ်ခုတို့ဖြစ်သည်။

အတိုးမဲ့နှုန်းဖြင့် ဝယ်ယူသည့်အခါ ဘဏ်အကောင့်အတွင်းရှိ ငွေပမာဏသည် ဝယ်ယူလိုသည့် ငွေပမာဏအတွက် လုံလောက်မှု ရှိရန်လိုအပ်ပြီး အဆိုပါ ငွေပမာဏကို အရစ်ကျပေးသွင်းမှု မပြီးဆုံးခင် ပြန်လည်ထုတ်ယူခွင့်ပြုသွားမည် မဟုတ်ကြောင်း Samsung က သတင်းထုတ်ပြန်ခဲ့သည်။

အတိုးမဲ့နှုန်းဖြင့် အရစ်ကျ ဟန်းဆက်ဝယ်ယူလိုသူများသည် နီးစပ်ရာ ကမ္ဘောဇဘဏ်နှင့် Samsung အရောင်းဆိုင်ကြီးများတွင် စုံစမ်းနိုင်ကြောင်း သိရသည်။

Credit to ==> Internet Journal

No comments:

Post a Comment