Monday, May 4, 2020

ခုတလော သင့် iPhone ဘာကြောင့်ပူနေရတာလဲ? သင့် iPhone တွေမှာ 80% ပြည့်တာနဲ့ အားဆက်မဝင်တဲ့ ပြဿနာဖြစ်နေတာကရော ဘာကြောင့်လဲ ?

အားလုံးပဲမင်္ဂလာပါ .. ဒီနေ့မှာတော့ iOS User တော်တော်များများကြုံတွေ့နေရတဲ့ အခက်အခဲလေး ၂ ခုကို ဖြေရှင်းပေးသွားမှာဖြစ်ပါတယ် .. အဲ့ဒီအခက်အခဲတွေကတော့ ဖုန်းအရမ်းပူတာနဲ့ Battery 80% ပြည့်ရင် အားဆက်မဝင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်
ပထမဆုံးတချက်ဖြစ်တဲ့ ဖုန်းအရမ်းပူတဲ့ ကိစ္စကိုရှင်းလိုက်ကြရအောင် … ခုတလောမြန်မာနိုင်ငံက ဖုန်းတိုင်းပူပါတယ် .. ဘာလို့လဲ ? ရှင်းပါတယ် ရာသီဥတုပူလို့ပါ .. User တော်တော်များများက iOS Update ကြောင့်ဖုန်းပူတယ်လို့ထင်နေတာပါ .. အမှန်တကယ်ကမဟုတ်ပါဘူး .. ကျွန်တော်လဲ ဒီ iOS Update တွေကို Australia နိုင်ငံကနေသုံးနေတာပါပဲ .. ဒီမှာအားလုံးအဆင်ပြေပါတယ်
အဓိက,ကတော့ ရာသီဥတုအရမ်းပူလို့ ဖုန်းလဲအလိုလိုလိုက်ပူတာဖြစ်ပါတယ် .. သင့်ဖုန်းမပူစေချင်ရင် အဲကွန်းခန်းထဲမှာသာသုံးပါ .. Apple အဆိုအရ iPhone တလုံးရဲ့ Operating Temperature ဟာ 0-35°C အတွင်းပဲရှိသင့်တယ်လို့ဆိုပါတယ် … ဆိုလိုတာက 30°C ကျော်တာနဲ့ကို ပူနေပြီလို့သတ်မှတ်လို့ရပါတယ် .. လတ်တလော မြန်မာနိုင်ငံအပူချိန်ကလဲ 37°C နဲ့အထက်မှာရှိပါတယ် .. ဒါကြောင့်ဖုန်းတွေပါလိုက်ပူနေတာပါ
ဖုန်းအပူလွန်ကဲရင် Battery သက်တမ်းပါထိခိုက်တတ်ပါတယ် .. ဒါကြောင့်ဖုန်းပူလာရင် အပူချိန်ကိုအမြန်လျှော့ချနိုင်ဖို့ ပြုလုပ်သင့်ပါတယ် .. ဒုတိယပြဿနာဖြစ်တဲ့ ဖုန်းအားသွင်းရင် 80% ဆို အားဆက်မဝင်တဲ့ပြဿနာဟာလဲ ဒီအပူချိန်နဲ့သက်ဆိုင်ပါတယ်
ဖုန်းအားသွင်းရင် Battery မှာအပူထွက်ပါတယ် .. နဂိုကတည်းကမှ ရာသီဥတုပူလို့ဖုန်းကပူနေတဲ့အချိန် အားပါထပ်သွင်းတော့ အပူလွန်ကဲပြီး ဖုန်း Battery သက်တမ်းကို ဆိုးဆိုးရွားရွားထိခိုက်စေမှာပါ .. ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Apple က Software နဲ့ထိန်းချုပ်ထားတာဖြစ်ပါတယ်
