Sunday, August 31, 2014

Android သမားတွေအတွက် လုံခြုံရေး အကြံပေးချက်များ


Security Tips for Android Users

Security Tips for Android Users Security Tips for Android Users

1 ) Avoid public WiFi when possible


Public Wifi တွေဟာလှုံခြုံမှုမရှိဘူးလို့ တစ်ထစ်ချပြောတာတော့မဟုတ်ပါဘူး။ကျွန်တော်ဆီမှာ ခေတ်စားလာတော့မယ့် Onlin Banking စနစ်တွေကိုသုံးတော့မယ်ဆို ဒီလို Public Wifi field တွေမှာ အသုံးပြုတာဟာ အန္တရယ်များပါတယ်။ ဒါကြောင့်မိမိအိမ်က ဖုန်းData plan နဲ့သုံးခြင်းက ပိုစိတ်ချရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  public wifi ဆိုတာ လူပေါင်းများစွာသုံးကြတာဖြစ်လို့ စိတ်ချလို့လုံးဝမရပါ..သာမန် အသုံးပြုတာလောက်က ကိစ္စမရှိပေမယ့် Banking စနစ်တွေသုံးမယ်ဆိုရင်တော့ စိတ်မချရပါ။ ကျွန်တော်လည်း cyber security သမားမဟုတ်ပါ။ဒါပေမယ့် သင့်ရဲ့အရေးကြီးအချက်အလက်တွေ အွန်လိုင်းမှာသုံးရ တော့မယ်ဆိုရင် သင့် password တွေဟာ bank's sever ဆီကို ပို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိ private ပေါ်မှာသာလုပ်ဆောင်ခြင်းက အန္တရယ်ကင်းပါတယ်။

2 ) Disable app downloads from unknown sources


ဒီအချက်ကတော့ ကျွန်တော်တို့နိုင်ငံကလူတွေနဲ့သိပ်မကိုက်ပါဘူး။ အပြင်က app တွေဆိုတာကျွန်တော်တို့အတွက်မဖြစ်မနေသုံးကြရပါတယ်။ ဒါကြောင့် unknonwn sources ကို မအွန်ဘဲမထားနိုင်ပါဘူး။ဒါပေမယ့် ဒီရဲ့အကျိုးဆက်တွေကလည်းရှိနေပါတယ်။ Android market က app တွေဟာ တစ်ချိန်လုံးလုံခြုံရေးမြင့်မားစွာစောင့်ကြည့်နေတာဖြစ်ပြီး user တွေကို အနည်းငယ် အနှောက်အယှက်ဖြစ်စေတာနဲ့ မားကက်မှ လုံးဝဖျက်ထုတ်လိုက်ပါတယ်။ဒီတော့. မားကက်မှ တရားဝင်ဒေါင်းလုပ်ယူတဲ့ app တွေဟာ အန္တရယ်မရှိပါဘူး။ဒီလိုမဟုတ်ဘဲအပြင်ကကောင်တွေယူမယ်ဆိုရင်တော့malware အန္တရယ်တွေရှိလာနိုင်ပါတယ်။app နောက်ကွယ်ကထည့်ပေးလိုက်တဲ့ code အချို့ကနေ user အချက်အလက်တွေကိုရယူသွားတာမျိုးတွေပါ။ ဒီတော့ ခြုံပြောရရင်တော့ မားကက်မှ app များကိုသုံးစွဲခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။

3 ) Download an anti-malware app


PC မှာထွက်သမျှ anti malware တိုင်းလိုလို Android version အတွက်ထွက်ရှိကြပါတယ။် ဥပမာ Kaspersky,AVG,Avast and Norton တို့လိုပါ။ ဒါပေမယ့်ဒိကောင်တွေသုံးနေရင်လည်း မိမိဖုန်းRun နဲ့ကိုက်ညီတဲ့ app ကိုရွေးချယ်မှ  အဆင်ပြေတာပါ။ဒါမှမဟုတ်ရင် စက်လေးစေပြန်ပါတယ်။

4 ) Keep all sensitive data behind an extra encryption layer


မိမိအရေးကြီးတဲ့ note တွေကိုဖုန်းမှာထားမယ်ဆိုရင်လည်း encryption လုပ်ထားဖို့ကောင်းပါတယ်။ ဒီလိုလုပ်ပေးနိုင်တဲ့ app တွေအများကြီးပါ။  mSecure oFile Hide Expert တို့လိုမျိုးတွေကိုပြောတာပါ။

5 ) Always Use Chrome browser


Android ဆိုတာ Google ကထုတ်တာပါ။ဒါကြောင့် OS မှာပါလာတဲ့ မူရင်း Browser Chrome ကိုသုံးခြင်းက သင့်ကိုပိုမိုလုံခြုံစေမှာပါ။ မိုဘိုင်းမှာပါတဲ့ chrome က ပိုမို လုံခြုံအောင်ပြုလုပ်ထားတယ်လိုလည်း Google ကဆိုပါတယ်။ ဒါပေမယ့် Google service မပါတဲ့ ဖုန်းတွေမှာတော့ Chrome ကို default ပါမလာပါဘူး

ဒါတွေကတော့ မိမိ android ကို လှုံခြုံစွာ သုံးနိုင်ဖို့အကြံပြုချက်တွေထဲကအချို့ဖြစ်ပါတယ်။ Begineer တွေအတွက် ရည်ရွယ်ထားပါတယ်။
 ဆက်လက်ရေးပါဦးမည်
By Hanwailinn.hanwailinn
Blogging at sayyoethe.blogspot.com
www.facebook.com/hanwailinn.hanwailinn

No comments:

Post a Comment