Thursday, January 15, 2015

ဈေးကွက်တွင်းရောက်ရှိလာတော့မဲ့ Samsung Galaxy E7




၂၀၁၅ ခုနှစ်မှာ ရောင်းမယ့် ဟန်းဆက်အမျိုးအစားများဟာ နာမည်ကြီး ကုမ္ပဏီများက ဖြစ်ပါတယ်။ HTC ဆိုလျှင် Desire 826 ကို ထုတ်လုပ်မှာဖြစ်ပြီး၊ Asus ကတော့ Zenfone 2 ကို ရောင်းချပါမယ်။ LG ကတော့ ရှေ့ပိုင်းဖုန်းအကွေးရဲ့ ဒုတိယမျိုးဆက်ကို ထပ်မံမိတ်ဆက်လာခဲ့ပါပြီ။ မည့်သည့် တံဆိပ်တွေ ဘယ်ကဲ့သို့ပင် ဖုန်းအသစ်များ ထုတ်လုပ်ပါစေ။ Samsung ကတော့ ၂ လခြားတစ်ခါလောက် အမြဲတမ်း ဟန်းဆက်အသစ်များကို မိတ်ဆက်လေ့ရှိပါတယ်။


၂၀၁၅ နှစ်သစ်မှာလည်း Samsung က Galaxy E5 နဲ့ E7 ဆိုသည့် ဟန်းဆက်နှစ်မျိုးကို ထုတ်လုပ်ရောင်းချ မှာ ဖြစ်ပါတယ်။ E5 ကတော့ မျက်နှာပြင် အကျုယ်အ၀န်း 5 inches ရှိမှာဖြစ်ပြီး၊ E7 ကတော့ 5.5 inches ကျယ်ဝန်းသော မျက်နှာပြင်ကို ပိုင်ဆိုင်ထားပါတယ်။ pixels ပမာဏထောက်ပံ့ပေးထားမှုကတော့ 720x1280 ဖြစ်ကာ၊ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆဟာ 267ppi ပါ။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 151.3x77.2x7.3 mm ဖြစ်ပါတယ်။


 

ဆင်းကတ်နှစ်ခု ထည့်သွင်းအသုံးပြုနိုင်မယ့် အဆိုပါဖုန်းဟာ ကင်မရာစွမ်းရည်များလည်း ကောင်းမွန်ပါ တယ်။ အဓိကကင်မရာက 13 MP စွမ်းရည်ရှိမှာဖြစ်ပြီး၊ ရှေ့ကင်မရာငယ်ကတော့ 5 MP စွမ်းရည်ပါ။ 1080p စွမ်းရည်ဖြင့် ဗီဒီယို ရိုက်ကူးပါက တစ်စက္ကန့်ကို 30 frames နှုန်းရရှိပါမယ့်။ CPU အမျိုးအစားက Qual Core ဖြစ်ပြီး၊ GPU ကတော့ Adreno 306 ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး၊ Internal Storage ကတော့ 16GB ပါရှိပါမယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 2950 mAh ဖြစ်ပါတယ်။

No comments:

Post a Comment