Tuesday, August 26, 2014

♪ Viber ကို ကျင်လည်စွာ အသုံးချနိုင်မယ့် နည်းလမ်းများ ♫



1509016_369802426502790_3694559637997649882_n
Viber ဟာ မြန်မာပြည်မှာ လူသုံးအများဆုံး Messenger များထဲမှ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ လူသုံးအများဆုံး ဆိုတဲ့ အားသာချက်က သင့်မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု အားလုံးနဲ့ ဆက်သွယ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် Viber ကို ကျင်လည်စွာ အသုံးချနိုင်မယ့် နည်းလမ်းများကို တင်ပြလိုက်ပါတယ်။

Viber ကို Device နှစ်ခုမှာ အသုံးပြုပါ။

Viber Version 4 မှာ ထည့်သွင်းပေးလိုက်တဲ့ စွမ်းဆောင်ချက်များထဲမှ အကောင်းဆုံးက Viber ကို Device တစ်ခုထက်ပိုပြီး အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် Viber ကို သင့်ဖုန်းမှာသာမက တက်ဘလက်နဲ့ ကွန်ပြူတာမှာပါ သုံးနိုင်ပါပြီ။ ဒါ့အပြင် Update အသစ်ဟာ တက်ဘလက်များမှာ အသုံးပြုလို့ အဆင်ပြေအောင် ပြုလုပ်ပေးထားတာပါ။ Viber ကို Device နှစ်ခုမှာ အသုံးပြုဖို့အတွက် ပထမဆုံး ဖုန်းမှာ အရင် အင်စတော လုပ်ထားရပါမယ်။ Activation Code ပေးပို့လာရင် ရိုက်ထည့်ပေးရပါမယ်။ နောက်အဆင့်အနေနဲ့ ဒုတိယ Device မှာ အင်စတောလုပ်ပါ။ Activation Code ကို ဖုန်းကို ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီ Activation Code ကို ဒုတိယ Device မှာ ရိုက်ထည့်ပေးရပါမယ်။

အခမဲ့ စတစ်ကာများ ရယူပါ။

Viber ရဲ့ စတစ်ကာ စတိုးမှာ စတစ်ကာ အသစ်ထောင်ဂဏန်းရှိပါတယ်။ အဲဒီ စတစ်ကာများထဲမှာ အခမဲ့ ရယူနိုင်တဲ့ စတစ်ကာများစွာလည်း ရှိပါတယ်။ Viber ရဲ့ စတစ်ကာ စတိုးထဲမှာ အခမဲ့ စတစ်ကာများကို ဒေါင်းလုပ် ရယူနိုင်သလို Google Play Store ထဲမှာလည်း Viber Sticker App များကို အခမဲ့ ဖြစ်စေ၊ အခပေးပြီး ဖြစ်စေ ဒေါင်းလုပ် ရယူနိုင်ပါတယ်။ အကောင်းဆုံးက စတစ်ကာ အများစုဟာ Viber ရဲ့ ပလက်ဖောင်းများစွာမှာ အလုပ်လုပ်ပါတယ်။

Push-to-Talk ကို သုံးပါ။

၁၅ စက္ကန့်ကြာ Voice Message တစ်ခုကို Record , Send, Download , Play ပြုလုပ်ဖို့ အချိန် တစ်မိနစ်လောက်ကြာပါတယ်။ Viber ရဲ့ Push-to-Talk Feature ကိုသုံးရင်တော့ လျှင်မြန်စွာ Voice Message များပေးပို့နိုင်မှာပါ။ Push-to-Talk က သင့်ဖုန်းကို Walkie-Talkie အဖြစ် အသုံးပြုလို့ရစေမှာ ဖြစ်ပါတယ်။ ခလုတ်ကို နှိပ်ရင် Record, Send, Play လုပ်တာကို တစ်ပြိုင်နက် ပြုလုပ်ပေးပါလိမ့်မယ်။ ဒါမှသာ အချိန်နဲ့ တစ်ပြေးညီ ပေးပို့နိုင်တဲ့ Instant Messaging အစစ်ဖြစ်ပါတယ်။
Push-to-Talk ကို အသုံးပြုဖို့ Conversation တစ်ခုရဲ့ ညာဘက်အောက်ထောင့်မှာ ရှိတဲ့ မိုက်ကရိုဖုန်း ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် Hold & Talk ဆိုတဲ့ ခလုတ် အကြီး ပေါ်လာမှာပါ။ ခလုတ်ကို ဖိထားပြီး Voice Message များပေးပို့နိုင်ပါတယ်။ သင့်ရဲ့ စကားပြောဖော်ကလည်း Hold & Talk Mode ထဲမှာ ရှိနေရင် သင်ပေးပို့လိုက်တဲ့ Voice Message များဟာ တစ်ဖက်မှာ အလိုအလျှောက် Play လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် သင်ပေးပို့လိုက်တဲ့ Voice Message များဟာ Recording အနေနဲ့ တစ်ဖက်လူဆီ ရောက်ရှိမှာပါ။ စက္ကန့်သုံးဆယ်ကြာ Voice Message များ ပေးပို့ ရယူနိုင်ပါတယ်။

