Thursday, September 4, 2014

Samsung က မျက်နှာပြင် နှစ်ခုပါသော Galaxy Note Edge ကို ကြေညာ

♪ Samsung က မျက်နှာပြင် နှစ်ခုပါသော Galaxy Note Edge ကို ကြေညာ ♫

Samsung က မျက်နှာပြင် နှစ်ခုပါသော Galaxy Note Edge ကို ကြေညာလိုက်ပါသည်။ ဒုတိယ မျက်နှာပြင်ကို စမတ်ဖုန်း၏ ညာဘက်ဘေးတွင် တပ်ဆင်ထားခြင်း ဖြစ်ပါသည်။

Galaxy Note Edge သည် အတွင်းပိုင်းတွင် Galaxy Note 4 ကို အခြေခံ ပြုလုပ်ထားပါသည်။ ညာဘက် မျက်နှာပြင်တွင် 160 Pixels ပါရှိသည့်အတွက် Resolution မှာ 1600x2560 အထိ တိုးမြင့်သွားပါသည်။ စမတ်ဖုန်းကို Lock ပြုလုပ်ထားချိန်တွင် ဘေးဘက်မျက်နှာပြင်တွင် အချိန်နှင့် Notification များကိုပြသပေး မည် ဖြစ်သည်။ မျက်နှာပြင်ကို Wake ပြုလုပ်လျှင် ဘေးဘက်မျက်နှာပြင်သည် အချိန်၊ Flashlight Shortcuts နှင့် ပေတံများ အပါအ၀င် စွမ်းဆောင်ချက်များစွာအတွက် Notification များကို ပြသပေး မည် ဖြစ်သည်။

ဖုန်းကို Unlock ပြုလုပ်လိုက်လျှင် ဘေးဘက်မျက်နှာပြင်တွင် စွမ်းဆောင်ချက်များစွာ ပေါ်ထွက် လာမည် ဖြစ်သည်။ အလွယ်တကူ အသုံးပြုနိုင်ရန် App များကို ဘေးဘက်မျက်နှာပြင်တွင် ထားရှိနိုင်သကဲ့သို့ Twitter Feed များနှင့် စတော့ ဈေးကွက် စသည့် သတင်းအချက်အလက်များကို ပြသပေးမည် ဖြစ်သည်။ Screen များစွာကို ပြောင်းလဲနိုင်ပြီး Multitasking ပြုလုပ်ရန် အဆင်ပြေစေပါသည်။



ကင်မရာနှင့် ဗီဒီယို ပလေယာကို ထိန်းချုပ်သည့် ခလုတ်များကို ဘေးဘက်မျက်နှာပြင်တွင် ပြသပေး မည် ဖြစ်သည်။ Samsung က သူ၏ ဘေးဘက်မျက်နှာပြင်ကို အသုံးချနိုင်သော App များ၊ စွမ်းဆောင်ချက်များ ဖန်တီးနိုင်ရန် Developer များအတွက် API ကို ဖြန့်ချီပေးမည် ဖြစ်သည်။ 



Specification အပိုင်းတွင် Galaxy Note Edge သည် Galaxy Note 4 နှင့် တူညီပါသည်။ Note Edge တွင် ၅.၆ လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားပြီး Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ 3GB RAM, 32 or 64 GB Internal Storage ပါရှိပါသည်။ 64GB အထိ ၀င်ဆန့်သော MicroSD Card အသုံးပြုနိုင်ပါသည်။ Qualcomm Snapdragon 805 သို့မဟုတ် Exynos 5433 Chipset နှစ်မျိုး ရွေးချယ်နိုင်ပါသည်။ အနောက်ဘက်တွင် Optical Image Stabilization နည်းပညာပါသော 16MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 3.7MP Camera ပါရှိပါသည်။ Android 4.4.4 KitKat ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ S Pen ပါရှိပါသည်။ 3000mAh Battery တပ်ဆင်ထားပါသည်။ Fingerprint Sensor , Heart Rate Monitor များပါရှိပါသည်။

Myanmar Digital Life Journal

No comments:

Post a Comment