Monday, June 8, 2020

Zoom Cloud Meetings အသုံးပြုနည်း (PC, Mobile)

No photo description available.
Zoom Cloud Meetings App ကို Smartphone တွေအတွက် သက်ဆိုင်ရာ Store များကနေ install ပြုလုပ်နိုင်ပါသည်။
၁။ Computer အတွက် အောက်လင့်မှ ဒေါင်းပြီး install လုပ်ပါ။
Zoom Cloud Meetings ကို နည်းလမ်း ၂မျိုးဖြင့် အသုံးပြုနိုင်ပါသည်။
၁။ တစ်ခြားသူတစ်ယောက် စီစဉ်ထားသည့် Meeting ကို ဝင်ရောက်ချိတ်ဆက် အသုံးပြုနည်း
တစ်ခြားသူတစ်ယောက် စီစဉ်ထားသည့် Meeting ကို ဝင်ရောက်ချိတ်ဆက် အသုံးပြုလိုလျှင် Zoom အကောင့်ရှိရန်မလိုပေ။
Meeting စီစဉ်သူ Host ထံမှ Meeting ID (ဥပမာ - 434 268 4094) နဲ့ Password ကို သိပါက Meeting ကို ဝင်ရောက်ချိတ်ဆက်နိုင်ပါသည်။
၁) Start Zoom ကို ဖွင့်ပါ။ Join a Meeting ကို နှိပ်ပါ။
၂) Enter meeting ID or personal link name နေရာမှာ Meeting ID (ဥပမာ - 434 268 4094) ကို ထည့်ပါ။ အောက်ဘက်မှ Meeting တက်ရောက်သူနေရာမှာ မိမိထားလိုသည့်နာမည်ကို ထားပြီး Join ကို နှိပ်ပါ။
၃) Meeting password ထည့်ပေးပြီး Join Meeting နှိပ်ပါ။ Web Camera သုံးပြီး Meeting တက်လိုလျှင် Join with Video ကို ရွေးရပါမည်။
မိမိရုပ်ကို မမြင်စေလိုလျှင် Join without Video ကို ရွေးနိုင်ပါသည်။ ခဏစောင့်ပေးပါ။ Meeting စီစဉ်သူ Host က Admit နှိပ်လက်ခံလျှင် Meeting ကို ဝင်ရောက်ချိတ်ဆက်သွားပါပြီ။ တစ်ဘက်က Meeting တက်ရောက်နေသူများ ကိုယ့်အသံကိုကြားရအောင် Join with Computer Audio ကိုနှိပ်ပေးရပါမည်။
၂။ Meeting စီစဉ်သူ Host အနေဖြင့် Start Zoom ကို အသုံးပြုနည်း
မိမိက Meeting စီစဉ်သူ Host အနေဖြင့် Start Zoom ကို အသုံးပြုလိုလျှင် Zoom အကောင့်ရှိရပါမည်။
၁) Zoom ကို ဖွင့်ပြီး Sign In ကိုနှိပ်ပါ။
Zoom အကောင့် မရှိလျှင် Sign In with Google ကို နှိပ်ပြီး မိမိရဲ့ Gmail အကောင့်နဲ့ ဝင်နိုင်သလို Sign In with Facebook ကိုနှိပ်ပြီး မိမိရဲ့ Facebook အကောင့်ဖြင့်လည်း ဝင်ရောက်နိုင်ပါသည်။ မွေးသက္ကရာဇ်တောင်းလျှင် ထည့်ပေးရပါမည်။
၂) Zoom Launcher (Launch Zoom) ကို နှိပ်ပြီး ခဏစောင့်ပါ။
Gmail အကောင့်ဖွင့်နည်းကို အောက်လင့်မှာ လေ့လာပါ။
၃) Sign In ဝင်ပြီးလျှင်
Meeting ID နဲ့ Password ကို တက်ရောက်သူများအား ပေးရန် အပေါ်ဘက်က Meetings ထဲ ဝင်ပါ။ Meeting ID (ဂဏန်း ၁၀လုံး) ကို တွေ့ရပါမည်။
ညာဘက်မှ Edit ကို နှိပ်လျှင် Password ကို တွေ့ရပါမည်။ Password ကို ပြောင်းလိုက
ပြောင်းပြီး Save လုပ်ပါ။ Meeting တက်ရောက်မယ့်သူဆီကို အဲဒီ ID နဲ့ Password ကို ပို့ပေးရပါမည်။
၄) အပေါ်ဘက်က Home ကို ဆက်ဝင်ပါ။
Meeting အသစ်စလိုလျှင် New Meeting ကို နှိပ်ပါ။ တစ်ဘက်မှ Meeting တက်ရောက်နေတဲ့သူတွေ မိမိအသံကိုကြားရအောင် Join with Computer Audio ကို နှိပ်ပေးရပါ။
သည်အဆင့် ပြီးပါက Meeting တက်မယ့်သူများ Meeting ID နဲ့ Password ကို သုံးပြီး Meeting ကို ဝင်ရောက်ချိတ်ဆက်နိုင်ပါပြီ။
Meeting ကို ရပ်လိုလျှင် End ကိုနှိပ်ပါ။ Meeting တခုလုံးကို လုံးဝရပ်လိုလျှင် End Meeting for All ကို ထပ်နှိပ်ပါ။ မိမိတစ်ယောက်တည်းပဲ ထွက်သွားလိုလျှင် Leave Meeting ကို နှိပ်ပြီး ထွက်ပါ။
Microphone နဲ့ Camera အပိတ်အဖွင့်လုပ်ခြင်း၊ Microphone နဲ့ Camera ရွေးချယ်ခြင်း၊ Share Screen လုပ်ခြင်း စသည်များကို Camera View အောက် ဘားတန်းပေါ်ကနေ တစ်ဆင့်လုပ်ဆောင်နိုင်ပါသည်။
နည်းပညာနှင့် Full Software များကို ယုံကြည်စွာ ဒေါင်းယူလိုသူများ Page, Group ကို Like, Join, See First လုပ်ပေးထားကြပါ။
အဆင်ပြေကြပါစေ။
 

2 comments:

  1. ေတာင္သမန္သားေလး: Zoom Cloud Meetings အသုံးပြုနည်း (Pc, Mobile) >>>>> Download Now

    >>>>> Download Full

    ေတာင္သမန္သားေလး: Zoom Cloud Meetings အသုံးပြုနည်း (Pc, Mobile) >>>>> Download LINK

    >>>>> Download Now

    ေတာင္သမန္သားေလး: Zoom Cloud Meetings အသုံးပြုနည်း (Pc, Mobile) >>>>> Download Full

    >>>>> Download LINK so

    ReplyDelete