ဖုန်းပူနေတဲ့အချိန် အားသွင်းတဲ့အခါ Battery Percentage တက်မလာတာက ဖုန်း Battery ပျက်တာမဟုတ်ပါဘူး .. အပူချိန်လွန်ကဲမှုမဖြစ်ပေါ်အောင် ထိန်းချုပ်ပေးတဲ့ iOS ရဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ် .. ဖုန်းအေးပြီဆိုမှ အလိုအလျောက်အားပြန်သွင်းပေးပါလိမ့်မယ်
နောက်တခုက Optimized Battery Charging ဆိုတဲ့ Function ကြောင့် 80% မှာရပ်နေတာလဲ ဖြစ်နိုင်ပါတယ် .. Optimized Battery Charging ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ရှင်းပြပေးပါမယ်
iPhone ရဲ့ Machine Learning ဟာ သင်ဖုန်းသုံးတတ်တဲ့အချိန်တွေကိုမှတ်သားထားပါတယ် .. ဥပမာ မနက် ၈ နာရီမှာအိပ်ယာထပြီး ဖုန်းသုံးတတ်တယ်ဆိုပါစို့ .. သင်ညအိပ်လို့ ဖုန်းအားသွင်းတဲ့အခါ အရင်ဆုံး 80% ထိရောက်အောင်သွင်းလိုက်မှာပါ .. ပြီးရင်ရပ်ထားမှာဖြစ်ပါတယ် .. သင်ဟာ မနက် ၈ နာရီမှ ဖုန်းသုံးတတ်တယ်ဆိုတာကို ဖုန်းကသိနေတာဖြစ်လို့ မနက် ၈ နာရီအမှီ 100% သွင်းပေးမှာပါ .. ဒီတော့ Optimized Battery Charging ကြောင့် 80% မှာရပ်နေတာလဲဖြစ်နိုင်ပါတယ်
အကောင်းဆုံးကတော့ ဖုန်းကိုအပူမခံပါနဲ့ .. ဖုန်းပူလာရင်အေးအောင်လုပ်ပါ .. ဥပမာ Cooling Fan သုံးတာမျိုး ဒါမှမဟုတ် အရေးပေါ်အခြေအနေဆိုရင် Tissue ကိုရေစွတ်ပြီး နောက်မှာကပ်ထားတာမျိုးပေါ့ .. ဖုန်းအရမ်းပူလာရင် Battery သက်တမ်းကိုထိခိုက်စေတဲ့အပြင် အားသွင်းတာကိုရပ်ပစ်တာ, Display ကိုမှိန်ပစ်တာ, အင်တာနက်လိုင်းမကောင်းတော့တာ, ကင်မရာ flash မီးဖွင့်မရတော့တာ, ဖုန်း performance ကိုလျော့ချပစ်တာ (ဒီအချိန်မှာ ဂိမ်းသွားဆော့ရင်ထစ်နေမှာပါ) စတာတွေပါဖြစ်တတ်ပါတယ်
ကျွန်တော်အခုပြောထားတွေအကုန်လုံးက လျှောက်ပြောနေတာမဟုတ်ပါဘူး ..  Apple ကိုယ်တိုင်ကိုက ပြောထားတာဖြစ်ပါတယ် .. မယုံရင် ပေးထားတဲ့ Link တွေမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်
ဒါကြောင့် ဖုန်းကိုမပူအောင်ထားခြင်းအားဖြင့် မိမိဖုန်းသက်တမ်းကိုကြာရှည်အောင်ပြုလုပ်ပါလို့ အကြံပေးရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတော့မယ် .. အားလုံးပဲ လက်ကိုပုံမှန်ဆေးကြဖို့ မမေ့နဲ့နော် <33 ..
