Monday, January 12, 2015

Android အတွက် အရမ်းအသုံးဝင်တဲ့ Finger Gesture Software အသစ်


Android ဖုန်းတွေအတွက် အသစ်ထွက်ရှိလာတဲ့ Software လန်းလန်းလေးနဲ့ ဦးဦးမိတ်ဆက်ပေးမယ်နော် သုံးလို့မကောင်းရင် ကြိုက်သလိုပြောနိုင်ပါတယ် အဲ့ဒီ့လောက်ထိ ညွှန်းလို့ကောင်းတာပါ ။
Finger Software ဆိုလို့ S5 တွေ Mate7 တွေမှာတဲ့ Finger Print Scanner တွေကို သတိမရကျနဲကနော် အဲ့လို Software တွေမဟုတ်ပါဘူး အဲ့ဒီ့ Software တွေက Fake တွေပါ ဖုန်းတွေလေးလံတာပဲ အဖတ်တင်ပါတယ်

ဒီဆော့ဝဲလ်လေးက  Gesture Software ကောင်းလေးပါ ။ ဖုန်းကိုလဲမလေးပါဘူး ။ အရမ်းသွက်ပါတယ် Version က 5.1.0 ပါ။

အသုံးပြုနည်း
++++++++

-APK ကိုဒေါင်းလုပ်ဆွဲ/ Install လုပ်ပြီး ဖွင့်လိုက်ပါ။

-Software အသုံးပြုနည်းတွေ ပြပါလိမ့်မယ် ကြည့်ချင်ရင် ကြည့်ပါ မကြည့်ချင်ရင် ညာဘက် အပေါ်ထောင့်က GET STARTD ကိုနှိပ်လိုက်ပါ။

-Software အသုံးပြုတဲ့ မျက်နှာပြင်ကိုရောက်သွားပါပြီ။

-ဘယ်ဘက်ကို ပွတ်ဆွဲလိုက်ရင် အသုံးပြုပုံ Tutorial တွေကို ပြသတဲ့ စာမျက်နှာကိုရောက်သွားပါလိမ့်မယ်။
-Phone Screen ပေါ်မှာ အကြည်ရောင် အလုံးလေးလဲ ပေါ်နေမယ်နော်။

-ဘယ်ဘက်ထောင့်က (+) လေးကိုနှိပ်ပြီး Software ကိုစတင်ပါမယ်။

-ပြီးရင် ညာဘက်ထောင့်က  GET STARTD ကိုနှိပ်လိုက်ပါ။

-Create your gesture အဆင့်ကိုရောက်သွားပါပြီ

-Name နေရာမှာ မိမိ အသုံးပြုမယ့် Software အမည်ဖြစ်ဖြစ် ပေးပါ။

-အောက်က အဖြူကွက်မှာ နှစ်သက်ရာ အက္ခရာကို သတ်မှတ်ပါ။(ဥပမာ - COC GAME ကိုဖွင့်မယ်ဆို C ဖြစ်ဖြစ် ကြိုက်တာသတ်မှတ်ပါ။) အက္ခကို အကြီးအသေးကြိုက်သလိုသတ်မှတ်နိုင်ပါတယ်။

-Next ကိုဆက်နှိပ်ပေးပါ။ အဖြူကွက်မှာ ခုနက သတ်မှတ်ခဲ့တာကို ပြန်ပြီး မှန်/မမှန် စစ်ဆေးတာပါ။ အစကဆွဲခဲ့တဲ့ အတိုင်းပြန်ဆွဲပေးပါ။

-Next ကိုနှိပ်လိုက် ပြီး ဆက်သွားပါ။ (အဖြူကွက်မှာ အရင်အတိုင် ပုံစံတူဆွဲခဲ့ပေးရပါမယ်နော်)

