Friday, May 13, 2016

♪ Android App တွေရဲ့အထဲမှာပါ အလုပ်လုပ်ပြီဖြစ်တဲ့ Google Translate ♫


Google Translate ကို ယခုအခါ Android App တွေထဲမှာ ပိုမိုလွယ်ကူစွာနဲ့ အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ Google ဟာ Android ဖုန်းတွေမှာ Translate လုပ်လိုတဲ့ စာပိုဒ်ကို Highlight လုပ်လိုက်တာနဲ့ ဘာသာပြန်ပေးနိုင်အောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်အသစ်ကို Tap to Translate လို့ နာမည်ပေးထားပြီး ဒီမနက်ကစပြီး Android အတွက်ထွက်လာမယ့် Google Translate Update ဗားရှင်းမှာ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ Android ဖုန်းတွေထဲက တခြား Apps တွေထဲက နိုင်ငံခြားဘာသာတွေကို Highlight လုပ်လိုက်တာနဲ့ ဘာသာပြန်ပေးမှာဖြစ်ပါတယ်။ Highlight လုပ်လိုက်တဲ့အခါ Google Translate ရဲ့ icon လေးပေါ်လာမှာဖြစ်ပြီး အဲ့ဒါကိုနှိပ်လိုက်ရင် ဘာသာပြန်ထားတဲ့ စာကြောင်းကို ဖတ်နိုင်မှာဖြစ်ပါတယ်။



ဒီလုပ်ဆောင်ချက်ကို မကြာခင်မှာ iOS စက်တွေမှာလည်း
ရရှိနိုင်အောင်ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ
စာပိုဒ်ကို Highlight လုပ်လိုက်တာနဲ့ Chat App, Browser စသည်ဖြင့် ဘယ်လို
App အားလုံးရဲ့ အတွင်းထဲမှာ မဆိုအလုပ်လုပ်မှာဖြစ်တယ်လို့ Google
ကပြောပါတယ်။ Microsoft ကုမ္ပဏီကလည်း ဒီလိုမျိုးအခြေခံလုပ်ဆောင်ချက်တွေ
အားလုံးတူညီတဲ့ Android ဘာသာပြန် App တစ်ခုကို ပြီးခဲ့တဲ့လက
ထုတ်လုပ်ခဲ့ဖူးပေမယ့် သူ့ရဲ့ Translate Option တွေက စာသားတွေကို ဖြတ်တာ၊
ကူးတာ၊ ပြန်ထည့်တာ စတဲ့ Menu တွေကို လုပ်ဆောင်ရလို့ Google ထုတ်လိုက်တဲ့
Highlight လုပ်တာလောက် အဆင်ပြေမှုမရှိပါဘူး။

Google ဟာ Tap to Translate ရဲ့ညီအကို App ဖြစ်တဲ့ Google Translate
Update ကိုလည်းဒီနေ့မှာ ယူဆောင်လာခဲ့ပြီး iOS အတွက် Office Mode
တစ်မျိုးပါဝင်လာခဲ့ပါတယ်။ အဲ့ဒီအပြင် Offline အနေနဲ့ သုံးချင်သူတွေအတွက်
ထည့်သွင်းဖို့ 25MB နေရာလွတ်သာလိုအပ်တော့တာပါ။ တရုတ်နိုင်ငံတွင်းအတွက် iOS
မှာရော Android မှာပါအသုံးပြုနိုင်တဲ့ Word Lens
လုပ်ဆောင်ချက်ကိုလည်းထည့်သွင်းထားခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ
ဖုန်းထဲကကင်မရာနဲ့ ကိုယ်မသိတဲ့ စကားလုံးကိုရိုက်ထားလိုက်တာနဲ့
အထဲမှာဘာသာပြန်ထားတဲ့ ပုံစံနဲ့ မြင်ရမှာဖြစ်ပြီး အလုပ်
လုပ်မလုပ်ဆိုတာမသေချာသေးလို့ တကယ်အလုပ်လုပ်ရင်တော့ အရမ်းကောင်းမွန်တဲ့
လုပ်ဆောင်ချက်တစ်ခု ဖြစ်လာမှာပါ။


Credit to ==> Digital Times

No comments:

Post a Comment