Background ကို အလှဆင်ပါ။

သင့် Conversation များရဲ့ နောက်ခံ Background ဟာ ရိုးရှင်းနေရင်တော့ အမြင်ဆန်းသစ်တဲ့ Background လှလှလေးတွေကို ပြောင်းလဲ သုံးနိုင်ပါတယ်။ Settings ထဲမှ Default Background မှာ Viber ရဲ့ Background လှလှလေးတွေကို ပြောင်းလဲ အသုံးပြုနိုင်သလို Picture Icon ကို နှိပ်ပြီး Gallery ထဲမှ ဓါတ်ပုံများကို Background အဖြစ်သုံးနိုင်ပါတယ်။ ကင်မရာ အိုင်ကွန်ကို နှိပ်ရင်တော့ ချက်ချင်း ဓါတ်ပုံရိုက်ပြီး Background အဖြစ်သုံးနိုင်မှာပါ။ ညာဘက်အပေါ်ထောင့်မှ အစက်သုံးစက်ကို နှိပ်ပြီး Default Background ကို ပြန်လည် အသုံးပြုနိုင်ပါတယ်။ Conversation တစ်ခုအတွက် နှစ်သက်ရာ Background ကို ရွေးချယ်နိုင်ပါတယ်။ ညာဘက်ကနေ ဘယ်ဘက်ကို ပွတ်ဆွဲပြီး အဲဒီ Conversation အတွက်မှာသာ အသုံးပြုမယ့် Background ကို ရွေးချယ်နိုင်ပါတယ်။

Viber အသုံးမပြုသူများသို့ ဖုန်းခေါ်ဆိုပါ။

မိတ်ဆုံစားပွဲတစ်ခုမှာ သူငယ်ချင်းများစွာရဲ့ ဖုန်းနံပါတ် အသစ်များကို Contact မှာ မှတ်သားပြီးပြီဆိုရင် Viber မှာလည်း ထည့်သွင်းပေးဖို့ Viber App ရဲ့ ညာဘက်အောက်ထောင့်မှ Menu ကို နှိပ်ပြီး Update Contacts ကို နှိပ်ပါ။ ဒါဆိုရင် Viber အသုံးပြုတဲ့ Contact အသစ်များကို သင့်ရဲ့ Viber Contact မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Viber မှာ လူတစ်ရာအထိ Group Chat ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက် ပါရှိလာပါတယ်။ တစ်စုံတစ်ယောက်က Viber ကို စတင်အသုံးပြုရင် သိနိုင်ဖို့ Notification သတ်မှတ်ထားနိုင်ပါတယ်။ သင့်ရဲ့ Viber Account ကို Facebook , Twitter တို့နဲ့ ချိတ်ဆက်ထားနိုင်ပါတယ်။ Viber အသုံးပြုခြင်း မရှိတဲ့ သူငယ်ချင်းများထံသို့ ဖုန်းခေါ်ဆိုနိုင်တဲ့ Viber Out ၀န်ဆောင်မှုကို အခပေးပြီး အသုံးပြုနိုင်ပါပြီ။

Viber ရဲ့ Settings ကို အသုံးပြုပါ။

Viber ရဲ့ Settings များဟာ အခြား ပြိုင်ဖက် Messaging Apps များထက် သာလွန်ကောင်းမွန်နေပါတယ်။ Settings ထဲမှာ Message Preview ကို ပြသပေးဖို့ကနေ Message များကို Popups အနေနဲ့ ပြသပေးဖို့ အထိ ရွေးချယ်နိုင်ပါတယ်။ Message အသစ်ဝင်လာရင် စကရင်ကို Unlock အလိုအလျှောက်လုပ်ပေးဖို့ သတ်မှတ်နိုင်ပါတယ်။ Chat History များကို အီးမေး အဖြစ် ရယူနိုင်တဲ့ ၀န်ဆောင်မှု ပါရှိပါတယ်။ SMS များကို Viber ကနေ အခမဲ့ Reply လုပ်လို့ ရတဲ့ အခြေအနေမှာ Reply လုပ်ခိုင်းနိုင်ပါတယ်။ သင်အွန်လိုင်းမှာ ရှိနေတာကို မသိစေချင်ရင်လည်း Privacy Settings ထဲမှာ ကိုယ်ရောင်ဖျောက်ထားနိုင်ပါတယ်။ တစ်ဖက်သူက ပေးပို့တဲ့ Message ကို သင်မြင်တဲ့အခါမှာ တစ်ဖက်သူမှာ Seen လို့ မပြပေးစေချင်ရင်လည်း Privacy Settings ထဲမှာ ပြုလုပ်နိုင်ပါတယ်။ ဓါတ်ပုံများနဲ့ ဗီဒီယိုများကို အလိုအလျှောက် ဒေါင်းလုပ် ပြုလုပ်ဖို့ သတ်မှတ်နိုင်ပါတယ်။

ဒါဟာ Viber ရဲ့ စွမ်းဆောင်ချက် အားလုံးထဲမှ တစ်ချို့တစ်ဝက်ကို ဖော်ပြပေးလိုက်တာပါ။ နောက်ပိုင်း မှာလည်း Viber ကိုကျင်လည်စွာ အသုံးချနိုင်မယ့် နည်းလမ်းများကို တင်ဆက်ပေးမှာ ဖြစ်ပါ တယ်။ မြန်မာပြည်မှာလူသုံးများတဲ့ Viber မရှိသေးသူများအတွက် ချက်ချင်း အင်စတော လုပ်ပြီး အသုံးပြု သင့်ကြောင်း တင်ပြလိုက်ပါတယ်။


                                                       Myanmar Digital Life Journal 
 
                                            www.pyaephyo.com

No comments:

Post a Comment