Wednesday, May 18, 2016

♪ Facebook ရဲ့ လူသိမများတဲ့ အကောင်းစား feature များ ♫


ဖေ့စ်ဘွတ်ပေါ်မှာ လူသိနည်းတဲ့ feature တွေကို စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။ Power user တွေမှသာလျှင် ဒီ feature တွေကို သိမှာဖြစ်ပြီး အများကြီး အသုံးတည့်စေမှာပါ။
၁// Facebook Inbox
ဖေ့စ်ဘွတ် သုံးစွဲသူတွေ လုံးဝ သတိ မထားမိတဲ့ inbox တစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ ကိုယ်နဲ့ friend လုံးဝ မဟုတ်တဲ့ သူစိမ်းတွေဆီက ၀င်ရောက် လာတဲ့ မက်ဆေ့ခ်ျတွေကို စုထားတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
ညာဘက်ထောင့်ထိပ်က မက်ဆေ့ခ်ျ icon ကို နှိပ်ပြီး Message Request tab ကို နှိပ်ပါ။ ပြီးရင် See Filtered requests ဆိုတဲ့ link ကို မြင်ရပါလိမ့် မယ်။ အဲ့ဒါကို ကလစ်နှိပ်ပြီးရင်တော့ အင်တာနက်ပေါ်က friend မဟုတ်တဲ့ သူတွေ ပို့ထားတဲ့ မက်ဆေ့ခ်ျတွေကို မြင်တွေ့ရမှာပါ။
၂// အကောင့် ခိုးသုံးခဲ့သူကို ရှာဖွေခြင်း
ကိုယ်မသိလိုက်ခင်မှာ ဘယ်သူက အကောင့်ထဲ ၀င်ထားလဲ ဆိုတာ သိချင် ပါသလား။ ဒါဆိုရင်တော့ Settings page ကို အရင်ဝင်ပါ။ Security folder အောက်မှာ Where You're Logged In ဆိုတဲ့ link ကို မြင်ရပါလိမ့်မယ်။ အဲ့ဒီ့မှာ ဘယ် desktop ဒါမှမဟုတ် မိုဘိုင်းကနေပြီးတော့ Facebook log-ins လုပ်ထားလဲ ဆိုတာတွေကို ရှာတွေ့ပါလိမ့်မယ်။ Location ၊ browser နဲ့ device အချက်အလက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ မသင်္ကာစရာတွေ့ရင် end activity ဆိုပြီး ကိုယ်က အသုံးပြုမှုကို ပိတ်လိုက် လို့ ရပါတယ်။
၃// Emoji တွေ အများကြီး
ကိုယ်တွေ သိပ်မသိသေးတဲ့ emoji တွေ အများကြီး ရှိပါသေးတယ်။ (y)=thumbs-up like symbol ၊ :l]=a robot ၊ :poop = well,you know ၊ <(")=a penguin ဆိုတာလေးတွေပေါ့။
၎// Messenger မှတဆင့် ဖိုင်များ ပေးပို့ခြင်း
Facebook Messenger window ကို ဖွင့်ပြီး ညာဘက်ထောင့်မှာရှိတဲ့ gear icon မှတဆင့် Add Files ကို နှိပ်လိုက်မယ်ဆိုရင် ကိုယ်ပေးပို့ချင်တဲ့ ဖိုင်တွေ ကို သင့်ကွန်ပျူတာကနေတဆင့် ပေးပို့နိုင်မှာ ဖြစ်ပါတယ်။
၅// Upside Down နဲ့ Pirate Speak
General Account Settings>Language တစ်ဆင့်ချင်းဝင်ပြီး English (Pirate) ဒါမှမဟုတ် English (Upside Down) စသဖြင့် ပြောင်းလဲနိုင် ပါတယ်။
၆// facebook.com/notes
Facebook.com/notes ကို သွားမယ်ဆိုရင် ကိုယ် follow လုပ်ထားတဲ့ လူတွေဆီက notes တွေကို တွေ့ရမှာပါ။ ကိုယ်က ထပ်ပေါင်းချင်တယ်ဆိုရင် +Write a Note ကိုနှိပ်ပြီး ပေါင်းထည့်ပါ။ ကိုယ်ပိုင် blog တစ်ခု မရှိဘူးဆိုလို့ စိတ်မညစ်ပါနဲ့။ Easy post editor ကိုသုံးပြီး ကိုယ့်ရဲ့ အတွေးတွေကို ပေါင်း ထည့်လိုက်ပါ။ ကိုယ်ကြိုက်ရာ cover image ကို ပေါင်းထည့်ပါ။ ပြီးရင် save လုပ်ပြီး ကိုယ်ရေးထားတဲ့ note ကို တင်ပါ။
