Tuesday, May 10, 2016

♪ Facebook က GIF တွေကို ဘယ်လို Save လုပ်နည်း၊ Video တွေကနေ GIF တွေဖန်တီးနည်း ♫


GIF တွေကို ကြိုက်နှစ်သက်တဲ့ သင်ဟာ Facebook ပေါ်ကနေ GIF တွေတွေ့နေရပေမယ့် Save လုပ်ဖို့အခက်အခဲ ရှိနေပါသလား။ သင့်ဖုန်းဒါမှမဟုတ် Computer ထဲက ဗီဒီယိုတွေကို GIF အဖြစ်ပြောင်းလဲ ဖန်တီးချင်နေတာကို အခက်အခဲဖြစ်နေပါသလား။ ဒီလိုမျိုး GIF ကြိုက်နှစ်သက်တတ်တဲ့ သူတွေအနေနဲ့ အထက်က အခက်အခဲတွေကြုံဖူးကြမှာပါ။
အရင်တုန်းကလည်း GIF နဲ့ ပတ်သက်ပြီး အကြောင်းအရာတချို့ကို ရေးသားခဲ့ဖူးပါတယ်။ ဒါတွေကတော့ Facebook GIF တွေဘယ်လိုတင်မလဲAndroid ဖုန်းတွေမှာ GIF တွေဖန်တီးနိုင်မယ့် App များYouTube ဗီဒီယိုတွေကနေ GIF ဖိုင်တွေထုတ်ယူနည်း၊ စသည်ဖြင့်ပါ။ အဲ့ဒီအကြောင်းအရာတွေမှာ ဓာတ်ပုံတွေကို GIF တွေပြောင်းလည်းတာ၊ GIF ကိုကိုယ်တိုင်ဖန်တီးတာ စတာတွေကိုရေးသားခဲ့ပြီးပြီဖြစ်တာကြောင့် ကျွန်တော့်အနေနဲ့ ထပ်မံရေးသားခြင်းမပြုတော့ပါဘူး။ ဒီ Article မှာတော့ Facebook နဲ့ တခြားလူမှုကွန်ယက်မီဒီယာပေါ်က GIF တွေ Save လုပ်တာကို အရင်ဖော်ပြပေးမှာဖြစ်ပြီ၊ ဗီဒီယိုတွေကနေ GIF ကိုဖန်တီးတာတွေကိုတော့ မနက်ဖြန်ညနေလေးနာရီခွဲမှာ တက်မယ့် How To Article မှာ ဖော်ပြပေးမှာပါ။
Facebook ပေါ်မှ GIF တွေကို ဖုန်း/ကွန်ပျူတာထဲက Save လုပ်နည်း
Facebook ပေါ်က GIF တွေကို Save လုပ်တာကတော့ နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ ခက်တော့မခက်ပါဘူး။ ဖုန်းနဲ့ကွန်ပျူတာနဲ့ကဘာမှမကွာပါဘူး။ ဒါကြောင့် ဖုန်းနဲ့လုပ်တာကို ပြသပေးပါမယ်။ အရင်ဆုံး သင့်အနေနဲ့ GIF ရှိတဲ့ Page တစ်ခုကို အရင်သွားလိုက်ပါ။ ကျွန်တော်ကတော့ Suicide Squade ရဲ့ Page မှာ ကြိုက်နှစ်သက်တဲ့ GIF တစ်ခုကိုတွေ့မိ တာကြောင့်အဲ့ဒီကို ဝင်လိုက်ပါတယ်။
ht download gif1
စိတ်ကြိုက် GIF တစ်ခုတွေ့ပြီဆိုရင် Post ရဲ့ ညာဘက်အပေါ်ထောင့်က မျှားလေးအောက်စိုက်နေတဲ့ icon ကိုနှိပ်လိုက်ရင်ဒီအတိုင်း Menu Box ကျလာပါလိမ့်မယ်။ Menu ထဲက Copy Link ကိုနှိပ်လိုက်ရင် အဲ့ဒီPost ရဲ့ Link ကို ကူးသွားပါလိမ့်မယ်။
ht download gif2
ပြီးရင် Facebook App ထဲကထွက်လိုက်ပြီး ဖုန်း Browser ထဲဝင်လိုက်ပါ။ Browser ထဲရောက်ရင် Search Bar မှာ ခုနကကူးလာတဲ့ Link ကို Paste လုပ်ပြီး Post ထဲဝင်ရမှာပါ။ တစ်ခုရှိတာက သင့်Browser ထဲမှာ သင့်အကောင့်ကို ဝင်ထားပြီးသားဆိုရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ဝင်ပြီးရင် Website View အနေနဲ့ ဒီတိုင်းလေးတွေ့ရပါလိမ့်မယ်။
ht download gif3
ပြီးရင် GIF ပုံကိုနှိပ်လိုက်ရင် သူ့နဂိုမူရင်းပုံကိုသွားမှာပါ။ ရောက်သွားရင်အောက်မှာပြထားတဲ့အတိုင်း မြင်နိုင်မှာပါ။
ht download gif4
ပုံကိုဖိထားလိုက်ရင် Menu Box ကျလာမှာဖြစ်ပြီး Save Image ကိုနှိပ်လိုက်ရင် GIF ကို ဒေါင်းလုဒ်ဆွဲပါလိမ့်မယ်။ ပြီးသွားရင်တော့ သင့် Gallary ထဲက File တစ်ခုထဲမှာ GIF လေးကိုတွေ့ရမှာပါ။ ဒါပါပဲ။ နည်းနည်းတော့အလုပ်ရှုပ်ပေမယ့် လွယ်ကူပါတယ်။ တိုက်ရိုက်ဒေါင်းတဲ့ App ကတော့ မရှိလို့ အလွယ်ကူဆုံးနည်းကို ရှာဖွေပြီး တင်ပြပေးလိုက်တာပါ။
ကဲဒီလိုလွယ်ကူတဲ့ နည်းလမ်းနဲ့ သင့်လိုချင်တဲ့ GIF တွေ Facebook မှာတွေ့တဲ့အခါ ဒေါင်းလုဒ်ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ မနက်ဖြန်ကျရင် တက်လာမယ့် “ဘယ်လိုဗီဒီယိုမဆို GIF အဖြစ်ပြောင်းလဲနည်း” ကိုလည်း စောင့်မျှော်ဖတ်ရှုပေးနိုင်ပါတယ်။

Credit to ==> Digital Times

No comments:

Post a Comment