Monday, May 18, 2020

Facebook က သင့်ပုံတူ ကာတွန်းတွေ ဖန်တီးနိုင်တဲ့ Avatars ကို ဖြန့်ချိလိုက်ပြီ

 
 
 
 
Facebook က သင်နဲ့တူတဲ့ ကာတွန်းပုံတွေကို ဖန်တီးနိုင်တဲ့ Avatars 
 
လုပ်ဆောင်ချက်ကို အမေရိကန်မှာ ဖြန့်ချိပေးလိုက်ပါပြီ။ သင့်ပုံတူ Avatars 
 
တွေကို Facebook ကွန်းမန့်နဲ့ Messenger မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 
 Facebook ရဲ့ Avatars ဟာ Bitmoji , Apple Memoji တို့နဲ့ တူပါတယ်။
 
 Facebook Avatars ဟာ ကုမ္ပဏီရဲ့ VR Social Platform ဖြစ်တဲ့ Horizon မှာ အရေးပါလာမှာပါ။
 
သင့်ပုံတူ Avatars ဖန်တီးဖို့အတွက် Messenger ဒါမှမဟုတ် Facebook ကွန်းမန့် Box ကို သွားပါ။ 
 
Text Box ဘေးက စတစ်ကာ ခလုတ်ကို နှိပ်ပါ။ ဒီလုပ်ဆောင်ချက်ကို သင့်မှာ သုံးလို့ရပြီဆိုရင် 
 
“ Make Your Avatar” ကို နှိပ်ပါ။ အဲဒီမှာ အသားအရောင်၊ မျက်လုံး၊ နှာခေါင်း ပုံစံ၊ မျက်မှန် 
 
အပါအဝင် Customize လုပ်နိုင်တဲ့ အရာများစွာ ပါပါတယ်။
 
Makeup Option ဟာ လက်ရှိမှာ နည်းနည်းပဲရှိသေးပြီး နောက်ပိုင်းကျရင် ပိုများလာမယ်လို့ ထင်ပါတယ်။ 
 
သင့်မျက်နှာကို ပုံတူ လုပ်ရတာ လွယ်ကူအောင် Mirror Option ကို ပံ့ပိုးပေးထားပြီး 
 
ရှေ့ကင်မရာကနေ သင့်မျက်နှာနဲ့ ကိုယ်ခန္တာကို ပြသပေးမှာပါ။ အဲဒီအတွက် သင့်ပုံတူ 
 
ကာတွန်း ဖန်တီးရတာ ပိုလွယ်လာပါတယ်။ ပြီးရင် သင့် Avatars ကို သိမ်းထားနိုင်ပါတယ်။ 
 
Facebook က တခြားနိုင်ငံတွေမှာ ဖြန့်ချိပေးမယ့် အချိန်ကို မပြောသေးပါဘူး။
 
Ref : tnw
Crd: digitaltimes
 
#kolinn
 
 

No comments:

Post a Comment