ZAWGYI
အားလုံးပဲမဂၤလာပါ .. ဒီေန႔မွာေတာ့ iOS User ေတာ္ေတာ္မ်ားမ်ားႀကဳံေတြ႕ေနရတဲ့ အခက္အခဲေလး ၂ ခုကို ေျဖရွင္းေပးသြားမွာျဖစ္ပါတယ္ .. အဲ့ဒီအခက္အခဲေတြကေတာ့ ဖုန္းအရမ္းပူတာနဲ႔ Battery 80% ျပည့္ရင္ အားဆက္မဝင္တဲ့ ျပႆနာေတြပဲျဖစ္ပါတယ္
ပထမဆုံးတခ်က္ျဖစ္တဲ့ ဖုန္းအရမ္းပူတဲ့ ကိစၥကိုရွင္းလိုက္ၾကရေအာင္ … ခုတေလာျမန္မာႏိုင္ငံက ဖုန္းတိုင္းပူပါတယ္ .. ဘာလို႔လဲ ? ရွင္းပါတယ္ ရာသီဥတုပူလို႔ပါ .. User ေတာ္ေတာ္မ်ားမ်ားက iOS Update ေၾကာင့္ဖုန္းပူတယ္လို႔ထင္ေနတာပါ .. အမွန္တကယ္ကမဟုတ္ပါဘူး .. ကြၽန္ေတာ္လဲ ဒီ iOS Update ေတြကို Australia ႏိုင္ငံကေနသုံးေနတာပါပဲ .. ဒီမွာအားလုံးအဆင္ေျပပါတယ္
အဓိက,ကေတာ့ ရာသီဥတုအရမ္းပူလို႔ ဖုန္းလဲအလိုလိုလိုက္ပူတာျဖစ္ပါတယ္ .. သင့္ဖုန္းမပူေစခ်င္ရင္ အဲကြန္းခန္းထဲမွာသာသုံးပါ .. Apple အဆိုအရ iPhone တလုံးရဲ႕ Operating Temperature ဟာ 0-35°C အတြင္းပဲရွိသင့္တယ္လို႔ဆိုပါတယ္ … ဆိုလိုတာက 30°C ေက်ာ္တာနဲ႔ကို ပူေနၿပီလို႔သတ္မွတ္လို႔ရပါတယ္ .. လတ္တေလာ ျမန္မာႏိုင္ငံအပူခ်ိန္ကလဲ 37°C နဲ႔အထက္မွာရွိပါတယ္ .. ဒါေၾကာင့္ဖုန္းေတြပါလိုက္ပူေနတာပါ
ဖုန္းအပူလြန္ကဲရင္ Battery သက္တမ္းပါထိခိုက္တတ္ပါတယ္ .. ဒါေၾကာင့္ဖုန္းပူလာရင္ အပူခ်ိန္ကိုအျမန္ေလွ်ာ့ခ်ႏိုင္ဖို႔ ျပဳလုပ္သင့္ပါတယ္ .. ဒုတိယျပႆနာျဖစ္တဲ့ ဖုန္းအားသြင္းရင္ 80% ဆို အားဆက္မဝင္တဲ့ျပႆနာဟာလဲ ဒီအပူခ်ိန္နဲ႔သက္ဆိုင္ပါတယ္
ဖုန္းအားသြင္းရင္ Battery မွာအပူထြက္ပါတယ္ .. နဂိုကတည္းကမွ ရာသီဥတုပူလို႔ဖုန္းကပူေနတဲ့အခ်ိန္ အားပါထပ္သြင္းေတာ့ အပူလြန္ကဲၿပီး ဖုန္း Battery သက္တမ္းကို ဆိုးဆိုး႐ြား႐ြားထိခိုက္ေစမွာပါ .. ဒီျပႆနာကို ေျဖရွင္းဖို႔အတြက္ Apple က Software နဲ႔ထိန္းခ်ဳပ္ထားတာျဖစ္ပါတယ္
