
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်များ ပျက်စီး၍ ပြန်လည် လျှောက်ထားရာတွင် အခမဲ့ သတ်မှတ် ထားသော်လည်း Micro/nano အရွယ်အစားသို့ ပြောင်းလဲ၍ ပျက်စီးပါက ပြန်လည် လျှောက်ထားခပေးရ မည် ဖြစ်ကြောင်း သိရသည်။
ဆင်းမ်ကတ်ပျောက်ဆုံးရာတွင် (သို့မဟုတ်) ပျက်စီးရာတွင် Micro/nano အရွယ်အစားများသို့ ပြောင်းလဲ ရာမှ ပျက်စီးခြင်းကဲ့သို့ သုံးစွဲသူ၏ မှားယွင်းမှုကြောင့် ဖြစ်ပါက ပြန် လည် လျှောက်ထားရန် ၁,၅၀၀ ကျပ် ကျသင့်မည် ဖြစ်ကြောင်း၊ သုံးစွဲသူ၏ အမှားကြောင့် မဟုတ်သော ကတ်ပျက်ခြင်းများအတွက် ပြန် လည် လျှောက်ထားလိုပါက လျှောက် ထားခ ကောက်ခံမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ကြေညာထားသည်။
Internet Journal
www.pyaephyo.com
No comments:
Post a Comment