Tuesday, May 17, 2016

♪ Facebook က Reaction တွေကို ဘယ်လ်ဂျီယမ်ပိတ်ပင် ♫


ဘယ်လ်ဂျီယမ်ရဲတွေဟာ သူတို့နိုင်ငံသားတွေ့ရဲ့ Privacy တွေကိုကာကွယ်နိုင်ဖို့အတွက် Facebook ရဲ့အသစ်ထည့်သွင်းထားတဲ့ Reaction ကိုအသုံးမပြုဖို့ သတိပေးလိုက်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက Facebook ဟာ Post တွေမှာ Like လုပ်နိုင်ရုံအပြင် နောက်ထပ် Reaction ခြောက်မျိုးလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကို စတင်ထည့်သွင်းပေးခဲ့ပါတယ်။ ဒါဟာဆိုရင် Facebook ရဲ့ “Dislike” လုပ်နိုင်မယ့် လုပ်ဆောင်ချက်ကို လမ်းဖွင့်ပေးမယ့် နည်းတစ်မျိုးလည်းဖြစ်ပြီး လူတွေရဲ့ခံစားချက်တွေကို ပြောပြစရာမလိုပဲ ဖော်ပြပေးနိုင်ခဲ့တာပါ။

ဒါပေမယ့် ဘယ်လ်ဂျီယမ်ရဲတွေကတော့ Facebook ရဲ့လုပ်ဆောင်ချက်အသစ်ဟာ ကြော်ငြာတွေကို ဘယ်လိုကြော်ငြာရမယ်ဆိုတာကို သိဖို့အတွက် လူတွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းနိုင်ဖို့အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်သူတို့အနေနဲ့ ပြည်သူတွေကို သူတို့ကိုယ်ရေးအချက်အလက်တွေ အယူခံနေရတာကို ရှောင်ရှားစေနိုင်ဖို့အတွက် ဒီလုပ်ဆောင်ချက်တွေ အသုံးမပြုဖို့ တားမြစ်ရတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီ icon တွေဟာ သင့်ရဲ့ခံစားချက်တွေကို ဖော်ပြရုံသာမက Facebook ကသူတို့ရဲ့ကြော်ငြာကို သင့်ရဲ့ Profile မှာဘယ်လိုမျိုး ပြသရမလဲဆိုတာကိုပါ ကူညီပေးပါတယ်” လို့ ဘယ်လ်ဂျီယမ်ရဲတရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တာပါ။ Facebook ရဲ့ Reaction တွေကို ထုတ်ပြန်ခဲ့ချိန်ကစပြီး ကြော်ငြာလုပ်ငန်းသမားတွေကို ကူညီခဲ့တယ်လို့ ထုတ်ဖော်ခဲ့ဖူးပါတယ်။

Credit to ==> Digital Times

No comments:

Post a Comment