
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
၎င်းတို့၏ အမှတ်တံဆိပ် အသစ် MPT ဆင်းမ်ကတ် ၁ သန်းကို ယခုနှစ်ဆန်းပိုင်းတွင်
ဈေးကွက်အတွင်း ဆက်လက် ရောင်းချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်
ယခုနှစ်ဆန်းပိုင်းတွင် ဆက်လက်ရောင်းချမည့် ဆင်းမ်ကတ်များအား အများပြည်သူ
အလွယ်တကူ ဝယ်ယူနိုင်စေရန်နှင့် သတ်မှတ်ဈေးနှုန်း ထက် ပိုပေးရသည့်
မှောင်ခိုဈေးကွက်ကိုလည်း ထိန်းချုပ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
MPT အနေဖြင့် ၂၀၁၄၊ စက်တင်ဘာလမှ စတင်၍
ဈေးကွက်အတွင်းသို့ ရာက်ရှိလာခဲ့သည့် ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ် များကို
အရေအတွက် ငါးသန်းကျော် ရောင်း ချပြီးဖြစ်သည်။
internetjournal
No comments:
Post a Comment