၇// Facebook Romance
ကိုယ့် page ကိုပဲ ပုံမှန်သုံးနေမယ်ဆိုရင် ဖေ့စ်ဘွတ်က သင်ဟာ ကိုယ့်ကို ကိုယ်ပဲ ချစ်တဲ့လူလို့ ထင်သွားမယ် ဖေ့စ်ဘွတ်ရဲ့ www.facebook.com/us ကို သွားလည်မယ်ဆိုရင် ဖေ့စ်ဘုတ်ရဲ့ history ကို တွေ့ရမှာပါ။
၈// Save Post
ကိုယ့်သူငယ်ချင်း share ထားတဲ့ ပို့စ်တစ်ခုကို ဖတ်ဖို့ အချိန်မရှိ ဖြစ်နေ သလား။ ကိစ္စမရှိပါဘူး။ အဲဒီ့ Post ရဲ့ ညာဘက်ထောင့်က မြှားလေးကို နှိပ်ပါ။ ပြီးရင် Save ဆိုတဲ့ ခလုတ်လေးကို နှိပ်မယ်ဆိုရင် Saved folder ထဲကို ကိုယ်ဖတ်မယ့် Post ရဲ့ link ရောက်သွားပါပြီ။ တစ်ခါမှ မ Save ဖူးရင်တော့ Save folder ကို မြင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုလောက် save ပြီးပြီ ဆိုရင်တော့ ဘယ်ဘက်က favorite bar မှာ save ribbon ကို မြင်ရမှာ ဖြစ်ပါတယ်။
၉// Download a Copy
Facebook မှာ ကိုယ် သုံးခဲ့သမျှ အားလုံး ဥပမာ share ထားသမျှ အကုန် လုံး ကို ကော်ပီကူး ယူချင်ပါသလား။ ပုံတိုင်း၊ စာသားတိုင်း၊ ဗီဒီယို အားလုံး၊ မက်ဆေ့ခ်ျအားလုံး၊ chat ထားတာတွေ အားလုံးကို ကော်ပီပွား မှတ်သားချင် ပါသလား။ Settings>General ကို ၀င်ပြီး Download a copy of your Facebook data ကို နှိပ်ပါ။
၁၀// ကိုယ်မသုံးဖြစ်တော့တဲ့အခါမှာ
အကြောင်းကြောင်းကြောင့် ဖေ့စ်ဘွတ်ကို လုံးဝ မသုံးဖြစ်တော့တဲ့ အခါမျိုး ကျရင် ကိုယ့်ရဲ့ ဖေ့စ်ဘွတ် အကောင့်ကို အမွေပေးခဲ့လို့ ရပါတယ်။ Settings>Security>Legacy Contact ကို ၀င်ပြီး သူငယ်ချင်းတွေထဲက တစ်ယောက်ကို ရွေးချယ်နိုင်ပါတယ်။
၁၁// Extra Security
ကိုယ့်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို လုံခြုံရေး ထပ်မြှင့်ချင်တယ် ဆိုရင်တော့ log-in approval ဖန်တီးပါ။ Settings>Security>Login Approvals ကို ရွေးပါ။ နောက်တစ်ခုကတော့ Trusted Contacts ကို ဖန်တီးပါ။ ကိုယ့်ရဲ့ အကောင့် password မေ့သွားတာတို့ ဒါမှမဟုတ် မိုဘိုင်းဖုန်း ပျောက်သွားတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်ခဲ့ရင် ကိုယ့်အကောင့် ပြန်လည် ရယူနိုင်ဖို့ အတွက် Settings>Security>Trusted Contacts တစ်ဆင့်ချင်း ၀င်ရောက် ဆောင်ရွက်နိုင်ပါတယ်။
၁၂// Mute Facebook Live Noti
ဖေ့စ်ဘွတ်မှာ Live Video တွေ အမြဲ noti တက်နေတာကို ပိတ်ဖို့အတွက် notification ဘေးက မြှားကို နှိပ်ပြီး Turn off notifications about live videos from ဆိုတာကို နှိပ်ပါ။
၁၃// Facebook Track ဖျောက်ခြင်း
ကြော်ငြာတွေအတွက် user တွေကို ပိုမို ထိန်းချုပ်နိုင်ဖို့ ဖေ့စ်ဘွတ်က ကိုယ့်ရဲ့ အင်တာနက် အသုံးပြုမှုတွေကို လိုက်လံ tracking လုပ်တတ်ကြပါတယ်။ ဒါပေမယ့် third party app တွေ အသုံးပြုပြီးတော့ သုံးမယ်ဆိုရင်တော့ ဒီ tracking တွေကို ရှောင်လွှဲနိုင်မှာပါ။
၁၄// Interest List ဖန်တီးခြင်း