ဖုန္းပူေနတဲ့အခ်ိန္ အားသြင္းတဲ့အခါ Battery Percentage တက္မလာတာက ဖုန္း Battery ပ်က္တာမဟုတ္ပါဘူး .. အပူခ်ိန္လြန္ကဲမႈမျဖစ္ေပၚေအာင္ ထိန္းခ်ဳပ္ေပးတဲ့ iOS ရဲ႕နည္းပညာတစ္ခုပဲျဖစ္ပါတယ္ .. ဖုန္းေအးၿပီဆိုမွ အလိုအေလ်ာက္အားျပန္သြင္းေပးပါလိမ့္မယ္
ေနာက္တခုက Optimized Battery Charging ဆိုတဲ့ Function ေၾကာင့္ 80% မွာရပ္ေနတာလဲ ျဖစ္ႏိုင္ပါတယ္ .. Optimized Battery Charging ဘယ္လိုအလုပ္လုပ္သလဲဆိုတာကို ရွင္းျပေပးပါမယ္
iPhone ရဲ႕ Machine Learning ဟာ သင္ဖုန္းသုံးတတ္တဲ့အခ်ိန္ေတြကိုမွတ္သားထားပါတယ္ .. ဥပမာ မနက္ ၈ နာရီမွာအိပ္ယာထၿပီး ဖုန္းသုံးတတ္တယ္ဆိုပါစို႔ .. သင္ညအိပ္လို႔ ဖုန္းအားသြင္းတဲ့အခါ အရင္ဆုံး 80% ထိေရာက္ေအာင္သြင္းလိုက္မွာပါ .. ၿပီးရင္ရပ္ထားမွာျဖစ္ပါတယ္ .. သင္ဟာ မနက္ ၈ နာရီမွ ဖုန္းသုံးတတ္တယ္ဆိုတာကို ဖုန္းကသိေနတာျဖစ္လို႔ မနက္ ၈ နာရီအမွီ 100% သြင္းေပးမွာပါ .. ဒီေတာ့ Optimized Battery Charging ေၾကာင့္ 80% မွာရပ္ေနတာလဲျဖစ္ႏိုင္ပါတယ္
အေကာင္းဆုံးကေတာ့ ဖုန္းကိုအပူမခံပါနဲ႔ .. ဖုန္းပူလာရင္ေအးေအာင္လုပ္ပါ .. ဥပမာ Cooling Fan သုံးတာမ်ိဳး ဒါမွမဟုတ္ အေရးေပၚအေျခအေနဆိုရင္ Tissue ကိုေရစြတ္ၿပီး ေနာက္မွာကပ္ထားတာမ်ိဳးေပါ့ .. ဖုန္းအရမ္းပူလာရင္ Battery သက္တမ္းကိုထိခိုက္ေစတဲ့အျပင္ အားသြင္းတာကိုရပ္ပစ္တာ, Display ကိုမွိန္ပစ္တာ, အင္တာနက္လိုင္းမေကာင္းေတာ့တာ, ကင္မရာ flash မီးဖြင့္မရေတာ့တာ, ဖုန္း performance ကိုေလ်ာ့ခ်ပစ္တာ (ဒီအခ်ိန္မွာ ဂိမ္းသြားေဆာ့ရင္ထစ္ေနမွာပါ) စတာေတြပါျဖစ္တတ္ပါတယ္
ကြၽန္ေတာ္အခုေျပာထားေတြအကုန္လုံးက ေလွ်ာက္ေျပာေနတာမဟုတ္ပါဘူး .. Apple ကိုယ္တိုင္ကိုက ေျပာထားတာျဖစ္ပါတယ္ .. မယုံရင္ ေပးထားတဲ့ Link ေတြမွာသြားေရာက္ဖတ္ရႈႏိုင္ပါတယ္
ဒါေၾကာင့္ ဖုန္းကိုမပူေအာင္ထားျခင္းအားျဖင့္ မိမိဖုန္းသက္တမ္းကိုၾကာရွည္ေအာင္ျပဳလုပ္ပါလို႔ အႀကံေပးရင္းနဲ႔ပဲ နိဂုံးခ်ဳပ္လိုက္ပါေတာ့မယ္ .. အားလုံးပဲ လက္ကိုပုံမွန္ေဆးၾကဖို႔ မေမ့နဲ႔ေနာ္ <33 ..



No comments:

Post a Comment