- နောက်ထပ်စာမျက်နှာကို ရောက်သွားပြီး ဘာကို သတ်မှတ်မလဲမေးပါမယ်။

-APK မှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေက ဖုန်းတစ်ခုလုံးကို အားလုံးလုပ်ဆောင်နိုင်ပါတယ်။
-အက္ခရာတစ်ခုကို Function တစ်ခုသာသတ်မှတ်နိုင်မှာဖြစ်ပါတယ်

-Home Key /Back Key / Menu Key /Powe off / Restart / Recovery /စသည့် Function တွေကတော့ Root လိုပါတယ် ကျန်တာတွေကတော့ Root Access မလိုအပ်ပါဘူး။

- အက္ခရာလေးတစ်ခု ဆွဲလိုက်ရုံနဲ့ကြိုက်တဲ့ကသူကိုဖုန်းခေါ်ဆိုနိုင်ခြင်း / Contact ကိုတန်းပြီးကြည့်နိုင်ခြင်း/ Call Log များစစ်ဆေးနိုင်ခြင်း

- အင်တာနက်/ GPS/WIFI/APN Setting/Account /Bluetooth / About Phone/ Keyboard Input Method /Display Setting/ Storage / Manage App Setting / Network Operator/ Sound Setting/ Security Setting/ Action/Quick launch Setting/User dictionary settings / wifi ip setting / Wifi setting/ Wireless setting/ Accessbility settings / Airplane mode settings / All Setting ကို Notification Bar ကို ဆွဲချပြီး ဖွင့်ရန်မလိုခြင်း/ မိမိကြိုက်နှစ်သက်သည့် Website ကို လိပ်စာလေးထည့်ထားပေးယုံနဲ့ Gesture ဖြင့်အလွယ်တကူ ကြည့်နိုင်ခြင်း။

- ဖုန်းကို Recent ရှင်းရန် Home Key / Menu Key ကိုနှိပ်ရန်မလိုပဲ အလွယ်တကူ ရှင်းနိုင်ခြင်း။

-Shortcut များကိုလဲ တိုက်ရိုက် တန်းပြီး ကြည့်ရှနိုင်ခြင်း။

စသည်တို့အပြင် အခြား Feature များလဲပါဝင်ပါတယ်။

** ညာဘက်ထောင့်က အစက်ကလေးသုံးစက်ကိုနှိပ်ပြီး Setting ကို တစ်ချက်ဝင်ပြီး အောက်ပါတို့ကို အမှန်ခြစ်ပြင်ဆင်ပေးပါ)

* Finger Drawer Service 
* Ongoing Service

ပြီးရင် ဘယ်ဘက်ကို ၂ချက် ပွတ်ဆွဲပေးပါ

* Device Administrator ကိုအမှန်ခြစ်ပြီး Activate ကိုနှိပ်ပေးပါ

* Finger Drawer Home ကိုလဲအမှန်ခြစ်ပေးပါ။

အခုဆို အားလုံးပြီးပါပြီ။ Phone ရဲ့ Home Screen မှာ အကြည်ရောင်အလုံးလေးတစ်လုံးလဲရောက်ရှိနိုင်မှာဖြစ်ပါတယ်။

၎င်းကို ဖွင့်ပြီး မိမိသတ်မှတ်ခဲ့သော Gesture ကိုဆွဲကာ စတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။


Software အားပြန်လည် ဖြတ်နည်း
+++++++++++++++++++++++

Software ကိုပြန်လည် ဖြုတ်မည်ဆိုပါက Setting / Security / Device administrators ကိုဝင်ပြီး ထို Software ကို အမှန်ခြစ်ဖြုတ်ကာ Deactivate ပြုလုပ်ပြီးမှသာ ပြန်လည်ဖြတ်နိုင်မည်ဖြစ်ပါသည်။


အားလုံးအဆင်ပြေကြပါစေ .....

ပို့စ်အားကူယူဖော်ပြပါက credit ပေးပါရန်အသိပေးအပ်ပါသည်

ရေးသားသူ - • ဦးဦးအီမို


Download

Download APK from Zippyshare

Download APK from SendSpace

No comments:

Post a Comment