Interest lists လို့ခေါ်တဲ့ ဖေ့စ်ဘွတ် function တစ်ခု ရှိပါတယ်။ အခြေခံ အားဖြင့် Twitter lists ပုံစံမျိုး ဖေ့စ်ဘွတ်ဗားရှင်း ဖြစ်ပါတယ်။ Interest Lists ဆိုတာ website တွေ၊ companies နဲ့ ကိုယ် follow လုပ်ထားတဲ့ individuals တွေကို စုဆောင်းမှု ဖြစ်ပါတယ်။ Interest lists ဆိုတာ ကိုယ့်အတွက် သီးသန့် Private ဖြစ်ပါတယ်။
၁၅// News Feed တွေကို ရှင်းလင်းခြင်း
News Feed ကို သန့်ရှင်းအောင် လုပ်ဆောင်ဖို့အတွက် ဆိုရင်တော့ News Feed ရဲ့ ဘယ်ဘက်ထောင့်မှာ gear icon ကိုနှိပ်ပြီး Edit Preferences ကို နှိပ်ပါ။ ပြီးရင် Prioritize who to see first ကို နှိပ်ပါ။ ပြီးရင် လူတွေ၊ Page နဲ့ Brands တွေကို ဘယ်လို အနည်းအများ News Feed ထဲမှာ ပေါ်စေချင်လဲ ဆိုတာကို စီစဉ်နိုင်ပါတယ်။
၁၆// ရည်းစားဟောင်းကို မေ့လိုက်ပါ
ရည်းစားနဲ့ လမ်းခွဲတယ်ဆိုတာ မလွယ်ပါဘူး။ မိုဘိုင်းဖုန်းနဲ့ အသုံးပြုသူတွေ အဆင်ပြေဖို့အတွက် Relationship Status ကို Single ပြောင်းလိုက်ရုံနဲ့ ဖေ့စ်ဘွတ်က အလိုလျောက် မေးမှာကတော့ News Feed မှာ သူ့ရဲ့ (ချစ်သူဟောင်း) Status တွေကို လျှော့ဖို့ လုပ်နိုင်မှာ ဖြစ်ပါတယ်။
၁၇// Friendship ကို ကြည့်ရှုခြင်း
ကိုယ့် သူငယ်ချင်းတစ်ယောက်က တခြား သူငယ်ချင်း တစ်ယောက်ရဲ့ Wall ပေါ်မှာ post တစ်ခု တင်ထားတာ တွေ့ခဲ့ရင် သူတို့ နှစ်ယောက်ရဲ့ Friendship history ကို အသေးစိတ် ၀င်ကြည့်နိုင်ပါတယ်။ ပို့စ်ရဲ့ ညာဘက် ထောင့်က မြှားကို နှိပ်ပြီး More Options ကို နှိပ်ပါ။ ပြီးရင် See Friendship Option ကို နှိပ်ပါ။
၁၈// Public Content
ဖေ့စ်ဘွတ်က ကိုယ့်ရဲ့ webpage ပေါ်မှာ contect တွေကို လူတိုင်း မြင်တွေ့ နိုင်ဖို့အတွက် ညာဘက်ထောင့်က pull-down menu မှာ ကလစ်နှိပ်ပြီး embed ကို ကလစ်နှိပ်ပါ။
၁၉// Ad Preferences ကို တည်းဖြတ်ခြင်း
ဖေစ့်ဘွတ်ကသူ့အကျိုးစီးပွားကို marketer တွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကိုယ် စိတ်မ၀င်စားတဲ့ ad တွေကို တည်းဖြတ်ဖို့အတွက် Settings>Ads>edit ကို နှိပ်ပြီး မမြင်ချင်တဲ့ ကြော်ငြာတွေကို ၀င်ရောက် တည်းဖြတ်နိုင်ပါတယ်။
၂၀// Facebook မှ တဆင့် ငွေပို့ခြင်း
Settings>Payments ကိုဝင်ပြီး debit card ကို ထည့်သွင်းပါ။ ပြီးတာနဲ့ တခြား user ဆီကို Messenger မှတဆင့် ငွေပို့နိုင်ပါတယ်။
၂၁// Birthday Cam (iOS Only)
Facebook feature တွေထဲက တစ်ခုဖြစ်တဲ့ Birthday reminders ဖြစ်ပါ တယ်။ User တွေအနေနဲ့ သူငယ်ချင်းရဲ့ Wall ပေါ်မှာ ၁၅ စက္ကန့်စာ ဗီဒီယို လေးကို တင်ထားနိုင်ဖို့အတွက် ဖေ့စ်ဘွတ်က စီစဉ်ပေးထားပါတယ်။ သူငယ်ချင်း တစ်ယောက်ရဲ့ ပရိုဖိုင်းကို သူ့မွေးနေ့မှာ အလည်သွားတဲ့အခါ ဒီလို ဗီဒီယို birthday wish လုပ်နိုင်မယ့် option ပေးမယ့် banner ကို တွေ့ရမှာ ဖြစ်ပါတယ်။

Credit to ==> Itizen Weekly

No comments:

Post a Comment