AIS Pro (Lava Iris 708) ဟာ နည်းပညာမြင့်မားပြီး 2G,3G network
နှစ်မျိုးစလုံးမှာ Dual-SIM အသုံးပြုနိုင်မှာဖြစ်ပါတယ်။ MPT,Ooredoo,
Telenor SIM Card အားလုံးနဲ့ ကိုက်ညီမှုရှိပြီး ဈေးနှုန်းချိုသာတဲ့
စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
4.5 လက်မ qHD display အမျိုးအစားဖြစ်ပြီး IPS screen ကို သုံးထားတဲ့အတွက် ရုပ်ထွက် အထူးကောင်း မွန်ပါတယ်။ Black screen swipe gester နဲ့ user creative gesture feature တို့ပါဝင်တာကြောင့် ဖုန်းရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပြသနေပါတယ်။ Android version ဟာ 4.4.2 (KitKat) ဖြစ်ပြီး Star OS (Android based) ကို အသုံးပြုထားတာကြောင့် UI မှာ အခြားဖုန်းများထက် ဆွဲဆောင်မှုရှိပါတယ်။ ဖုန်းရဲ့ အဓိကကင်မရာ 8MP ပါဝင်ပြီး ရှေ့ဘက်ကင်မရာမှာ 5MP ဖြစ်ပါတယ်။
ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းအတွက် Quad-core 1.3 GHz processor ပါဝင်ပြီး RAM 1GB အပြည့် သုံးစွဲနိုင်ပါတယ်။ 8GB memory ပါဝင်ပြီး 64GB အထိ ထပ်မံတိုးချဲ့အသုံးပြုနိုင်ပါတယ်။ ဖုန်းအတွက် battery 2000mAh ကို ပံ့ပိုးပေးထားပါတယ။် ထိုင်းနိုင်ငံမှ တင်သွင်းပြီး warranty အနေနဲ့ one to one exchange ရမှာ ဖြစ်ပါတယ်။

Credit : Net Guide Journal
Ref:Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း
No comments:
Post a Comment