Thursday, May 7, 2020

Banking Password တွေနဲ့ Personal Data တွေကိုခိုးယူနေတဲ့ Android Malware အသစ်


UNICODE
Android OS ကိုအသုံးပြုထားတဲ့ Device တွေရဲ့ Mobile Banking Password 

တွေကိုခိုးယူနိုင်တဲ့အပြင် SMS တွေကိုပါ access လုပ်နိုင်တဲ့ Android Malware 

အသစ်တမျိုးပျံ့နှံ့နေတယ်လို့သိရပါတယ်

အဆိုပါ Malware ကို EventBot လို့ခေါ်ဆိုပြီး Financial app ပေါင်း 200 ကျော်ကို 

ပစ်မှတ်ထားတိုက်ခိုက်ပါတယ် .. Malware ရဲ့ ပစ်မှတ်တွေထဲမှာ 

banking, money transfer services, တွေနဲ့  Paypal Business, Revolut, Barclays, CapitalOne, HSBC, 

Santander, TransferWise, Coinbase တို့လို crypto-currency wallets  

တွေပါ ပါဝင်တယ်လို့သိရပါတယ်

EventBot Malware ဟာ အခုအချိန်မှာ ဖွံ့ဖြိုးဆဲအနေအထားမှာရှိနေတာဖြစ်ပြီး 

အနာဂတ်မှာပိုမိုအင်အားကောင်းလာမယ်လို့ Security Researchers တွေကခန့်မှန်းထားကြပါတယ်

အဆိုပါ Malware ဟာ တရားဝင် App တွေဖြစ်တဲ့ Adobe Flash, Microsoft Word တို့လို App တွေထဲမှာ 

ပုန်းခိုနေတာဖြစ်ပြီး အဆိုပါ Malware ပုန်းခိုနေတဲ့ App ကို Install လုပ်ချိန်မှာတော့ 

သာမန်လိုအပ်တာထက်ပိုတဲ့ Permission ကို တောင်းမှာဖြစ်ပါတယ် ..


သူတောင်းမယ့် Permission တွေကတော့ Phone ရဲ့ Accessibility Settings ကို access လုပ်ဖို့ရယ်, External 

Storage တွေကို Read access လုပ်ဖို့ရယ်, SMS တွေ ပို့ ဒါမှမဟုတ် ဖတ်နိုင်ဖို့ရယ်, malware ကို 

background မှာ run နိုင်ဖို့ရယ်, ဖုန်းဖွင့်ဖွင့်ချင်း malware run နိုင်ဖို့ရယ်စတဲ့ permission တွေပဲဖြစ်ပါတယ် ..

ဒါကြောင့် တတ်နိုင်သလောက် Play Store ကနေပဲ App တွေကို Download လုပ်ဖို့အကြံပေးချင်ပါတယ် ..

 Install လုပ်တဲ့အခါမှာလဲ Permission တွေကို ဂရုတစိုက်ပေးဖို့လိုအပ်ပါလိမ့်မယ်


User အနေနဲ့ သူတောင်းသမျှ Permission တွေပေးလိုက်ပြီးရင်တော့ Malware ဟာ Keylogger 

တစ်ခုလိုလုပ်ဆောင်မှာဖြစ်ပြီး သင့် Lockscreen က PIN Code ကိုပါ သိမ်းဆည်းထားပါလိမ့်မယ် .

. နောက်ပြီး သင့်ဖုန်းကနေ Data တွေအကုန် စုဆောင်းပြီး Encrypt လုပ်ပါတယ် .. နောက်ဆုံးမှာတော့ 


Encrypt လုပ်ထားတဲ့ Data တွေကို Attacker ရဲ့ Server ဆီကိုပြန်လည်ပို့ဆောင်ပေးတာဖြစ်ပါတယ်

ဒါ့အပြင် Malware ဟာ SMS ကို Read/write access ရထားတာကြောင့် 2-factor authentication ကိုပါ 

Bypass လုပ်နိုင်ပါတယ် .. ဒါကြောင့်ပဲ Banking App တွေကနေ ပိုက်ဆံတွေခိုးယူနိုင်တာဖြစ်ပါတယ်

ဒါကြောင့် App တွေသွင်းမယ်ဆိုရင် 3rd party store တွေနဲ့ Official မဟုတ်တဲ့ Website တွေကနေ

သွင်းတာရှောင်ကျဥ်သင့်ပါတယ် .. EventBot malware ဟာ Apple Device တွေမှာတော့

 အလုပ်မလုပ်ပါဘူး

Source : The Hacker News
Photo : GBHackers

#kolinn


ZAWGYI































Source : The Hacker News
Photo : GBHackers

#kolinn
 

No comments:

Post a Comment