Saturday, May 30, 2020

လူတော်တော်များများမသိသေးတဲ့ iPhone ကိုကျွမ်းကျင်စွာအသုံးပြုနိုင်မယ့် Tips & Trick 28 ခု (Final Part)


🚨 ဒီ Article ကို Copy ကူးချင်ရင် PHK Knowledge Sharing ကို Credit ပေးကြပါခင်ဗျာ 🚨
အားလုံးပဲ မင်္ဂလာပါ .. ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ iPhone တွေကို ပိုပြီးမြန်မြန်ဆန်ဆန်အသုံးပြုရာမှာ အထောက်အကူပေးတဲ့ Tips & Tricks 28 ခုကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ် ..  ဒီ Article မှာ နောက်ဆုံးအပိုင်းအနေနဲ့ Tips & Tricks 7 ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်
Part 1 ကို ဒီ Link မှာသွားရောက် ဖတ်ရှုနိုင်ပါတယ် – https://www.pyaeheinnkyaw.tech/iphone-tips-and-tricks-first-part/
Part 2 ကို ဒီ Link မှာသွားရောက် ဖတ်ရှုနိုင်ပါတယ် – https://www.pyaeheinnkyaw.tech/iphone-tips-and-tricks-second-part/
Part 3 ကို ဒီ Link မှာသွားရောက် ဖတ်ရှုနိုင်ပါတယ် – https://www.pyaeheinnkyaw.tech/iphone-tips-and-tricks-third-part/

22. Safari မှာ Long Screenshot ရိုက်နည်း

ဒါကတော့ iOS 13 နဲ့အတူပါလာတဲ့ Feature အသစ်ပဲဖြစ်ပါတယ် .. Safari က Website တွေကို Page တခုလုံး Full Screenshot ရိုက်လို့ရတာပါ .. ဒါပေမယ့် Screenshot ဟာ PDF format နဲ့သိမ်းတာဖြစ်လို့ Photos app ထဲကိုရောက်မှာမဟုတ်ပါဘူး .. Files App ထဲကနေ ကိုယ်ကြိုက်တဲ့ Folder ထဲသွားသိမ်းနိုင်ပါတယ် .. အောက်က Video မှာ Full Screenshot ရိုက်နည်းကိုကြည့်နိုင်ပါတယ်
Video Player
00:00
00:47

23. Phone မကိုင်ချင်တဲ့အခါ Message ပို့ပြီး Reject လုပ်မယ်

ဖုန်းလာတဲ့အခါ ဖုန်းချပြီး ကိုယ်မအားသေးကြောင်း Message ပြန်ပို့ရာမှာအသုံးဝင်ပါတယ် .. Settings > Phone > Response with Text မှာ ကိုယ်မအားတဲ့အခါ ဖုန်းဘာလို့ကိုင်မရလဲဆိုတဲ့အကြောင်းလေးတွေထည့်ပေးထားပါ .. ဥပမာ “ကားမောင်းနေတယ်, နောက်မှပြန်ခေါ်လိုက်မယ်” စသဖြင့်ပေါ့ .. အဲ့အခါ ဖုန်းလာရင် Message ကနေ ကိုယ်ကြိုရေးထားတဲ့ Text ကိုနှိပ်ပြီး ဖုန်းချလို့ရပါတယ် .. အောက်က Video မှာလေ့လာနိုင်ပါတယ်
Video Player
00:00
00:15

24. အသံနဲ့တကွ ​Screen Recording လုပ်မယ်

Screen Recording လုပ်နေရင်း ကိုယ်စကားပြောနေတဲ့အသံကိုပါကြားစေချင်ရင် Control Centre က Screen Recording ကို အချိန်ကြာကြာဖိထားလိုက်ရင် (3D Touch or Haptic Touch) အောက်ကပုံလိုမျိုးပေါ်လာပါလိမ့်မယ် .. အဲ့အခါမှာတော့ မြှားပြထားတဲ့အတိုင်း Microphone ကို On ပေးထားလိုက်ပါ

25. WiFi နဲ့ Bluetooth တို့ကိုအလွယ်ကူဆုံးချိတ်ဆက်မယ်

ကျွန်တော်တို့ WiFi, Bluetooth တွေချိတ်ဆက်ဖို့အတွက် Settings ထဲဝင်စရာမလိုပါဘူး .. Control Centre ကနေ WiFi, Bluetooth တို့ကို 3D Touch or Haptic Touch တို့နဲ့ဖိပြီး ချိတ်ဆက်လိုတဲ့ WiFi SSID, Bluetooth Name တို့ကိုနှိပ်ပေးလိုက်ရုံဖြင့်ချိတ်ဆက်နိုင်ပါတယ် .. အောက်က Video မှာကြည့်နိုင်ပါတယ်
Video Player
00:00
00:16

26. Flashlight ကို အလင်း Level အမျိုးမျိုးနဲ့ဖွင့်နည်း

iPhone ကနေ Flashlight ဖွင့်တဲ့အခါ ကိုယ်လိုချင်တဲ့ အလင်း Level ကိုချိန်ညှိုပြီးဖွင့်လို့ရပါတယ် .. Control Centre ကနေ Flashlight ကို 3D Touch or Haptic Touch နဲ့ဖိပြီး အလင်းကို Level 4 မျိုးထိချိန်ညှိုနိုင်ပါတယ် .. အောက်က Video မှာကြည့်နိုင်ပါတယ်
Video Player
00:00
00:10

27. Photos App မှာ ကိုယ်ရှာချင်တဲ့ ဓာတ်ပုံတွေကိုရှာနည်း

Photos App ထဲက Search Bar မှာ ကိုယ်ရှာချင်တဲ့ပုံကိုမြန်မြန်ရှာလို့ရပါတယ် .. ဥပမာ ကြောင်ပုံတွေရှာချင်တယ်ဆို Cat ဆိုပြီးရိုက်ရှာနိုင်သလို နေရာအတိအကျနဲ့လဲရိုက်ရှာနိုင်ပါတယ် .. ဥပမာ ရှမ်းပြည်ကိုခရီးသွားတုန်းကရိုက်ထားတဲ့ပုံတွေပြန်ကြည့်ချင်ရင် Shan လို့သာရိုက်ရှာလိုက်ပါ
Video Player
00:00
00:20

28. အရာဝတ္ထုတွေကို Measure App သုံးပြီးတိုင်းတာခြင်း

ဒီ App ကတော့ iPhone 6s, SE နောက်ပိုင်း Model တွေပဲအသုံးပြုလို့ရမှာဖြစ်ပါတယ် .. Augmented Reality (AR) နည်းပညာကိုအသုံးပြုပြီး အရာဝတ္ထုတွေကိုတိုင်းတာရာမှာအသုံးပြုပါတယ် .. အောက်က Video မှာအသေးစိတ်လေ့လာနိုင်ပါတယ်
Video Player
00:00
00:41
ဒါဆိုရင်တော့ iPhone ကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်မယ့် Tips & Tricks 28 ခုလုံးပြီးသွားပြီးပဲဖြစ်ပါတယ် .. နောက်နေ့တွေမှာလဲ ဒီလိုမျိုးစိတ်ဝင်စားစရာ Content တွေတင်ဆက်ပေးသွားဦးမှာမလို့ PHK Knowledge Sharing ကို Like လုပ်ထားနော်

မူရင်း= https://www.pyaeheinnkyaw.tech/iphone-tips-and-tricks-final-part/

#kolinn




No comments:

Post a Comment