Wednesday, May 18, 2016

♪ သေသွားရင်တောင် သင့် Facebook အကောင့်မှာ ပို့စ်တင်နိုင်မယ့် ၀န်ဆောင်မှု ♫


Capture

ကမ္ဘာအ၀န်းမှာ Facebook သုံးသူ ၂.၂ ဘီလီယမ် ရှိနေပါပြီ။ ပုံမှန်အားဖြင့် သင် သေသွားရင်တော့ သင့်အကောင့်ကို Facebook က ဖျက်ပစ်မှာပါ။ ဒါမှမဟုတ် သင် ကြိုတင် သတ်မှတ်ထားတဲ့ သင် ယုံကြည်ရတဲ့ လူတွေက သင့်အကောင့်ကို ထိန်းချုပ်နိုင်ပါတယ်။

 သေသွားပြီးနောက်မှာ သင်ကိုယ်တိုင်တော့ ပို့စ်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သေသွားရင်တောင် သင့် Facebook အကောင့်မှာ သင်ကိုယ်တိုင် ပို့စ်တင်နိုင်မယ့် ၊ သင့်အကောင့်ကို သင်ကိုယ်တိုင် ထိန်းချုပ်နိုင်မယ့် ၀န်ဆောင်မှု ပေါ်လာပါပြီ။ Dead Social ၀န်ဆောင်မှုကို မသေခင်မှာ သုံးရမှာပါ။ သင် သေသွားပြီးနောက်မှာ သူငယ်ချင်းများကို နှုတ်ဆက်ချင်တဲ့ ပို့စ်များကို မသေခင်မှာ ကြိုတင်ရေးထားနိုင် ပါတယ်။ လူမှုကွန်ရက် သေတမ်းစာကိုလည်း ရေးသားထားနိုင်ပါတယ်။

သင်သေပြီးနောက်မှာ သင့်အကောင့်ကို ဘယ်လိုလုပ်ချင်လဲဆိုတာ အသေးစိတ် မှာကြားထားနိုင်ပါတယ်။ သင် ယုံကြည်ရတဲ့ လူ ၆ ယောက်ကို သတ်မှတ်ထားရမှာပါ။ အဲဒီလူ ၆ ယောက်က သင်သေသွားရင် Dead Social ကို အတည်ပြု အကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။


Credit to ==>  Myanmar Digital Life Journal


No comments:

Post a Comment