Thursday, August 28, 2014

မီးလောင်မှု ဖြစ်ပွားနိုင်သည့် laptop ပါဝါကြိုး ၆ သန်းကျော်ကို HP ပြန်လည်သိမ်းဆည်း



အပူလွန်ကဲမှု ဖြစ်ပွားပြီး မီးလောင်နိုင်သောကြောင့် Compaq notebook များ၊ အသေးစား notebook ကွန်ပျူတာများနှင့် docking station များကဲ့သို့ AC adapter ဆက်စပ်ပစ္စည်းများနှင့် ချိတ်ဆက် အသုံးပြုနိုင်သော ပါဝါကြိုး ၆ သန်းကျော်ကို ကမ္ဘာတစ်ဝန်းမှ ပြန်လည်သိမ်းဆည်းသွားမည်ဟု Hewlett-Packard မှ ကြေညာခဲ့သည်။


အဆိုပါ ပါဝါကြိုးကို LS-15 ဟုခေးဆိုပြီး ၎င်းသည် အနက်ရောင်ဖြစ်ကာ AC adapter ၏ အဆုံးတွင် LS-15 ဟု တံဆိပ် ရိုက်နှိပ်ထားသည်။ ၎င်း ပါဝါကြိုးများသည် ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၂ ခုနှစ် ဇွန်လအထိ ထုတ်လုပ်ခဲ့သော HP laptop များနှင့် ဆက်စပ်ပစ္စည်းများတွင် ပါဝင်သည်။


“ံHP က အပူလွန်ကဲမှုကြောင့် အရည်ပျော်ပြီး အသေးစား မီးလောင်မှုဖြစ်ပွားတဲ့ တိုင်ကြားချက် ၂၉ ခုနဲ့ အသေးစား ပျက်စီးဆုံးရှုံးမှု ဖြစ်ပွးတဲ့ တိုင်ကြားချက် ၁၃ ခုကို လက်ခံရရှိခဲ့ပါတယ်” ဟု HP ကုမ္ပဏီမှ ထုတ်ပြန်ပြောကြားခဲ့သည်။


ယခုကဲ့သို့ HP က ပါဝါကြိုးများ ပြန်လည် သိမ်းဆည်းခြင်းသည် ပထမဦးဆုံး အကြိမ် မဟုတ်ပေ။ ၂၀၁၃ ခုနှစ်ကလည်း HP Chromebook 11 ၏ ပါဝါကြိုးသည် အပူလွန်ကဲမှု ဖြစ်ပွားသောကြောင့် ဆိုင်များမှ ပြန်လည်သိမ်းဆည်းခဲ့ရကြောင်း Google နှင့် HP တို့မှ ဝန်ခံပြောကြားခဲ့သည်။ ထို့အပြင် အပူလွန်ကဲမှုကြောင့် ဒဏ်ရာရရှိပြီး ပစ္စည်းဥစ္စာ ဆုံးရှုံးခဲ့ရပြီးနောက် HP notebook ဘက်ထရီများကိုလည်း ပြန်လည် သိမ်းဆည်းခဲ့ရသည်။


HP ကုမ္ပဏီကမူ LS-15 ပါဝါကြိုး သုံးစွဲသူများ အနေဖြင့် ၎င်းတို့ကို သုံးစွဲနေမှုအား ချက်ချင်းရပ်ဆိုင်းပြီး ကုမ္ပဏီနှင့် ဆက်သွယ်ကာ အခမဲ့ လဲလှယ်သင့်ကြာင်း အကြံပြုထားသည်။

Ref: CNET
 Internet Journal

No comments:

Post a Comment